- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြင်သစ်တွင် ၁၉၉၇ ခုနှစ်ကတည်းက ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းနေသော အမျိုးသားတစ်ဦး အကြောင်း
ပြင်သစ်တွင် ၁၉၉၇ ခုနှစ်ကတည်းက ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းနေသော အမျိုးသားတစ်ဦး အကြောင်း
- 1164 views
ပြင်သစ်နိုင်ငံတွင် သောက်စားမူးယစ်ကာ ကားမောင်းနေသော အမျိုးသားတစ်ဦးကို ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးရာ စစ်ဆေးတွေ့ရှိရလာမှုများအပေါ် များစွာတုန်လှုပ်သွားခဲ့ကြသည်။
ထိုအမျိုးသားသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေသည်မှာ ဆယ်စုနှစ်နှင့်ချီကာ ရှိပြီဖြစ်သည်ကို သိလိုက်ရသည်။ထိုသူ၏ အမည်နာမနှင့် အသက်အရွယ်တို့ကို မသိရချေ။ ၎င်းသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းနေသည်မှာ ၂၈ နှစ်ရှိပြီဖြစ်သည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုံမှန်အတိုင်း ယာဉ်လမ်းကြော စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ယာဉ်ထိန်းရဲက ၎င်းအား တားဆီးစစ်ဆေးခဲ့သည်မှာ အရက်သောက်ထားခြင်းကြောင့်ဖြစ်ပြီး လိုင်စင်စစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် တားဆီးခဲ့ခြင်း မဟုတ်ချေ။
အဘယ်ကြောင့် သက်ဆိုင်ရာမှ သတိမပြုမိဘဲ နှစ်ပေါင်းများစွာ ကားမောင်းနိုင်ခဲ့သည်ကို ယာဉ်ထိန်းရဲတို့က သိလိုနေကြသည်။၎င်းက ပြောသည်မှာ မိမိ၏ လိုင်စင်သက်တမ်းကုန်ခဲ့ပြီးနောက်ပိုင်း အသစ်ပြန်လည်လျှောက်ထားခြင်း မပြုတော့ခြင်းဖြစ်ကြောင်း ပြောသည်။
အဘယ်ကြောင့် လိုင်စင်ပြန်မလျှောက်သည့် အကြောင်းရင်းကို မေးမြန်းရာတွင် ၎င်းက သူ၏ လိုင်စင်ကို expire ဖြစ်သွားသော်လည်း စားသောက်၍ ရနိုင်သေးသည့် ဒိန်ချဉ်နှင့် တင်စားခိုင်းနှိုင်းခဲ့သည်။
ယာဉ်ထိန်းရဲအရာရှိတို့က ၎င်း၏ ကားကို တားဆီးပြီးနောက် ဦးစွာစစ်ဆေးသည်မှာ ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများဖြစ်သည်။သူ၏ ကားမှာ အာမခံ ထားရှိထားခြင်း မရှိသည်ကို တွေ့ရပြီးနောက် ယာဉ်မောင်းလိုင်စင်ကို ဆက်လက်တောင်းခံခဲ့သည်။
Tarare ယာဉ်ထိန်းရဲတပ်ဖွဲ့က Facebook တွင် ရေးသားဖော်ပြခဲ့သည်မှာ “ပထမဆုံး ယာဉ်ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်တော့ ကားက အာမခံ မထားရှိတာ တွေ့ရပါတယ်။ အဲဒီနောက် ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးရမယ့်အချိန်ရောက်လာပါတယ်။ အဲဒီမှာ အံ့သြစရာ တွေ့ရတာပဲ။ ဒီလူဟာ ၁၉၉၇ ခုနှစ်ကတည်းက လိုင်စင်မရှိဘဲ ကားမောင်းနေခဲ့တာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က သတိမထားမိဘဲ နှစ်ပေါင်းများစွာ မည်သို့မည်ပုံ ကားမောင်းနေနိုင်ခဲ့သည်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အံ့အားသင့်လျက်ရှိသည်။အထူးသဖြင့် လမ်းစည်းကမ်းတင်းကြပ်လှသော ပြင်သစ်ကဲ့သို့ နိုင်ငံမျိုးတွင် နှစ်ပေါင်းများစွာ စစ်ဆေးမခံရဘဲ ရှောင်လွှဲနိုင်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်ပင်။
ထိုအမျိုးသားသည် မကြာမီတွင် တရားရုံး၌ အမှုရင်ဆိုင်ရဖွယ်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man drives for 28 years without driver’s licence (freepressjournal)