- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nio က၂၀၂၅ မော်ဒယ် ET5 ဆီဒင်ကို ဒီဇိုင်းအပြောင်းအလဲ၊ feature စုံလင်စွာဖြင့် ယခုနှစ်အတွင်း ဈေးကွက်တင်ပို့မည်၊ ကိုယ်တိုင်ထုတ်လုပ်သော 5nm chip ကို အသုံးပြုထား
Nio က၂၀၂၅ မော်ဒယ် ET5 ဆီဒင်ကို ဒီဇိုင်းအပြောင်းအလဲ၊ feature စုံလင်စွာဖြင့် ယခုနှစ်အတွင်း ဈေးကွက်တင်ပို့မည်၊ ကိုယ်တိုင်ထုတ်လုပ်သော 5nm chip ကို အသုံးပြုထား
- 1297 views
Nio က ၂၀၂၅ မော်ဒယ် ET5 sedan ကို ဒီဇိုင်းအပြောင်းအလဲ၊ hardware upgrade ၊ အတွင်းခန်း အပြောင်းအလဲများဖြင့် အပြိုင်အဆိုင်ပြင်းထန်သော တရုတ်ပြည်ဈေးကွက်သို့ တင်ပို့ရန် စီစဉ်နေသည်။
ယခုဗားရှင်းမှာ ရှိရင်းစွဲ Platform ကိုသာ အခြေခံထားသော်လည်း function ပိုစုံလာကာ user experience ပိုကောင်းလာမည် ဖြစ်သည်။ရှေ့ပိုင်းတွင် အနားပြိုင်စတုဂံပုံဖော်ထားပြီး daytime running light များကို ဒီဇိုင်းသစ်ဖြင့် ထည့်သွင်းပေးထားသည်။ရှေ့မီးကြီးများမှာ LED matrix technology ကို သုံးထားပြီး အနားမပြိုင် စတုဂံအသွင် ဖြစ်သည်။
Bumper တွင် လေဝင်ပေါက်များကို ဒီဇိုင်းသစ် သုံးထားပြီး လေခွင်းအား အနည်းငယ် ပိုကောင်းလာမည် ဖြစ်သည်။ဖွဲ့စည်းပုံအနေဖြင့် ကျယ်ပြောသော glass roof၊ ဘောင်ပျောက်တံခါးများနှင့် တံခါးလက်ကိုင်တို့မှာ ယခင်မော်ဒယ်များအတိုင်းသာ ဖြစ်သည်။နောက်ပိုင်းတွင် မီးလုံးတန်း၏ အပေါ်ဘက်ဆီ၌ lip spoiler ငယ်တစ်ခု ထည့်ထားသည်။
ယခုမော်ဒယ်၏ အဓိက အပြောင်းအလဲမှာ အလိုအလျောက် မောင်းနှင်စနစ် hardware ပိုင်း ဖြစ်သည်။Lidar sensor နှင့် ကင်မရာတို့မှာ ယခင်အတိုင်းသာဖြစ်သော်လည်း Nio ၏ ကိုယ်တိုင်ထုတ်လုပ်သော NX9031 chip ကို အသုံးပြုထားခြင်းဖြစ်ပြီး 5nm architecture ဖြင့် ထုတ်လုပ်သည်။
ယခု processor အသစ်မှာ အချက်အလက်များ process လုပ်သည့် မြန်နှုန်း ပိုကောင်းစေရန်နှင့် အလိုအလျောက် မောင်းနှင်မှု function များ ပိုမိုတိကျစေရန် ရည်ရွယ်ထုတ်လုပ်ထားသည်။မော်ဒယ်သစ် ET5 ၏ အတွင်းပိုင်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေး။
သို့သော် ၂၀၂၅ မော်ဒယ် ET5, ET5T, ES6 နှင့် EC6 မော်ဒယ်တို့သည် flagship မော်ဒယ်ဖြစ်သော ET9 sedan အတိုင်း horizontal screen design ကို သုံးမည်ဖြစ်ကြောင်း NIO က အတည်ပြု ထုတ်ပြန်ခဲ့ဖူးသည်။ Centre console တွင် အပြောင်းအလဲ လုပ်ထားသည်။Wireless charging pad ၂ ခုနှင့် storage compartment နေရာများ ပိုမိုပါဝင်လာသည်။
စက်ပိုင်းကို ကြည့်မည်ဆိုလျှင် dual-motor all-wheel-drive ဖြစ်ပြီး စုစုပေါင်းအထွက်အား 360 Kw ရှိသည်။ဘက်ထရီရွေးစရာအနေဖြင့် ၅၆၀ ကီလိုမောင်းနိုင်သော 75 kWh ဘက်ထရီနှင့် ၇၁၀ ကီလို မောင်းနိုင်သော 100 kWh ဗားရှင်းတို့ ရှိသည်။ထိုဗားရှင်း ၂ မျိုးလုံးမှာ 180 kW fast charging စနစ်ကို support ပေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nio ET5 2025 spied: brings in-house 5nm chip with AI