- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားထုတ် Perodua Axia မှာ ဘန်ပါနိမ့်လွန်းသောကြောင့် slowdown တစ်ခုကို မကျော်နိုင်ဖြစ်နေပုံ ဗွီဒီယိုဖိုင်တစ်ခုမှာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေ
မလေးရှားထုတ် Perodua Axia မှာ ဘန်ပါနိမ့်လွန်းသောကြောင့် slowdown တစ်ခုကို မကျော်နိုင်ဖြစ်နေပုံ ဗွီဒီယိုဖိုင်တစ်ခုမှာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေ
- 1155 views
မလေးရှားတွင် အဆောက်အအုံတစ်ခု၏ ကားပါကင်နေရာ၌ Perodua Axia တစ်စင်းမှာ slowdown တစ်ခုကို မကျော်နိုင်ဘဲ အခက်ကြုံနေပုံ ရယ်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ယာဉ်မောင်းက slowdown ကို ကျော်နိုင်ရန် ကြိုးစားနေပုံ ဗွီဒီယိုဖိုင်ကို TikTok လူမှုကွန်ရက်တွင် @axiandd ဟူသောအကောင့်က တင်ခဲ့ရာ ဂယက်ရိုက်ပျံ့နှံ့နေသည်။
ကားပိုင်ရှင်က Perodua Axia ၏ suspension ကို နှိမ့်ချထားခြင်းကြောင့် ဘန်ပါမှာ slowdown နှင့် ခြစ်မိနေသည်။
Suspension ကို ချထားခြင်းမှာ ကားဝါသနာအိုးများက အလှအနေဖြင့် modification လုပ်လေ့ရှိသည်။
(မှတ်ချက်။ sporty နှင့် premium ဆန်သည့် ရုပ်ထွက်ရှိစေရန် ထိုသို့ modification လုပ်ကြခြင်းဖြစ်သည်။ အမြန်နှုန်းတင်ချိန်များတွင် တည်ငြိမ်မှု ပိုမိုခံစားရစေသည့်အပြင် လေခွင်းအား ပိုမိုကောင်းမွန်လာစေသည်။ သို့သော် လမ်းကြမ်းလျှင် စီးရသူမှာ မသက်သာချေ။ ယခုဖြစ်ရပ်တွင်ကဲ့သို့ slowdown ကိုပင် ခက်ခဲစွာ ဖြတ်ကျော်ရနိုင်သည်။)
ထိုဖြစ်ရပ်ကို တွေ့ရသူ အမျိုးသားက slowdown ကို ဖြတ်ကျော်နိုင်ရန် ဝိုင်းဝန်းကူညီခဲ့သည်။
နောက်ဆုံးတွင်မူ slowdown ကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ကားပိုင်ရှင်နှင့် ကူညီသူ အမျိုးသားတို့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ကြသည်။
Perodua Axia က slowdown ကို ဖြတ်ကျော်လိုက်ချိန်တွင် ဘန်ပါမှာ လမ်းနှင့် ပွတ်တိုက်မိကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်ပင် ကားတွင် ထိခိုက်ပျက်စီးမှု မရှိခဲ့။
အဆိုပါဗွီဒီယိုမှာ Like ပေးသူ ၃၂၀၄ ဦးနှင့် ကြည့်ရှုမှုအကြိမ်ရေ ၂,၃၂၆,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
ယင်းဖြစ်ရပ်အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးလျက်ရှိရာ လေအိတ်တပ်ဆင်ရန် အကြံပြုမှု များစွာရှိနေသည်။
လေအိတ်စနစ်မှာ ကား၏ အမြင့်ကို ချိန်ညှိမှုများ ပြုလုပ်ပေးနိုင်ရာ အတားအဆီးများ တွေ့ပါက ယာဉ်ကို မြှင့်တင်ပေးနိုင်ပြီး ရုပ်ထွက်အလှနှင့် လေခွင်းအား ကောင်းလိုချိန်တွင် ပြန်လည်နှိမ့်ချထားနိုင်သည်။
“လေအိတ်ပြောင်းသုံးကြည့်ရင်ကော…။ ဒီလိုဖြစ်နေတာ အဆင်ပြေမှာ မဟုတ်ဘူးလေ။ လေအိတ်က ဈေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မလေးရှားက လမ်းတွေက ဒီလိုမောင်းဖို့ မသင့်တော်ပါဘူး” ဟု @ghostlove_1 အမည်ရှိအကောင့်က မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Axia’s lowered bumper scrapes the ground, sparks laughter and advice in viral incidentThis incident serves as a lighthearted reminder of the balance between aesthetics and functionality in vehicle modifications.(thesun)