• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးက ခရီးသည်တစ်ဦးကို ခရီးဝေးပို့ဆောင်ပေးခဲ့ရာ၌ ကီလို ၁၃၀ နှုန်းဖြင့် မောင်းနှင်နေချိန်တွင် လမ်းတစ်လျှောက်လုံး စတီယာရင်ကို လက်ဖြင့်ပင်မထိဘဲ ဖုန်းပွတ်နေခဲ့သည့်ဖြစ်ပုံ ပြည်မကြီးတွင် လူပြောများနေ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးက ခရီးသည်တစ်ဦးကို ခရီးဝေးပို့ဆောင်ပေးခဲ့ရာ၌ ကီလို ၁၃၀ နှုန်းဖြင့် မောင်းနှင်နေချိန်တွင် လမ်းတစ်လျှောက်လုံး စတီယာရင်ကို လက်ဖြင့်ပင်မထိဘဲ ဖုန်းပွတ်နေခဲ့သည့်ဖြစ်ပုံ ပြည်မကြီးတွင် လူပြောများနေ

  • 1918 views

shutterstock_2418445579.jpg

တရုတ်ပြည်တွင် တက္ကစီငှားရမ်းသည့် App မှတစ်ဆင့် ကားငှားခဲ့သူတစ်ဦးသည် ယာဉ်မောင်းက အန္တရာယ်ရှိလောက်သော မြန်နှုန်းဖြင့် မောင်းနေချိန်တွင် Autopilot mode ဖြင့် ထားရှိကာ ဖုန်းကိုသာကြည့်နေသည့်ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာကုမ္ပဏီထံ တိုင်တန်းခဲ့ရာ လျော်ကြေးအဖြစ် ၅ ယွမ် ( ၀ ဒသမ ၇ ဒေါ်လာ) မျှသာ ရရှိခဲ့သည့်ဖြစ်ရပ်မှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား လူပြောများနေသည်။

ခရီးသည်မှာ မျိုးရိုးအမည် လီဟု အမည်ရသည်။လီသည် အငှားယာဉ်ငှားရမ်းသည့် App ဖြစ်သော HelloRide မှတစ်ဆင့် ကားငှားခဲ့ခြင်း ဖြစ်သည်။
HelloRide ကို Alibaba က ပိုင်ဆိုင်သည်။Alibaba သည် South China Morning Post သတင်းဌာန၏ ပိုင်ရှင်လည်း ဖြစ်သည်။ဧပြီ ၅ ရက်တွင် တရုတ်ပြည် ဖူရှန်မြို့မှ ကွမ်တုံပြည်နယ်၊ လျိူဒင်းမြို့သို့ ကားငှားခဲ့ခြင်း ဖြစ်သည်။ခရီးအကွာအဝေးမှာ ကီလိုမီတာ ၁၈၀ (၁၁၁ ဒသမ ၈ မိုင်) ရှိပြီး ကားမောင်းရန် ကြာချိန်မှာ ၂ နာရီခန့် ဖြစ်သည်။

လီက ပြောသည်မှာ ခြောက်ခြားဖွယ် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ဖုန်းကိုသာကြည့်နေပြီး ခရီးတစ်လျှာက်လုံး စတီယာရင်တွင် လက်ပင် တင်ထားခြင်းမရှိကြောင်း ပြောသည်။ကားကို Autopilot mode ဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်သည်။အဝေးပြေးလမ်းမကြီးပေါ်တွင် ကီလို ၁၂၀ မှ ၁၃၀ ကြား (၇၄ မိုင်မှ မိုင် ၈၀ ကြား) အမြန်နှုန်းဖြင့် မောင်းနှင်နေချိန်တွင် ဖုန်းကိုသာ ကြည့်နေခဲ့ခြင်း ဖြစ်သည်။

လီက ပြောသည်မှာ ယာဉ်မောင်းသည် အမြန်ကြောကိုသာ အမြဲယူထားကြောင်း၊ တစ်ခါတစ်ရံတွင် အိပ်ငိုက်ချင်သည့် လက္ခဏာပင် တွေ့ရကြောင်း ပြောသည်။လီက ကားပေါ်တွင် ယာဉ်မောင်းနှင့် မိမိ ၂ ဦးတည်းသာရှိသောကြောင့် အမျိုးသားယာဉ်မောင်းကို မပြောဝံ့ခဲ့ကြောင်း ၊ ခရီးစဉ်တစ်လျှောက်လုံး သတိကြီးကြီးထားပြီး ယာဉ်မောင်းကိုယ်စား လမ်းကိုတစ်ချိန်လုံး စောင့်ကြည့်နေရကြောင်း ပြောသည်။

လီက ယာဉ်မောင်းကို ဓာတ်ပုံ တိတ်တဆိတ်ရိုက်ထားခဲ့ပြီး အငှားယာဉ် App platform ထံ တိုင်တန်းခဲ့သည့်အပြင် ယာဉ်ထိန်းရဲထံသို့ပါ တိုင်တန်းခဲ့သည်။အဆိုပါ platform က ပြောသည်မှာ မိမိတို့အနေဖြင့် ယာဉ်မောင်းကို သတိပေးထားပြီဖြစ်ကြောင်းပြောကာ လီအား ၅ ယွမ်တန် ကူပွန်တစ်ခု ပေးခဲ့သည်။ခရီးစဉ်၏ ကားခမှာ ယွမ် ၂၇၀ (၃၇ ဒေါ်လာ ) ဖြစ်သည်။လီက ကံကောင်းထောက်မ၍ အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတို့ကလည်း လီ၏ ပြောဆိုမှုကို လက်ခံကြသည်။

“သူ့အနေနဲ့ ကားသမားကို ကားရပ်ခိုင်းသင့်တယ်။ ၁ နာရီ ကီလို ၁၃၀ နှုန်းက အက်ဆီးဒင့်ဖြစ်မယ်ဆိုရင် သေနိုင်ပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။ “Autopilot mode ကို အလွန်အကျွံ မှီခိုအားထားတဲ့ ဖြစ်ရပ်ပါပဲ။ ခရီးသည်ရဲ့ ဘေးကင်းလုံခြုံမှုကို မလေးစားတဲ့ ယာဉ်မောင်းတွေကို ကားမောင်းခွင့် မပေးသင့်ပါဘူး” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com