ထိုင်းနိုင်ငံထုတ် EV များ ပထမဆုံးအကြိမ် ပြည်ပသို့ တင်ပို့ကာ ထိုင်းကားလုပ်ငန်း၏ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ

  • 1126 views

BFYypaq5sVGTuAnF500G.jpg

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ထိုင်းနိုင်ငံထုတ် လျှပ်စစ်ကား အစင်းရေ ၆၆၀ ကို ပထမဆုံးအကြိမ် ပြည်ပသို့ တင်ပို့ကာ ထိုင်းမော်တော်ကားလုပ်ငန်းနယ်ပယ်အတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က အတည်ပြုပြောကြားသည်။

ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းနယ်ပယ်တွင် ထုတ်လုပ်မှု ကျဆင်းခြင်းများ ကာလကြာရှည်ဖြစ်ပေါ်နေပြီး ပြန်လည်တိုးတက်လာမှုမရှိသည့်ကြားမှ ယခုကဲ့သို့ သမိုင်းမှတ်တိုင်ရှိလာခြင်း ဖြစ်သည်။

FTI ၏ Automotive Industry Club မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆူရာပေါင် ပိုင်စစ် ပါတနာပေါင်က ပြောသည်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ထိုင်းတွင် ကားအစင်းရေ ၁၀၄၂၅၀ ထုတ်လုပ်ခဲ့သည်ဟု ဆိုသည်။

ထိုပမာဏမှ မတ်လက ထုတ်လုပ်မှုနှုန်းအောက် ၁၉ ဒသမ ၇၅ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ထုတ်လုပ်မှုအောက် ၀ ဒသမ ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ဧပြီလ ကားထုတ်လုပ်မှုပမာဏမှာ ထိုင်းနိုင်ငံတွင် ၄၄ လတာ ကာလအတွင်း အနည်းပါးဆုံး ထုတ်လုပ်မှုလည်း ဖြစ်ခဲ့သည်။

DwJCMvsx72ISz39zFpnv.jpg

ထိုသို့ ထိုင်းကားလုပ်ငန်းတစ်ခုလုံးကို ခြုံငုံကြည့်မှုတွင် ထုတ်လုပ်မှု ကျဆင်းခြင်းများဖြစ်နေသော်လည်း ဘက်ထရီလျှပ်စစ်ကားများ (BEVs) ၊ Plug-in Hybrid လျှပ်စစ်ကားများ (PHEVs) နှင့် Hybrid လျှပ်စစ်ကားများ (HEVs) တို့ကဲ့သို့ Passenger car နှင့် SUV များ ထုတ်လုပ်မှုပမာဏမှာ ကြီးမားစွာ တိုးတက်ခဲ့ပြီး ၆၃၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၃၁၉ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ၃၅ ဒသမ ၃၁ ရာခိုင်နှုန်းတို့ အသီးသီး မြင့်တက်လာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ICE passenger car များ ထုတ်လုပ်မှုမှာ ၃၃ ဒသမ ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

ထိုသို့ ကျဆင်းသွားမှု၏ ပဓာနအကြောင်းရင်းမှာ Export အတွက် ထုတ်လုပ်သည့် passenger car များ ထုတ်လုပ်မှု ၃၆ ဒသမ ၉၃ ရာခိုင်နှုန်း ကျဆင်းသွားခြင်းအပေါ် အခြေတည်နေသည်။ပစ်ကပ်ထရပ်များ ထုတ်လုပ်မှုမှာလည်း ၃ ဒသမ ၀၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။ထိုင်းတွင် ပစ်ကပ်ထရပ်များ၏ ရောင်းအား ၃၃ ဒသမ ၁၆ ရာခိုင်နှုန်း ကျဆင်းနေသည်။

zarz1xGYUizvarZv6d6X.jpg

၂၀၂၅ ခုနှစ် ပထမ ၄ လတာ ကာလအတွင်း ထိုင်းတွင် စုစုပေါင်း ကားထုတ်လုပ်မှု ပမာဏမှာ အစင်းရေ ၄၅၆၇၄၉ ရှိခဲ့ကာ ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၁ ဒသမ ၉၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ပြည်ပသို့ တင်ပို့ရန် ကားအစင်းရေ ၆၇၀၈၅ စင်းထုတ်လုပ်ခဲ့ရာ စုစုပေါင်း ကားထုတ်လုပ်မှုပမာဏ၏ ၆၄ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအထိ ပြည်ပသို့ ကားအစင်းရေ ၃၀၃၈၈၁ စင်း တင်ပို့ခဲ့ရာ စုစုပေါင်း ထုတ်လုပ်မှု ပမာဏ၏ ၆၆ ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Thailand Makes History : First Electric Vehicles Exported As Auto Industry Faces Headwinds (nationthailand)