Maybach ကို စိန်ခေါ်မည့် Huawei ၏ Maextro S800 luxury မော်ဒယ်ကို မေလ ၃၀ ရက်တွင် စတင်မိတ်ဆက်မည်

  • 1158 views

735359fc1e90483b90a0fe2f7f27a2c6-2-768x433.jpg

Huawei က Harmony Intelligent Driving နည်းပညာဖြင့် ထုတ်လုပ်မည့် flagship luxury ဆီဒင်ဖြစ်သော Maextro S800 ကို ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်တွင် တရားဝင်စတင်မိတ်ဆက်ရန် စီစဉ်ထားသည်။

bc31fe6791fcc1abd96d1f1a500c84f6-768x576.jpg

ဈေးကွက်အဆင့် ရပ်တည်မှုအနေဖြင့် တရုတ်ပြည်၏ အဆင့်အမြင့်ဆုံး large luxury ဆီဒင်ဖြစ်လာမည့် S800 တွင် နောက်ဆုံးပေါ် နည်းပညာများကို ခမ်းနားထည်ဝါသည့် ဒီဇိုင်းဖြင့် ပေါင်းစည်းထားပြီး Mercedes-Maybach S-Class ကဲ့သို့ နိုင်ငံတကာမှ high-end ကားများကို တိုက်ရိုက်စိန်ခေါ်နိုင်ရန် ရည်မှန်းထားသည်။

123.jpg

Huawei နှင့် Nio ၏ contract manufacturer အဖြစ် ဆောင်ရွက်ခဲ့သော JAC တို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် S800 သည် Maextro ၏ ပထမဆုံး production model ဖြစ်ပြီး all-electric နှင့် extended-range (EREV) powertrain များ ရနိုင်သည်။

Dimension မှာ 5480/2000/1536 mm နှင့် wheelbase မှာ 3370 mm ဖြစ်သည်။

7caf9292a359926ace4efc5182033964-1-768x511.jpg

S800 သည် အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိမှုနှင့် driving experience ပိုမိုကောင်းမွန်မှုတို့ ရရှိမည်ဟု အာမခံထားသည်။

Dual-motor, tri-motor နှင့် quad-motor ဟု အမျိုးမျိုးလာပြီး အထွက်အားမှာ မြင်းကောင်ရေ ၄၈၀ မှ ၁၃၀၀ အထိ အမျိုးမျိုးရှိသည်။

image-147-768x576~1.jpg

The EREV version တွင် 65 kWh ဘက်ထရီသုံးထားပြီး 6C fast charging ကို support ပေးသည်။

10% မှ 80% အထိ အားသွင်းရန် ကြာချိန်မှာ ၁၀ ဒသမ ၅ မိနစ် ဖြစ်သည်။
အတွင်းပိုင်း အရောင်ဖွဲ့စည်းမှု ရွေးစရာ ၃ မျိုးရှိပြီး Purple and white, Brown and white နှင့် Full Brown Heritage တို့ ဖြစ်သည်။

6e1ef8b136874cf3a8c3d87eef6943f3.jpg

အတွင်းခန်းတွင် nappa leather, handcrafted wood နှင့် crystal accent များ သုံးထားသည်။

ယခုကားမော်ဒယ်သစ် မိတ်ဆက်မှုတွင် intelligent system ၆ မျိုးကိုလည်း မိတ်ဆက်ပေးလာရာ ကမ္ဘာ့ပထမဆုံး နည်းပညာ ၃ မျိုးလည်း ပါဝင်မည် ဖြစ်သည်။

u798326440261297802fm30app106fjpeg-768x512.jpg

၎င်းတို့မှာ Maextro Turing Chassis Pro (လမ်းအခြေအနေ၊ ကားမြန်နှုန်း၊ စတီယာရင် ကိုင်တွယ်ထားမှု အခြေအနေ၊ ကားပေါ်လိုက်ပါလာသူတို့၏ လှုပ်ရှားမှု အစရှိသည်တို့ကို sensor ဖြင့် အာရုံခံကာ AI နည်းပညာဖြင့် တွက်ချက်ပြီး suspension ကို အလိုအလျောက် ချိန်ညှိပေးခြင်း) ၊ Guardian Angel Safety System (ကင်မရာများ၊ ရေဒါများနှင့် LiDAR တို့ကို သုံးကာ ၃၆၀ ဒီဂရီ အကာအကွယ်ပေးသည့် စနစ်) နှင့် Starlink 5G+ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တို့ ဖြစ်သည်။

b39c30cd0aac4d9abfe1b7b9bf8d0a4d.jpg

6fdc538a1a843c374778741f390517e4-768x495.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Huawei’s Maextro S800 launches May 30: China’s luxury challenger to Maybach   (carnewschina)