• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Steve Jobs ၏ အတွင်းရေးမှူးမှာ ကားစက်နှိုးမရသောကြောင့် အလုပ်နောက်ကျခဲ့ရာ Steve Jobs က “နောက်ကို ဘယ်တော့မှ အလုပ်နောက်မကျစေနဲ့” ဟု ပြောကာ Jaguar အသစ်တစ်စီး လက်ဆောင်ပေးခဲ့ပုံ

Steve Jobs ၏ အတွင်းရေးမှူးမှာ ကားစက်နှိုးမရသောကြောင့် အလုပ်နောက်ကျခဲ့ရာ Steve Jobs က “နောက်ကို ဘယ်တော့မှ အလုပ်နောက်မကျစေနဲ့” ဟု ပြောကာ Jaguar အသစ်တစ်စီး လက်ဆောင်ပေးခဲ့ပုံ

  • 2270 views

thinkstewartville.jpg

ခြွင်းချက်အချို့မှ လွဲပြီး ကျွန်ုပ်တို့အများစု စောင့်ဆိုင်းရခြင်းကို မုန်းတီးကြသည်။

အထူးသဖြင့် လုပ်ငန်းခွင်တွင်ဆိုလျှင် သဘောမကျဖွယ် အကြောင်းရပ် ဖြစ်သည်။နည်းပညာခေတ်၏ အမြော်အမြင်အကြီးဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ စတိဗ်ဂျော့စ် (Steve Jobs) သည်လည်း စောင့်ဆိုင်းရခြင်းကို မနှစ်သက်ချေ။

Apple ၏ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့စ်သည် အလုပ်အချိန်မှန်ရေးနှင့် ပတ်သက်ပြီး တင်းကျပ်သည့် မူဝါဒ ကိုင်စွဲထားသူ ဖြစ်သည်။ အစည်းအဝေးများလုပ်ရာတွင် နောက်ကျနေသည့် မည်သူ့ကိုမှ မစောင့်ဘဲ အစည်းအဝေးစတင်လေ့ရှိသည်။ သို့သော် စည်းကမ်းတင်းကြပ်သော စတိဗ်ဂျော့စ်သည် တစ်ခါတစ်ရံတွင် မထင်မှတ်သည်များ လုပ်ဆောင်တတ်လေ့ရှိသည်။

တစ်ခါက သူ၏ အတွင်းရေးမှူးအမျိုးသမီး အလုပ်နောက်ကျခဲ့ရာတွင် စတိဗ်ဂျော့စ်က ထူးခြားစွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူ၏ အတွင်းရေးမှူးမှာ single mother တစ်ဦးဖြစ်သည်။ယခုဖြစ်ရပ်ကို Apple တွင် ၁၉၈၁ မှ ၁၉၈၆ ခုနှစ်အထိ Quality Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Ron Givens က ထုတ်ဖော်ပြောပြခြင်း ဖြစ်သည်။

Givens ၏ ပြောပြချက်အရ စတိဗ်ဂျော့စ်သည် အတွင်းရေးမှူးဖြစ်သူကို ဆူပူကြိမ်းမောင်းခြင်း၊ အလုပ်ဖြုတ်ခြင်းများ မလုပ်ဘဲ အဘယ်ကြောင့် နောက်ကျနေသည်ကို မေးမြန်းခဲ့သည်။ ဖြစ်ပျက်ရသည့်အခြေအနေကို နားလည်နိုင်ရန်အတွက် အတွင်းရေးမှူး၏ ရှင်းပြမှုကို စတိဗ်ဂျော့စ်က နားထောင်နေခဲ့သည်။အတွင်းရေးမှူးက ဝန်ခံသည်မှာ ကားစက်နှိုးမရဖြစ်နေသောကြောင့် အလုပ်နောက်ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ပါ ဖြစ်ရပ်ဖြစ်ပွားအပြီး တစ်နေ့သောအခါတွင် စတိဗ်ဂျော့စ်သည် Jaguar ကားသစ်တစ်စင်း၏ ကားသော့ကို အတွင်းရေးမှူးအား ပေးလိုက်ပြီး “ဒါကို ယူလိုက်။ ဒါဆိုရင် မင်း ဘယ်တော့မှ အလုပ်နောက်ကျမှာ မဟုတ်တော့ဘူး” ဟု ပြောခဲ့သည်။စတိဗ်ဂျော့စ်သည် ထူးမခြားနား လက်ဆောင်မျိုး ပေးခြင်းမဟုတ်ဘဲ လက်တွေ့ကျသည့် ဖြေရှင်းမှုတစ်ခု လုပ်ဆောင်ခြင်းဖြစ်သည်။စတိဗ်ဂျော့စ်က သူ၏အတွင်းရေးမှူးကို အလုပ်အချိန်မီ ရောက်စေလိုသည်။ကားတစ်စင်းလက်ဆောင်ပေးလိုက်ခြင်းအားဖြင့် အချိန်မီရောက်စေရန် ဖြေရှင်းပေးနိုင်သည့်အပြင် အချိန်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန် တွန်းအားပေးလိုက်ခြင်းလည်း ဖြစ်သည်။

((သင်ခန်းစာ))

■ နားထောင်ခြင်း။
တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမပြုမီ ပြဿနာ၏ ဇာစ်မြစ်အကြောင်းရင်းကို နားထောင်ခြင်း။
■ ပြဿနာ ဖြေရှင်းပုံ။

ကုမ္ပဏီအပေါ် ကြိုးစားအားထုတ်ပေးမှုအလိုက် ပြောင်းလွယ်ပြင်လွယ်ရှိသော မူဝါဒ၊ တီထွင် ဆန်းသစ်သော နည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းခြင်း။

(မှတ်ချက်။ ဤတွင် သတိချပ်စရာမှာ စတိဗ်ဂျော့စ်အနေဖြင့် အလုပ်နောက်ကျသူတိုင်းကို ကားတစ်စင်း ပေးလိမ့်မည် မဟုတ်ဟူသော အချက်ပင်။ စီးပွားရေးနယ်တွင် ဦးဆောင်သူ ခေါင်းဆောင်တို့အနေဖြင့် အရည်အချင်းရှိသူများကို ထိန်းထားနိုင်ရန် ဦးစားပေးဆောင်ရွက်ကြသည်။ စတိဗ်ဂျော့စ်ကဲ့သို့ လက်တွေ့ဆန်သော ခေါင်းဆောင်မျိုး ယခုကဲ့သို့ ဖြေရှင်းကိုင်တွယ်ပုံမှာ အံ့အားသင့်ဖွယ် မရှိချေ။)

■ တိကျရှင်းလင်းသော လိုလားချက် သတ်မှတ်ခြင်း။

“နောက်ကို အလုပ်နောက်ကျတော့မှာ မဟုတ်ဘူး” ဟူသည့် စတိဗ်ဂျော့စ်၏ စကားမှာ အတွင်းရေးမှူးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာတော့မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Steve Jobs’ secretary was late for work because her car wouldn’t start, so he gave her the keys to a brand-new Jaguar, saying, “Here, never be late again.”  (thinkstewartville)