GAC က ပြည်ပဈေးကွက်များကို ပစ်မှတ်ထားသော Pickup 01 global model ကို ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်ရန် စီစဉ်ထား

  • 756 views

21890f36b2cafbbd857b5ce44dc0ba72.jpg

ပြီးခဲ့သောလအတွင်းက ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ကားပြပွဲကြီးတွင် GAC က Pickup 01 လျှပ်စစ် နမူနာကားကို ပွဲထုတ်လာခဲ့သည်။

အဆိုပါ မော်ဒယ် အလုံးအရင်းထုတ်လုပ်မှုကို ၂၀၂၇ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး သြစတေးလျ၊ ဆော်ဒီအာရေးဘီးယား၊ ချီလီနှင့် မက္ကဆီကိုတို့ကဲ့သို့ ပြည်ပဈေးကွက်များတွင် အဓိကရောင်းချမည်ဖြစ်သည်။ GAC ၏ ဂလိုဘယ်လိုက်ဇေးရှင်း မဟာဗျူဟာဖြစ်သော “One GAC 2.0” အရ ယခုမော်ဒယ်ကို ထုတ်လုပ်ခြင်းလည်း ဖြစ်သည်။

1000018857-800x529.jpg

၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်တွင် commercial ယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းချရမှုမှာ အစင်းရေ ၃ ဒသမ ၈၀၅ သန်းနှင့် ၃ ဒသမ ၈၇၃ သန်းတို့ အသီးသီးရှိသည်။ယင်းအနက် ဘတ်စ်ကား၊ ပစ်ကပ်ထရပ်နှင့် စွမ်းအင်သစ်သုံး commercial ယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းချရမှုမှာ နှစ်အလိုက်နှိုင်းယှဉ်လျှင် မြင့်တက်လာခဲ့သည်။

1000018847-800x496.jpg

၂၀၂၄ ခုနှစ်အတွင်း အဆိုပါကားများ ပြည်ပသို့ တင်ပို့မှုမှာ အစင်းရေ ၉၀၀,၀၀၀ ကျော် ရှိခဲ့သည်။ ပစ်ကပ်ထရပ်များသည် တစ်ကမ္ဘာလုံးနှစ်စဉ် မော်တော်ကား ရောင်းချမှု ပမာဏ၏ ၁၂ ပုံ ၁ ပုံရှိသည်။ တရုတ်ပြည်ဈေးကွက်တွင် ပစ်ကပ်ထရပ်များကို အပေါ့စား commercial ယာဉ်အဖြစ် သတ်မှတ်ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။

1000018861.jpg

ထို့ကြောင့် ပစ်ကပ်ထရပ်တို့မှာ မူဝါဒတင်းကျပ်ခံရမှု များစွာရှိခဲ့ရာ ထုတ်လုပ်မှုနှုန်း နှေးကွေးစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ပစ်ကပ်ထရပ်တို့သည် တရုတ်ပြည်မှ ကားထုတ်လုပ်သူများအတွက် အရေးပါသော ဈေးကွက်ဖွံ့ဖြိုးမှုသော့ချက်တစ်ခု ဖြစ်လာနေသည်။

1000018863.jpg

China Passenger Car Association (CPCA) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမ ၃ လပတ် ကာလအတွင်း ပစ်ကပ်ထရပ် အစင်းရေ ၆၂၀၀၀ ပြည်ပသို့ တင်ပို့ခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြသည်။

1000018853-800x532.jpg

((GAC Pickup 01 အကြောင်း))

GAC သည် Pickup 01 ကို ပုံမှန်သွားလာရေးအပြင် off-road driving အတွက်ပါ ရည်ရွယ်ထားသည်။ GAC က ကိုယ်တိုင်ထုတ်လုပ်ထားသော GAIA (GAC Adaptive Intelligent Architecture) platform ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။GAIA platform ဖြင့် ထုတ်လုပ်ခြင်းဖြင့် suspension system၊ power output နှင့် drive mode တို့ကို ကြီးမားစွာ ချိန်ညှိနိုင်မှုများ လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

1000018855-800x532.jpg

 

1000018849-800x608.jpg

 

1000018865-800x581.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GAC Pickup 01 global model will launch in 2027 targeting overseas markets (carnewschina)