Chery က ၂၀၂၅ မော်ဒယ်၊ ၇၀၅ ကီလို range ရှိသော Exeed Exlantix ES ဆီဒင်ကို ဒေါ်လာ ၂၆၃၀၀ ဖြင့် စတင်ရောင်းချပေးလာ

  • 1100 views

1000019134-1-768x572.jpg

Chery ၂၀၂၅ မော်ဒယ် Exlantix ES လျှပ်စစ်ကားကို မေလ ၁၈ ရက်က စတင်ဖြန့်ချိပေးလာသည်။

၇၀၅ ကီလိုနှင့် ၇၁၀ ကီလို range ၂ မျိုး၊ trim ၃ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၈၉၈၀၀ မှ ၂၆၉၈၀၀ ကြား (ကန်ဒေါ်လာ ၂၆၃၀၀ မှ ၃၇၄၀၀ ကြား) ဖြစ်သည်။

1000019122-800x773.jpg

1000019126-800x998.jpg

1000019146-1-800x594.jpg

၂၀၂၅ မော်ဒယ် Exlantix ES ၏ ရုပ်ထွက်မှာ ယခင်မော်ဒယ်နှင့် သိသိသာသာ ခြားနားမှုမရှိ။နှင်းခွဲမီးများမှာ အဖြူရောင် LED ၃၇၂ လုံး၊ အဝါရောင် LED ၃၇၂ လုံးဖြင့် ဖွဲ့စည်းထားပြီး Dimension မှာလည်း ယခင်မော်ဒယ်အတိုင်းဖြစ်ပြီး 4945/1978/1480 (1467) mm နှင့် wheelbase 3000 mm ဖြစ်သည်။ အသားတင် အလေးချိန်မှာ 2080 kg နှင့် 2250 kg ဖြစ်သည်။

1000019148-1-800x616.jpg

1000019144-800x581.jpg

ADAS စနစ်မှာ Chery ၏ Falcon Pilot (Cpilot ဟုလည်းခေါ်) သို့ အဆင့်မြှင့်တင်ထားသည်။ Entry -level trim တွင် millimeter-wave radar ၅ ခု၊ ultrasonic radar ၁၂ ခုနှင့် ကင်မရာ ၁၀ လုံး ပါဝင်သည်။ အခြားသော trim ၂ ခုတွင်မူ roof lidar တစ်ခုနှင့် ရှေ့ကင်မရာ ၂ လုံး ပိုမိုပါဝင်သည်။

 

1000019138-800x552.jpg

 

1000019154-800x521.jpg

Falcon 500 ၏ Standard စွမ်းဆောင်ရည်အနေဖြင့် အဝေးပြေးလမ်းမပေါ်တွင် autopilot စနစ်ဖြင့် မောင်းနိုင်ပြီး traffic sign recognition, adaptive cruise control နှင့် parking assistance တို့ကဲ့သို့ level 2 အဆင့် ADAS စနစ်များ ပါဝင်သည်။Roof lidar ပါသော Trim များတွင်မူ urban navigation ကိုလည်း autopilot (Falcon 700) ဖြင့် support ပေးသည်။

1000019128-768x1063.jpg

 

1000019124-768x779.jpg


((နောက်ယက်- RWD))

● permanent magnet synchronous မော်တာ= ဆွဲအား 230 kW (308 hp) ရုန်းအား 425 Nm

● 0 – 100 km/h အမြန်နှုန်းကို ၅ ဒသမ ၆ စက္ကန့်ဖြင့် ရနိုင်

● အမြင့်ဆုံးမြန်နှုန်း=200 km/h

● CATL ထုတ် 77 kWh ဘက်ထရီ

● CLTC range= ၇၀၅ ကီလို

● CLTC စွမ်းအင်သုံးစွဲနှုန်း = ကီလို ၁၀၀ လျှင် 12.1 kWh

● အမြန်အားသွင်းစနစ်ဖြင့် 30% to 80% အထိကြာချိန်= ၉ မိနစ်

 

1000019136-768x559.jpg

 

((AWD))

●ရှေ့ဘက် asynchronous မော်တာ= ဆွဲအား 123 kW (165 hp)၊ ရုန်းအား 238 Nm

●နောက်ဘက် permanent magnet synchronous မော်တာ= ဆွဲအား 230 kW (308 hp)၊ ရုန်းအား 425 Nm

● 0 – 100 km/h အမြန်နှုန်းရရန် ကြာချိန်= ၃ ဒသမ ၇ စက္ကန့်

● အမြင့်ဆုံးမြန်နှုန်း= 210 km/h

● CATL ထုတ် လီသီယမ်ဘက်ထရီ= 100 kWh

● CLTC range= ကီလို ၇၁၀

● CLTC စွမ်းအင်သုံးစွဲနှုန်း= ကီလို ၁၀၀ လျှင် 14.9 kWh

● အမြန်အားသွင်းစနစ်ဖြင့် 30% to 80% ရရန် ကြာချိန်= ၁၅ မိနစ်

 

1000019132-800x540.jpg

 

1000019140-800x595.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery’s 2025 Exeed Exlantix ES all-electric sedan with 705 km range launched at 26,300 km (carnewschina)