- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဆီဗက်စတာ စတားလုံး စီးခဲ့သော ၁၉၆၈ မော်ဒယ် Chevrolet Corvette ကန်ဒေါ်လာ ၉၃၅၀၀ ဖြင့် ဈေးနှုန်းမြင့်မားစွာ ရောင်းထွက်
ဆီဗက်စတာ စတားလုံး စီးခဲ့သော ၁၉၆၈ မော်ဒယ် Chevrolet Corvette ကန်ဒေါ်လာ ၉၃၅၀၀ ဖြင့် ဈေးနှုန်းမြင့်မားစွာ ရောင်းထွက်
- 754 views
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံး စီးခဲ့သော ၁၉၆၈ မော်ဒယ် Chevrolet Corvette Custom Convertible တစ်စင်း ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းထွက်သွားသည်။
(▲ စတားလုံး စီးခဲ့သော Chevrolet Corvette ကို တွေ့ရပုံ။ ဓာတ်ပုံ-Pinterest)
စတားလုံး၏ Chevrolet Corvette သည် C3 generation တွင် ပထမဆုံးဖြစ်သော်လည်း စတားလုံးက စိတ်ကြိုက် upgrade လုပ်ခြင်းများ ပြုလုပ်ထားရာ ထူးခြားသော ကားတစ်စင်းဖြစ်လာသည်။စတားလုံးက Chevrolet Corvette ကို အပန်းဖြေရန်အတွက် စီးခဲ့ခြင်းဖြစ်ပြီး ကြွားလုံးထုတ်ရန် မဟုတ်ချေ။
(▲ စတားလုံး၏ Chevrolet Corvette ။ ဓာတ်ပုံ- Corvetteforum)
စတားလုံးက သက်တော်စောင့်များ ၊ ကင်မရာသမားများ မပါဘဲ V8 စက်သံကိုသာ အဖော်ပြုကာ တစ်ဦးတည်း စီးခဲ့ခြင်း ဖြစ်သည်။ရမ်ဘိုဇာတ်လမ်းတွဲများဖြင့် အလွန်ကျော်ကြားခဲ့ကာ စတားလုံးဟူသော အမည်ပင်ပျောက်ကာ ရမ်ဘိုဟု ခေါ်ကြသည်အထိ အက်ရှင်နှင့် စတားလုံး တစ်သားတည်းကျခဲ့သည်။သို့သော် Chevrolet Corvette မှာမူ စတားလုံးအတွက် ဖိအားများမှ ရုန်းထွက်လွတ်မြောက်ရာလည်း ဖြစ်သည်။
((ဘောနပ်ဖုံးအောက်က စွမ်းပကား))
(▲ စတားလုံး၏ ၁၉၆၈ မော်ဒယ် Chevrolet Corvette ။ ဓာတ်ပုံ-Corvetteforum)
Chevrolet Corvette ၏ ဘောနပ်ဖုံးအောက်တွင် 660hp အားထွက်သော V8 အင်ဂျင်ရှိနေပြီး ဂီယာမှာ 5-speed manual ဖြစ်ရာ ပါဝါအကောင်းဆုံး ကားတစ်စင်းဖြစ်ခဲ့သည်။
(▲ စတားလုံး၏ ၁၉၆၈ မော်ဒယ် Chevrolet Corvette ။ ဓာတ်ပုံ-Corvetteforum)
((ဒေါ်လာ ၉၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့))
(▲ စတားလုံး၏ ၁၉၆၈ မော်ဒယ် Chevrolet Corvette ။ ဓာတ်ပုံ-Corvetteforum)
ဂန္ထဝင်ကားလောကတွင် ယခုကဲ့သို့ သမိုင်းကြောင်းရှိသော ကားမျိုးအတွက် ဒေါ်လာ ၉၃၅၀၀ ဆိုသည်မှာ ဈေးချိုသည်ဟု ကားလောကသုတေသီတို့က ဆိုသည်။အသန့်အနေအထားရှိနေသည့်အပြင် စတားလုံး စီးခဲ့သောကားဖြစ်သည်ဆိုသည့်အချက်မှာ ဂန္ထဝင်ကား စုဆောင်းသူတို့ တန်ဖိုးထားဖွယ် emotional value တစ်ခုလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Sold for $93,500 and driven as a hobby: Meet Sylvester Stallone's most powerful classic
(Photo Credit- Pinterest, Corvetteforum)