Zeekr 007 GT ကို လေ့လာခြင်း

  • 1343 views

img_20250425_144638-768x404.jpg

Zeekr 007 GT သည် တရုတ်ပြည်မှ ကားထုတ်လုပ်သူ Zeekr က ထုတ်လုပ်သော all-electric wagon ဖြစ်သည်။

Zeekr 007 နှင့် ယှဉ်လျှင် ပိုမို sporty ဆန်ပြီး driving experience ပိုမိုကောင်းမွန်စေရန် ထုတ်လုပ်ထားသည်။

Geely ၏ Sustainable Experience Architecture (SEA) platform ဖြင့် ထုတ်လုပ်ထားသော 007 GT လေခွင်းအား ပိုကောင်းလာခြင်း၊ နည်းပညာ ပိုမိုအဆင့်မြင့်လာခြင်း ၊ premium လျှပ်စစ်ကားများထဲတွင် ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းခြင်း အစရှိသည်တို့ အားကောင်းလာသည်။ယခုမော်ဒယ်ကို ဥရောပတွင် Zeekr 7 GT ဟူသောအမည်ဖြင့် ဈေးကွက်တင်လာမည်ဖြစ်သည်။

weixin-image_20250426165633-768x425.jpg

((အားသာချက်များ))

✅ Performance ကောင်းခြင်း။ အမြန်နှုန်းတင်ရ မြန်ဆန်မှု (0-100 km/h ကို ၃ စက္ကန့်အောက်ဖြင့် ရနိုင်)
✅ Premium နည်းပညာ။ လမ်း၏ အချက်အလက်များကို လေကာမှန်ပေါ်တွင် ပြသပေးသည့် AR HUD စနစ်၊ AI voice control နှင့် high-end infotainment စနစ်
✅ လက်တွေ့ကျမှု။ ပစ္စည်းသယ်ဆောင်ရန်နေရာ ကျယ်ဝန်းမှုရှိ (1,737L အထိ ရနိုင်)
✅ သက်သောင့်သက်သာရှိမှု & Luxury ဖြစ်မှု။ အရည်အသွေးမြင့် ပစ္စည်းများ၊ နှိပ်ပေးသော ထိုင်ခုံများ၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးသောအမိုး
✅ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်း။ ယွမ် ၁၉၉,၉၀၀ (ကန်ဒေါ်လာ ၂၇၅၀၀) မှ စပြီး ဥရောပ rival များအောက် ဈေးသက်သာသည်။

img_20250425_143320-2-800x457.jpg

 

img_20250425_142548-1-800x451.jpg

((အားနည်းချက်များ))

❌ စတီယာရင် ကြီးမားသောကြောင့် ပေါ့ပါးသွက်လက်မှု အားနည်းခြင်း
❌ အလေးချိန် ၂ ဒသမ ၁ တန်ရှိသောကြောင့် sporty ဆန်ဆန် ထုတ်လုပ်ထားသော်လည်း လေးလံနေခြင်း
❌ ဈေးကွက်နေရာ အကန့်အသတ်ရှိခြင်း။ Zeekr သည် ဥရောပတွင် ပုံရိပ်တည်ထောင်နေဆဲဖြစ်။

img_20250425_142518-768x432.jpg

((အပြင်ဘက်ဒီဇိုင်း))

● ရုပ်ထွက်ထူးခြားပေါ်လွင်မှု။ Hunter’s angle ဟုခေါ်သော ၂၁ ဒီဂရီ အမိုးလျှော ပုံစံ ထုတ်လုပ်ထားရာ နောက်ခန်းအမိုးနေရာ headroon စတေးစရာမလိုဘဲ လေခွင်းအား ပိုကောင်းလာစေသည်။
● LED Light Bar ။ ရှေ့ဘက်မှ မီးတန်းငယ်မှာ လမ်းကွေ့မည့် အချက်ပြ message များနှင့် animation များ အချက်ပြနိုင်စွမ်းရှိ
● လေခွင်းအား ကောင်းမွန်စေမှုအတွက် ရှေ့ဘက်တွင် air intake နှင့် နောက်ဘက် spoiler တို့ ပါဝင်
● Dimensions:4,864 / 1,900/ 1,445 mm နှင့် wheelbase 2,925 mm
● Premium feature များ။ ဘောင်ပျောက်တံခါးများ၊ ခေါက်ထားနိုင်သော လက်ကိုင်ကွင်းများ၊ လက်မ ၂၀ Michelin Pilot Sport EV တာယာများ

img_20250425_143007-768x432.jpg

((အတွင်းပိုင်းနှင့် နည်းပညာ))

● Luxury ပစ္စည်းများ။ Nappa သားရေ၊ Alcantara အထည်သားနှင့် ယာဉ်မောင်း၏ လိုအပ်ချက်နှင့် driving experience ကို အသားပေးထားသော cockpit
● အဆင့်မြင့် Display များ

၁၅ ဒသမ ၄ လက်မ touchscreen (central control).
၃၅ ဒသမ ၅ လက်မ AR head-up display
● Infotainment စနစ်။ dual NVIDIA Orin-X chip တို့ဖြင့် ထိန်းချုပ်ပေးပြီး AI voice control (အသံဖြင့် ခိုင်းစေနိုင်မှု ၂၀၀ ကျော်) နှင့် 3D navigation တို့ support ပေးသည်။
● ပစ္စည်းထားသိုရန်နှင့် လက်တွေ့ကျမှု
ပစ္စည်းထားရန်နေရာပေါင်း ၃၆ ခုပါဝင်သည်။

ကားနောက်ဘက် ကုန်ပစ္စည်းသယ်ရန်နေရာ- 462L (ထိုင်ခုံများ ခေါက်လိုက်ပါက 1,737L အထိ တိုးချဲ့နိုင်)10.2L ရေခဲသေတ္တာအမိုးပေါ် ကုန်ပစ္စည်းသယ်ယူမှု (၁၅၀ ကီလိုဂရမ်အထိ တင်နိုင်).
သက်သောင့်သက်သာရှိစေသော feature များ။ အပူပေး၊ လေဝင်လေထွက်နှင့် နှိပ်နယ်ပေးသော ထိုင်ခုံများ။ ကျယ်ပြောသော မှန်အမိုးမှာ အရောင်ပြေး ချိန်ညှိနိုင်ပြီး ခရမ်းလွန်ရောင်ခြည်ကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်။

img_20250425_143012-800x450.jpg

img_20250425_142756-800x450.jpg

img_20250425_142806-800x450.jpg

((Performance))


● Dual-Motor ဖွဲ့စည်းမှု
အထွက်အား 475 kW (637 hp).
0-100 km/h မြန်နှုန်းကို ၂ ဒသမ ၉၅ စက္ကန့်အတွင်းရနိုင်
● ပိုမိုကောင်းမွန်လာသော Chassis
ဆီဒင်ထက် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုတောင့်တင်းလာသည်။
● ရွေးချယ်စရာ Suspension များ
Magic Carpet" air suspension
Steel suspension
● Driving Mode များ
Sport mode
Comfort mode

img_20250425_142909-768x445.jpg

((အနှစ်ချုပ်))

Zeekr 007 GT သည် performance ကောင်းခြင်း၊ luxury ရှိခြင်း၊ လက်တွေ့ကျခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းရှိခြင်းတို့ဖြင့် စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်သော electric wagon ဖြစ်သည်။စတီယာရင် ကြီးမားလွန်းသည့် အားနည်းချက်ရှိသော်လည်း range ကောင်းခြင်း၊ အားသွင်းမြန်ဆန်ခြင်း၊ လေခွင်းအားကောင်းခြင်း အစရှိသည့် အားသာချက်များရှိသည်။

img_20250425_143224-768x432.jpg

img_20250425_143155-1-768x432.jpg

img_20250425_143206-2-768x432.jpg

img_20250425_143233-800x450.jpg

img_20250425_143249-800x450.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Zeekr 007 GT: Europe-bound wagon one-ups sedan sibling (carnewschina)