BYD က ကမ္ဘောဒီးယားတွင် ကားတပ်ဆင်သည့် စက်ရုံတစ်ခု စတင်ဆောက်လုပ်

  • 1496 views

c1_3013911_790.jpg

တရုတ်ထိပ်သီး လျှပ်စစ်ကား ထုတ်လုပ်သူ BYD သည် အရှေ့တောင်အာရှနိုင်ငံများတွင် ထုတ်လုပ်မှုကဏ္ဍ ချဲ့ထွင်လာလျက်ရှိရာ ယခုအခါ ကမ္ဘောဒီးယားတွင် ကားတပ်ဆင်သည့် စက်ရုံသစ်တစ်ခု စတင်ဆောက်လုပ် လျက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Sihanoukville အထူးစီးပွားရေးဇုန်ရှိ မြေအကျယ် ၁၂ ဧကတွင် ကန်ဒေါ်လာ ၃၅ သန်း သုံးစွဲကာ ဆောက်လုပ်နေခြင်း ဖြစ်သည်။ယခုနှစ် နိုဝင်ဘာလတွင် ထုတ်လုပ်မှုများ စတင်ရန် မျှော်မှန်းထားကြောင်း ဖနွမ်းပင်ပို့စ် သတင်းဌာနက ဖော်ပြသည်။နှစ်စဉ် ကားအစင်းရေ ၁၀၀၀၀ တပ်ဆင်ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

စက်ရုံတည်ထောင်မှု ပထမဆင့်တွင် တရုတ်ပြည်မှ တင်သွင်းလာသော ကားပစ္စည်း အစိတ်အပိုင်းများကို တပ်ဆင်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် လျှပ်စစ်ကားများနှင့် PHEV များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း China News Service သတင်းဌာနက ဖော်ပြသည်။

ကမ္ဘောဒီးယား၏ EV ဈေးကွက်မှာ အလွန်သေးငယ်သေးသော်လည်း လျင်မြန်စွာ ဖွံ့ဖြိုးလာနေသည်။၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် EV အစင်းရေ ၂၂၅၃ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ၃၁၃ စင်းသာ မှတ်ပုံတင်ခဲ့မှုနှင့် ယှဉ်လျှင် များစွာမြင့်တက်လာခြင်းဖြစ်ကြောင်း ဖနွမ်းပင်ပို့စ်က ဖော်ပြသည်။

ကမ္ဘောဒီးယားရှိ ယခုစက်ရုံသည် BYD အတွက် ထိုင်းနိုင်ငံရှိ စက်ရုံပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယမြောက် စက်ရုံဖြစ်သည်။ထိုင်းနိုင်ငံရှိ စက်ရုံမှာ BYD က အပြည့်အဝပိုင်ဆိုင်သော စက်ရုံဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ကာ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းမှာ အစင်းရေ ၁၅၀,၀၀၀ ဖြစ်သည်။

BYD သည် အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်မည့် စက်ရုံကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနက ဇန်နဝါရီလအတွင်း ဖော်ပြခဲ့သည်။

BYD သည် ပြီးခဲ့သောနှစ်အတွင်း ပြိုင်ဖက် Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူအဖြစ်သို့ ရောက်ရှိခဲ့သည်။ပြီးခဲ့သောနှစ်အတွင်း BYD က ကားအစင်းရေ ၁,၇၇၇,၉၆၅ စင်း ထုတ်လုပ်ခဲ့ပြီး Tesla မှာ အစင်းရေ ၁,၇၇၄,၄၄၂ စင်း ထုတ်လုပ်ခဲ့သည်။

BYD သည် Hybrid ကားများလည်း ထုတ်လုပ်ပြီး ပြီးခဲ့သောနှစ်အတွင်း တစ်ကမ္ဘာလုံး ရောင်းအားမှာ အစင်းရေ ၄ ဒသမ ၂၇ သန်း ရှိခဲ့သည်။BYD က ယခုနှစ်တွင် ကားအစင်းရေ ၅ ဒသမ ၅ သန်း ရောင်းချနိုင်ရန် ရည်မှန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD breaks ground on Cambodia plant (bangkokpost)