- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရှန်ဟိုင်းမြို့တွင် သြဂုတ်လအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ မော်တော်ကား တီထွင်ဆန်းသစ် နည်းပညာ ပြပွဲကြီး (IATW-2025) အကြောင်း
ရှန်ဟိုင်းမြို့တွင် သြဂုတ်လအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ မော်တော်ကား တီထွင်ဆန်းသစ် နည်းပညာ ပြပွဲကြီး (IATW-2025) အကြောင်း
- 1116 views
● ပွဲချိန်-မနက် ၉ နာရီမှ ညနေ ၅ နာရီ (ယေဘုယျ)
● ဝင်ကြေး- ပွဲတက်လေ့လာသူများ အခမဲ့၊ ခင်းကျင်းပြသမည့်သူများ ၁ စတုရန်းမီတာလျှင် ဒေါ်လာ ၄၅၀
● ကြီးမှူးကျင်းပသူ-Info Convention and Exhibition (Shanghai) Co., Ltd
● ခန့်မှန်းပရိသတ်- လေ့လာသူ ၈၀၀၀၀၊ ခင်းကျင်းပြသသူ ၁၂၀၀
● ပွဲအမျိုးအစား-Trade Show
● ပွဲစဉ်များ- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (အခြားသော ပွဲစဉ် Edition ၂ ခုအထက်ရှိသေး)
● ကျင်းပသည့်ကြိမ်နှုန်း- နှစ်စဉ်
ဒသမအကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ကား တီထွင်ဆန်းသစ် နည်းပညာ ရက်သတ္တပတ် (IATW 2025) သည် ကားလောကသားများ ဆုံစည်းရာ ဗဟိုချက် (သို့မဟုတ်) ထိပ်သီးပြပွဲကြီးတစ်ခုဖြစ်ပြီး ပါဝင်ပြသမည့် ကုမ္ပဏီ ၁၂၀၀ ကျော်၊ ပွဲတက်မည့်သူ ၈၀၀၀၀ ကျော်နှင့် ဝယ်လက်အုပ်စု ၂၂၀ ကျော်ရှိနိုင်သည့် ထိပ်သီးပြပွဲကြီး ဖြစ်သည်။
ပြပွဲတွင် new energy ယာဉ်များနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် နည်းပညာများ၊ AI နည်းပညာသုံး system များ၊ အလိုအလျောက် မောင်းနှင်စနစ်များ၊ အလေးချိန် ပိုမိုပေါ့ပါးမည့် ထုတ်ကုန်များ (ဥပမာ-မဂ္ဂနီစီယမ် အလွိုင်း) အစရှိသည်တို့ ပြသမည်ဖြစ်သည်။
ထုတ်ကုန်သစ်များ၊ နည်းပညာသစ်များကို လေ့လာနိုင်မည့်အပြင် အဆက်အသွယ်သစ်များ ရရှိစေနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ရုံမျှမက supply chain အတွက် တီထွင်ဆန်းသစ်သည့် အဖြေများ ရရှိနိုင်သည်။
(ကမကထပြု ကျင်းပသည့် Info Convention and Exhibition ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ Therese tong က ဩဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့်ပွဲဖြစ်ကြောင်း CarsDB သို့ အတည်ပြု ပြောကြားသည်။ ဓာတ်ပုံ-CarsDB)
((Quikc Facts))
■ နောက်ဆုံးပေါ်နည်းပညာ- AI နည်းပညာသုံး EV များ၊ အလိုအလျောက် မောင်းနှင်စနစ်များကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် လေ့လာနိုင်မည်။
■ နိုင်ငံတကာ အဆက်အသွယ်- စီအီးအိုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍမှ ခေါင်းဆောင်များ၊ နိုင်ငံပေါင်း ၃၀ ကျော်မှ မူဝါဒချမှတ်နိုင်သူများနှင့် အဆက်အသွယ်ရနိုင်မည်။
■ သီးသန့် ဆွေးနွေးပွဲများ- သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော စွမ်းအင်၊ V2X communication စနစ်သုံး ယာဉ်များနှင့် smart ထုတ်လုပ်ရေးစနစ်တို့နှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင်လေ့လာနိုင်မည်။
■ Business Partners များနှင့် ထိရောက်စွာ ဆက်သွယ်နိုင်မည့် အခွင့်အလမ်း= မူရင်းထုတ်လုပ်သူများ (ဥပမာ-Tesla, Toyota) ၊ Supplier များ၊ Startup များနှင့် တစ်ဦးချင်း ဆွေးနွေးနိုင်မည့် ဆွေးနွေးပွဲများ (မှတ်ချက်။ decision-maker များ (ဥပမာ-စီအီးအို) နှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်သောကြောင့် အလွန်အကျိုးရှိနိုင်)
► ပွဲကျင်းပမည့်နေရာ- Shanghai New International Expo Centre (SNIEC)
2345 Longyang Rd ShiJi GongYuan Pudong Xinqu Shanghai Shi 201204, China
((ပြပွဲမှာ ဘယ်လို ထုတ်ကုန်/ ဝန်ဆောင်မှုတွေ ပြသမှာလဲ))
ကားထုတ်လုပ်ရေးကဏ္ဍ၊ ကားပစ္စည်းအစိတ်အပိုင်းများ၊ အလိုအလျောက်စနစ် နည်းပညာများနှင့် ဆက်စပ်နည်းပညာများအပါအဝင် မော်တော်ကား ထုတ်ကုန်နှင့် ဝန်ဆောင်မှုများစွာကို ပြသသွားမည် ဖြစ်သည်။
((ပါဝင်ပြသမည့်သူ ဘယ်လောက်ရှိသလဲ))
ရှန်ဟိုင်း နိုင်ငံတကာ ကားလုပ်ငန်း တီထွင်ဆန်းသစ်မှု နည်းပညာ ရက်သတ္တပတ်တွင် ကုမ္ပဏီပေါင်း ၁၂၀၀ ဝန်းကျင် ပါဝင်ပြသမည် ဖြစ်သည်။
((ပါဝင်ပြသမည့် ကုမ္ပဏီတစ်ခု၏ စကားသံ))
“ဟယ်လို..ကျွန်တော့်နာမည် မူဟာမက်ပါ။ Autotek Chrome မှုတ်ဆေးနဲ့ Guardbuck ထုတ်ကုန်တွေကို ထုတ်လုပ်သူဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရည်အသွေးမြင့် ကားပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ပါတယ်။ ၂၀၂၅ ခုနှစ် ရှန်ဟိုင်း IATW မှာ ကျွန်တော်တို့ ပါဝင်ပြသမှာဖြစ်တယ်ဆိုတာ စိတ်လှုပ်ရှားစွာ ကြေညာအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ မော်တော်ကားတွေအတွက် စတိုင်ကျ တာရှည်ခံတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ရှာဖွေနေတယ်ဆိုရင် နေရာမှန်ကို ရောက်လာတာဖြစ်ပါတယ်။ ဒီပြပွဲကြီးမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို လေ့လာနိုင်မယ့် အခွင့်အလမ်း လက်လွတ်မခံပါနဲ့ခင်ဗျာ။”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: All the provided information is sourced from an email CarsDB received. (Shanghai International Automotive Innovation Technology Week 2025)