- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရုရှားရှိ ချေချင်းညာ ပြည်နယ်အကြီးအကဲက ၎င်းစီးသော စက်သေနတ်တပ်ဆင်ထားသည့် Tesla Cybertruck ကို Elon Musk က အဝေးထိန်းစနစ်ဖြင့် disable လုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြား
ရုရှားရှိ ချေချင်းညာ ပြည်နယ်အကြီးအကဲက ၎င်းစီးသော စက်သေနတ်တပ်ဆင်ထားသည့် Tesla Cybertruck ကို Elon Musk က အဝေးထိန်းစနစ်ဖြင့် disable လုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြား
- 1785 views
ရုရှားမှ ချေချင်းညာ (Chechenya) အကြီးအကဲဖြစ်သူ ရမ်ဇန် ကာဒီရော့ဗ် (Ramzan Kadyrov) သည် ၎င်း၏ Tesla Cybertruck ကားကို Elon Musk က အဝေးထိန်းစနစ်ဖြင့် disable လုပ်ခြင်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာသည်။
(မှတ်ချက်။ ချေချင်းညာဟုခေါ်ကြသော Chechenya Republic သည် ရုရှားမှ ပြည်နယ်တစ်ခုဖြစ်သည်။ အမေရိကန်မှ ပြည်နယ်နှင့် ရုရှားမှ Republic တို့အကြား ကွာခြားချက်မှာ ရုရှား၏ Republic တွင် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိခြင်းဖြစ်ပြီး ယခင်ကဆိုလျှင် ချေချင်းညာ၏ အကြီးအကဲကို သမ္မတဟု ခေါ်ခဲ့ကြကာ နောက်ပိုင်းတွင်မှသာ ပြည်ထောင်စု၏ သမ္မတကိုသာ သမ္မတဟု သုံးနှုန်းခွင့်ပြုခဲ့သည်။ ချေချင်းညာသည် အမေရိကမှ ပြည်နယ်များနှင့် မတူသည့်အချက်မှာ ချေချင်းလူမျိုးများ သီးသန့်၊ လူမျိုးတစ်မျိုးတည်းဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်နယ် ဖြစ်ခြင်းဖြစ်သည်။ ချေချင်းညာသည် ရုရှား-ဂျော်ဂျီယာနယ်စပ်ရှိ ပြည်နယ်ဖြစ်ပြီး ကက်စ်ပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့ကြားတွင် တည်ရှိသည်။)
ရမ်ဇန် ကာဒီရော့ဗ်သည် ၂၀၀၇ ခုနှစ်ကတည်းက ချေချင်းညာ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ကာဒီရော့ဗ်က သူ၏ မကျေနပ်ချက်ကို တယ်လီဂရမ် လူမှုကွန်ရက်မှတစ်ဆင့် ရင်ဖွင့်လာခဲ့ပြီး Elon Musk ၏ လုပ်ရပ်မှာ ယောက်ျားမဆန်ကြောင်း ၎င်းက ပြောသည်။
“Elon Musk ဟာ ဆိုးဆိုးရွားရွား ပြုမူခဲ့ပါတယ်။ သူက တန်ဖိုးကြီးတဲ့ လက်ဆောင်ကို နှလုံးသားနဲ့ ပေးခဲ့တယ်။ အဲဒီနောက်မှာ အဝေးထိန်းစနစ်နဲ့ ပိတ်ပင်လိုက်ပါတယ်” ဟု ကာဒီရော့ဗ်က ရေးသားဖော်ပြခဲ့သည်။ “ဒါက ယောက်ျား မဆန်ပါဘူး။ ဘယ်လိုများ လုပ်လိုက်တာလဲ Elon” ဟု ကာဒီရော့ဗ်က ဆိုသည်။Tesla မှာ system အပိတ်ခံလိုက်ရသောကြောင့် ကားခေါ်ကာ တင်ဆောင်သယ်ယူခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
ကာဒီရော့ဗ်က သူ၏ Cybertruck ကို ဗွီဒီယိုရိုက်ကူးကာ ယခင်က တင်ခဲ့ဖူးသည်။အဆိုပါဗွီဒီယိုအရ သူ၏ Tesla Cybertruck တွင် စက်သေနတ် တပ်ဆင်ထားသည်ဟု ယူဆရသည်။ထိုကားမှာ Elon Musk ထံမှ လက်ဆောင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက အရိပ်အမြွက်ပြောထားသည်။
“လေးစားရတဲ့ Elon ဆီကနေ ကျွန်တော်တို့ Tesla Cybertruck တစ်စင်း ရရှိထားပါတယ်။ ဒီနည်းပညာသစ်ကို ကိုယ်တိုင်မြင်တွေ့ စမ်းသပ်ခွင့်ရတာ ဝမ်းသာပါတယ်။ Cyberbeast ဆိုတဲ့ နာမည်တဲ့ တကယ်ပဲ လိုက်ဖက်ပါတယ်”
ယခုဖြစ်ရပ်တွင် ကာဒီရော့ဗ်၏ ပြောကြားချက်များမှာ အထောက်အထားအခြေအမြစ် မခိုင်လုံသော်လည်း Tesla ကားများ၏ အဝေးထိန်း ထိန်းချုပ်နိုင်မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာစေသည်။Tesla ၏ မူဝါဒတွင် ၎င်း၏ ကားများကို modify ပြုလုပ်မှုများနှင့် တလွဲအသုံးပြုမှုများအား ပိတ်ပင်သည့် မူဝါဒရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Putin Ally Who Unveiled Tesla Cybertruck With Machine Gun Now Says Elon Musk 'Remotely Disabled' The Militarized EV