တရုတ်ပြည်တွင် Geely က game-changer ဖြစ်လာမည့် Radar RD6 Super Pickup ကို ချပြကာ ကားလောကတစ်ခုလုံးကို ကိုင်လှုပ်

  • 772 views

d88171cb824ac514310431e00648b8ef.jpg

တရုတ်ပြည်မှ ကားထုတ်လုပ်သူ Geely သည် game-changing ဖြစ်စေမည့် လျှပ်စစ် hybrid pickup မော်ဒယ်သစ်ကို ချပြလာရာ ကမ္ဘာ့ကားလောကတစ်ခုလုံး အုတ်အော်သောင်းတင်း ဂယက်ထသွားသည်။

Geely က ချပြလာသော Radar RD6 Super Pickup တွင် စံချိန်တင် မိုင် ၆၂၀ range ရှိပြီး အမြန်နှုန်း တင်နိုင်စွမ်းမှာလည်း လျှပ်စစ်လက်သည့်သဖွယ်ပင်။ပျော်ပွဲစားထွက်သည့် စခန်းတစ်ခုကို ဓာတ်အားပေးနိုင်မည့် ပလပ်ပေါက် ပါဝင်သည့်အပြင် အခြား EV တစ်စင်းကိုပင် အားသွင်းပေးနိုင်သေးသည်။ကြွားကြွားထည်ထည် ဒီဇိုင်း၊ ပါဝါ performance တို့ကိုကြည့်လျှင် သာမန် ထရပ်တစ်စင်း မဟုတ်ကြောင်း သိနိုင်သည်။
Radar RD6 Super Pickup သည် Geely ၏ ကုမ္ပဏီခွဲဖြစ်သော လျှပ်စစ် ပစ်ကပ်များ ထုတ်လုပ်သည့် Radar Auto မှ ထုတ်လုပ်ခြင်း ဖြစ်သည်။

((1. စံချိန်တင် Range))

■ စုစုပေါင်း မိုင် ၆၂၀ range ရှိ (1.5L range-extending အင်ဂျင်ပါဝင်) ရာ မောင်းနိုင်မည့်ခရီး စိတ်ပူစရာ မရှိချေ။ ထို့ကြောင့် EV အစစ်များထက် လက်တွေ့ပိုကျသည်။
■ Plug-in hybrid (PHEV) စနစ်ဖြစ်သောကြောင့် လျှပ်စစ်အားဖြင့် မောင်းနှင်ချိန်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းမဲ့မည်ဖြစ်ပြီး ခရီးရှည်များအတွက်မူ ဓာတ်ဆီဖြင့် မောင်းနိုင်သည်။

((2. အထင်ကြီးလောက်စရာ Performance))

■ 0-62 mph အမြန်နှုန်းကို ၆ ဒသမ ၅ စက္ကန့်အတွင်း ရသည့် performance မှာ ပစ်ကပ်တစ်စင်းတွင် တွေ့ရလေ့ မရှိသော စွမ်းဆောင်ရည်ဖြစ်ပြီး performance SUV များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
■ Vehicle-to-Load (V2L) စွမ်းဆောင်ရည်ရှိသောကြောင့် လျှပ်စစ်ပစ္စည်းများ အားသွင်းခြင်း၊ ပျော်ပွဲစား ထွက်သည့်စခန်းများကို ဓာတ်အားပေးခြင်း၊ အခြား EV တစ်စင်းကိုပင် အားပြန်သွင်းပေးနိုင်သည့် လျှပ်စစ်အားရှိရာ off-grid အတွက် အလွန်အသုံးဝင်သည်။

((3. ဆီကားများ ကြီးစိုးသော ပစ်ကပ်ဈေးကွက်တွင် သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုအကျိုးပြုမည့် ကားမော်ဒယ်))

■ ပစ်ကပ်တို့သည် အများအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်မားသော ကားများဖြစ်သည်။ RD6 Super ၏ PHEV စနစ်မှာ ဆီကားများနှင့်ယှဉ်လျှင် CO₂ ထုတ်လွှတ်မှုကို ကြီးမားစွာ လျှော့ချပေးနိုင်သည်။
■ MIT ၏ သုတေသနအရ EV များ၏ ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမှာ တစ်မိုင်လျှင် 200g CO₂ ဖြစ်ပြီး ဆီကားများမှာ 350g ဖြစ်သည်။

((4. Geely ၏ မဟာဗျူဟာ))

■ Geely သည် Radar Auto ဟူသော အမှတ်တံဆိပ်ဖြင့် လျှပ်စစ်ပစ်ကပ် နယ်ပယ်တွင် အခိုင်အမာ ခြေချလာ သည်။ လျှပ်စစ်ပစ်ကပ် ကဏ္ဍမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ထုတ်လုပ်မှု နည်းပါးသေးသော ကဏ္ဍ ဖြစ်သည်။

((5. သဘာဝတွင်းထွက်ပစ္စည်း တူးဖော်ထုတ်လုပ်မှု vs. ရေနံတူးဖော်မှု))

ဘက်ထရီများတွင် အသုံးပြုသော တွင်းထွက်ပစ္စည်းများ အကြီးအကျယ်ထုတ်လုပ်နေမှုများကို ဝေဖန်မှုများ ရှိသည်။

■ နှစ်စဉ် ရေနံထုတ်လုပ်မှု = တန်ချိန် ၁၆ ဒသမ ၅ ဘီလီယံ Vs. ဘက်ထရီအတွက် သဘာဝတွင်းထွက်ပစ္စည်း နှစ်စဉ်တူးဖော်မှု= တန်ချိန် သန်း ၃၀
■ ဘက်ထရီများ ပြန်လည်အသုံးပြုနိုင်မှု အခြေအနေနှင့် တွင်းထွက်ပစ္စည်း တူးဖော်မှု ကျင့်ဝတ်များ တိုးတက်လာလျှင်မူ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ဖွယ်ရှိသည်။

((ဈေးကွက် အလားအလာ))

ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဈေးနှုန်းဖြစ်မည်ဆိုပါက RD6 Super ကို ▬
■ စွန့်စားမှု ဝါသနာပါသူများ (V2L နှင့် range ကောင်းခြင်း)
■ ဂေဟဗေဒကို အလေးထားပြီး ထရပ်ကား လိုအပ်သည့် လုပ်ငန်းများ
■ အားသွင်း အခြေခံအဆောက်အအုံ အကန့်အသတ်သာရှိသေးသော နေရာများ (hybrid အားသာချက်)
……က စိတ်ဝင်စားမှုများ ရလာနိုင်သည်။

((ကြိုလင့်နေသော စိန်ခေါ်မှုများ))

■ တရုတ်ပြည်ထုတ် ပစ္စည်းများမှာ ဈေးသက်သက်သာသာဖြင့် ကာလတိုသာ သုံးစွဲနိုင်သည့်ပစ္စည်းများအဖြစ် ကာလတာရှည် သတင်းကြီးခဲ့ရာ အကြမ်းပတမ်းခံနိုင်စွမ်းလိုအပ်သည့် ပစ်ကပ်ကဲ့သို့ ကားမျိုးကို premium အဖြစ် ထုတ်လုပ်မှုမှာ Consumer trust ရရှိရန် စိန်ခေါ်မှု ရှိနေသည်။

■ ဈေးကွက်တွင် ကာလတာရှည်ကြီးစိုးထားသော Ford နှင့် Toyota တို့ကဲ့သို့ ထိပ်သီးများကလည်း လျှပ်စစ်ပစ်ကပ်များ ထုတ်လုပ်လာရာ ဈေးကွက်ယှဉ်ပြိုင်ရေးမှာ ခက်ခဲမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Automaker Geely unveils new 'super' pickup that's unlike anything you've ever seen: 'Not just another vehicle in the market'