• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လူ့သမိုင်းတစ်လျှောက် အရောင်းရဆုံး ကားမော်ဒယ်ဖြစ်သော Toyota Corolla ကို ဂျပန်တွင် hybrid များသာ ရောင်းချပေးတော့မည်ဖြစ်ပြီး ICE များရောင်းချမှု ရပ်နားပြီ

လူ့သမိုင်းတစ်လျှောက် အရောင်းရဆုံး ကားမော်ဒယ်ဖြစ်သော Toyota Corolla ကို ဂျပန်တွင် hybrid များသာ ရောင်းချပေးတော့မည်ဖြစ်ပြီး ICE များရောင်းချမှု ရပ်နားပြီ

  • 1028 views

Toyota-Corolla-Sedan-Japan-10-1-1024x641.jpg

တိုယိုတာသည် ဂျပန်တွင် hybrid မဟာဗျူဟာဘက်သို့ ပိုမိုချဉ်းကပ်လာနေသည်။
နာမည်ကျော် ကားမော်ဒယ်များစွာအနက်မှတစ်ခုဖြစ်သော Corolla ကို update များ လုပ်ဆောင်နေသည့် တစ်ပြိုင်တည်းမှာပင် လျှပ်စစ် drivetrain ထုတ်လုပ်မှုကို ၂ ဆမြှင့်တင်လာသည်။တိုယိုတာက ကြေညာသည်မှာ Corolla line up အတွက် အပြောင်းအလဲများစွာ ပြုလုပ်ထားသည်ဟု ဆိုသည်။ သို့သော် အဓိကပြောင်းလဲမှုမှာ Corolla ကို hybrid သီးသန့်သာ ရောင်းချမည့် အချက်ဖြစ်သည်။

Toyota-Corolla-Sedan-Japan-2-1536x820.webp

[မှတ်ချက်။ ကမ္ဘာ့သမိုင်းတစ်လျှောက် အရောင်းရဆုံး ကားမော်ဒယ်များကို ကြည့်မည်ဆိုလျှင် 1. Ford Model T (၁၉၀၈ မှ ၁၉၂၇ ခုနှစ်အထိ ၁၉ နှစ်ကြာ ထုတ်လုပ်ခဲ့) အစင်းရေ ၁၆ ဒသမ ၅ သန်း။ 2. Lada Classic (၁၉၇၀ မှ ၂၀၁၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့) အစင်းရေ ၁၇ ဒသမ ၇၅ သန်း။ 3. Volkswagen Beetle (၁၉၃၈ မှ ၂၀၀၃ ခုနှစ်အထိ ထုတ်လုပ်ခဲ့) အစင်းရေ ၂၁၅၂၉၄၆၄ ။ 4. Toyota Corolla (၁၉၆၆ မှ လက်ရှိအချိန်ထိ) အစင်းရေ သန်း ၅၀ -၂၀၂၁ ခုနှစ်အထိ စာရင်း]

Toyota-Corolla-Sedan-Japan-5-1536x961.webp

ကမ္ဘာ့အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့သော ကားမော်ဒယ်များအနက် ယနေ့အထိ ဆက်လက်ထုတ်လုပ်နေပြီး ကမ္ဘာပေါ်တွင် အရောင်းရဆုံးအဖြစ် ရပ်တည်နေသည်မှာ Toyota Corolla တစ်မျိုးတည်းသာ ရှိသည်။ တိုယိုတာ၏ ထုတ်ပြန်ချက်အရ ဂျပန်တွင် Corolla ICE များ ရပ်ဆိုင်းလိုက်ရခြင်း၏ အကြောင်းရင်းမှာ ကာဗွန်ကင်းစင်ရေး မူဝါဒအရဖြစ်သည်ဟု ဆိုသည်။ထို့ကြောင့် ဂျပန်တွင် Corolla ဝယ်ယူမည့်သူများအနေဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ 1.8-liter hybrid powertrain တစ်မျိုးတည်းသာ ရနိုင်တော့မည် ဖြစ်သည်။

Toyota-Corolla-Sedan-Japan-6-1536x820.webp

တိုယိုတာသည် ၂၀၂၂ ခုနှစ်ကတည်းက ဥရောပတွင် Corolla ICE များ ရောင်းချမှု ရပ်ဆိုင်းခဲ့ပြီးဖြစ်ကာ ယခုအခါတွင်မှ ဂျပန်တွင် Corolla ICE ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။သို့သော် ဥရောပများ Customer များအတွက်မူ 1.8-liter အပြင် ပိုမို powerful ဖြစ်သော 2.0-liter hybrid variant ဟူ၍ ရွေးချယ်စရာ ရှိသည်။

Toyota-Corolla-Sedan-Japan-7-1536x961.webp

Hybrid Corolla တွင် 1.8-liter ဓာတ်ဆီအင်ဂျင်မှ 97 hp (72kw/ 98 PS) အထွက်အားရှိသည်။ရှေ့ယက် (2WD) မော်ဒယ်များမှာ 94 hp (70kw/ 95 PS) အထွက်အားရှိသော လျှပ်စစ်မော်တာတစ်လုံးဖြင့် အလုပ်လုပ်သည်။AWD တွင်မူ နောက်ဘက်တွင် လျှပ်စစ်မော်တာတစ်လုံး ထပ်ထည့်ပေးထားပြီး 40hp (30kw/ 41PS) ဖြည့်စွက်ပေးထားသည်။

Corolla ၏ လက်ရှိမျိုးဆက်ဖြစ်သော 12 generation မှာ ၂၀၁၂ ခုနှစ်က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရုပ်ပြောင်းအနည်းငယ် ပြုလုပ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Toyota Just Killed Every Gas-Only Corolla In Japan