- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ကီလို ၄၅၀ range ရှိသော e7 EV ဆီဒင်ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၄၄၀၀ ဖြင့် စတင်ရောင်းချပေး
BYD က ကီလို ၄၅၀ range ရှိသော e7 EV ဆီဒင်ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၄၄၀၀ ဖြင့် စတင်ရောင်းချပေး
- 1065 views
BYD သည် မေလ ၁၇ ရက်တွင် all-electric ဆီဒင်ဖြစ်သော e7 ကို စတင်ရောင်းချပေးခဲ့သည်။
Trim ၃ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၀၃၈၀၀ မှ ၁၁၅၈၀၀ ကြား (ကန်ဒေါ်လာ ၁၄၄၀၀ မှ ၁၆၀၀၀ ကြား) ရှိသည်။CLTC range ၂ မျိုးရနိုင်ပြီး ကီလို ၄၅၀ နှင့် ၅၂၀ ကီလိုတို့ ဖြစ်သည်။
BYD ၏ ဈေးသက်သာသော e-series မှာ လူငယ်တို့နှင့် အငှားယာဉ်လုပ်ငန်းတို့ကို ပစ်မှတ်ထားသည်။ အပြင်ပိုင်းအနေဖြင့် e7 ၏ မျက်နှာစာမှာ ပြုံးနေသည့် မျက်နှာအသွင်ဖြစ်ကြောင်း BYD က ထုတ်ပြန်သည်။BYD လိုဂိုမှာ အလယ်ဗဟိုတွင် ရှိသည်။E7 တံဆိပ်မှာ ညာဘက်အောက်ပိုင်းတွင် တည်ရှိပြီး တံခါးလက်ကိုင်များမှာ traditional အတိုင်းဖြစ်ရာ low-end status ကို ပြသနေသည်။
အလတ်စား ဆီဒင်ဖြစ်သော BYD e7 ၏ dimension မှာ 4780/1900/1515 mm နှင့် wheelbase မှာ 2820 mm ဖြစ်ပြီး 16-inch rim များ သုံးထားသည်။ရှေ့ဘက်တွင် permanent magnet synchronous မော်တာတစ်လုံး သုံးထားပြီး ရုန်းအား 100 kW (134 hp) နှင့် ဆွဲအား 180 Nm ရှိသည်။
ဘက်ထရီမှာ BYD ထုတ် Blade ဘက်ထရီဖြစ်ပြီး 48 kWh နှင့် 57.6 kWh ဟု ၂ မျိုးလာကာ CLTC range ကီလို 450 နှင့် ကီလို 520 ဟု ၂ မျိုးရနိုင်သည်။အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် ကြာချိန် 0.47 နှင့် 0.43 နာရီသာ အသီးသီး ကြာမြင့်သည်။ အမြင့်ဆုံး မောင်းနိုင်သည့် မြန်နှုန်းမှာ တစ်နာရီလျှင် ကီလို ၁၅၀ ဖြစ်သည်။
ရှေ့ခန်းတွင် ၁၅ ဒသမ ၆ လက်မ central control screen၊ ၅ လက်မ LCD instrument panel နှင့် flat-bottom စတီယာရင်တို့ သုံးထားသည်။Operating system အနေဖြင့် BYD ၏ DiLink 100 ကို အသုံးပြုထားသည်။Center console တွင် အထပ် ၂ ထပ်ပါသည်။အောက်ထပ်တွင် ခွက်များထည့်ရန် နေရာ ၂ ခုနှင့် ပစ္စည်းထားသိုနေရာတို့ရှိပြီး အပေါ်ထပ်တွင် physical button များစွာအပြင် မိုဘိုင်းဖုန်းများ ထားရန် အံတစ်ခုတို့ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD e7 EV sedan with 450 km range launched at 14,400 USD in China (carnewschina)