• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Kia နှင့် Hyundai ထုတ် ကားများ အင်ဂျင်မီးလောင်နိုင်မှုကြောင့် အိမ်နှင့် ဝေးရာတွင် ကားရပ်ကြရန် သက်ဆိုင်ရာ ကုမ္ပဏီများက သတိပေး

Kia နှင့် Hyundai ထုတ် ကားများ အင်ဂျင်မီးလောင်နိုင်မှုကြောင့် အိမ်နှင့် ဝေးရာတွင် ကားရပ်ကြရန် သက်ဆိုင်ရာ ကုမ္ပဏီများက သတိပေး

  • 302 views

 

နာမည်ကြီး ကားကုမ္ပဏီများစွာသည် ၎င်းတို့၏ အမှတ်တံဆိပ် မော်တော်ကားပိုင်ဆိုင်ထားသူများအား မီးဘေးအန္တရာယ် သတိပေးထားပြီး တစ်ချိန်ထဲတွင်ပင် ကားအစင်းရေ သန်းပေါင်းများစွာ ပြန်လည်သိမ်းဆည်းပေးလျက် ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ကားအစင်းရေ ၃ ဒသမ ၅ သန်းနီးပါး ပြန်လည်သိမ်းဆည်းလျက် ရှိသည့်အပြင်  Hyundai နှင့် Kia တို့က ၎င်းတို့၏ ကားပိုင်ဆိုင်ထားသော ကားပိုင်ရှင်များကို အင်ဂျင်မီးလောင်နိုင်မှု အန္တရာယ် ကြောင့် ကားများကို နေအိမ်အဆောက်အအုံနှင့် ဝေးရာ အပြင်ဘက်တွင် ရပ်နားထားရှိကြရန် တိုက်တွန်းထား သည်။

 


(ကားရပ်နားထားစဉ် သို့မဟုတ် မောင်းနှင်နေစဉ်အတွင်း အင်ဂျင်မီးလောင်မှု ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Getty)

 

 

(ကားချွတ်ယွင်းမှုများ ပြန်လည်ပြင်ဆင်ပြီးချိန်အထိ အဆောက်အအုံနှင့် ဝေးရာတွင် ကားရပ်ကြရန် သတိပေး ထားသည်။ ဓာတ်ပုံ-Getty)

 

ပြန်လည်သိမ်းဆည်းသော ကားများတွင် Hyundai ထုတ် Santa Fe SUV နှင့် Kia ထုတ် Sorrento SUV တို့အပါအဝင် ၂၀၁၀ မှ ၂၀၁၉ ခုနှစ်ကြား ထုတ်လုပ်ခဲ့သော ကားများနှင့် SUV မော်ဒယ်များ ပါဝင်သည်။

အမေရိကန်အမျိုးသား အဝေးပြေးလမ်းမ ယာဉ်အသွားအလာ ဘေးကင်းလုံခြုံရေး ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ကားများရှိ anti-lock brake control module မှာ ဆီယိုစိမ့်မှုကြောင့် လျှပ်စစ်ရှော့ ဖြစ်စေကြောင်း ဖော်ပြသည်။

ထိုအချက်ကြောင့် ကားများမှာ ရပ်နားထားချိန် (သို့မဟုတ်) မောင်းနှင်နေချိန်တွင် မီးလောင်မှု ဖြစ်ပွားနိုင်သည်။

ထို့ကြောင့်ပင် အဆိုပါကား အမှတ်တံဆိပ် ပိုင်ဆိုင်ထားသော ကားပိုင်ရှင်များကို ပြင်ဆင်ပြီးချိန်အထိ အဆောက်အအုံနှင့် ဝေးရာတွင် ကားရပ်ရန် သတိပေးထားခြင်း ဖြစ်သည်။

ကားကုမ္ပဏီများက ထိုပြဿနာကြောင့် anti-lock brake fuse ကို အခမဲ့ ပြန်လည် လဲလှယ်ပေးခြင်း ပြုလုပ်လျက် ရှိသည်။

AP သတင်းဌာန၏ ဖော်ပြချက်အရ Kia သည် ကားပိုင်ရှင်များထံ နိုဝင်ဘာလ ၁၄ ရက်တွင် လည်းကောင်း၊ Hyundai က နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း အကြောင်းကြား အသိပေးစာများ ပေးပို့သွားမည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် Kia ကားများ မီးလောင်မှု ဖြစ်ရပ် ၁၀ ခုရှိခဲ့ပြီး Hyundai မှာ ၂၁ ခုရှိခဲ့သည်ဟု ဆိုသည်။

Hyundai ထုတ် ကားများတွင် မီးခိုးထွက်ခြင်း ၊ စက်ပစ္စည်းအစိတ်အပိုင်းများ လောင်ကျွမ်းအရည်ပျော်ခြင်း ၂၂ ကြိမ်လည်း ဖြစ်ပေါ်ခဲ့သည်။

ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ရပ်များမူ မရှိခဲ့ချေ။

ကားများပြန်လည် သိမ်းဆည်းခြင်းမှာ ဖောက်သည်များ ဘေးကင်းလုံခြုံရေးအတွက်သာဖြစ်ကြောင်း Hyundai က ထုတ်ပြန်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  TAKE THEM OUT Millions of drivers warned to park their cars outside as major new fire risk revealed – which models are affected  (the-sun)