• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အရှေ့တောင်အာရှ ၃ နိုင်ငံသို့ ကားတစ်စီးဖြင့် ၃ နှစ်အရွယ် သမီးငယ်နှင့်အတူ ခရီးထွက်ခဲ့သော ဗီယက်နမ် ဇနီးမောင်နှံ ၂ ဦးအကြောင်း

အရှေ့တောင်အာရှ ၃ နိုင်ငံသို့ ကားတစ်စီးဖြင့် ၃ နှစ်အရွယ် သမီးငယ်နှင့်အတူ ခရီးထွက်ခဲ့သော ဗီယက်နမ် ဇနီးမောင်နှံ ၂ ဦးအကြောင်း

  • 1702 views

travel1-17442766501891486514691-0-0-613-981-crop-1744276672356685057521.jpg

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှ အသက် ၃၀ အရွယ် ငုယင် နော့မင်း (Nguyen Ngoc Minh) နှင့် ဇနီးဖြစ်သူ ထရန်သန်သောင် (Tran Thanh Thao) တို့သည် စွန့်စားသွားလာမှု ဝါသနာကြီးကာ မကြာခဏ ခရီးထွက်လေ့ရှိသူများ ဖြစ်ကြသည်။

၎င်းတို့သည် ၃ နှစ်အရွယ် သမီးငယ် ငုယင်ခန်အန်း (Nguyen Khanh An) နှင့်အတူ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း အစရှိသော ၃ နိုင်ငံကို ကားတစ်စင်းဖြင့် ခရီးထွက်မှုမှာ ရက် ၃၀ အကြာတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ငုယင် နော့မင်းသည် ခရီးထွက်ခြင်းကို အထုံဝါသနာကြီးသူဖြစ်ပြီး ၎င်း၏ ဇနီးမှာလည်း စူးစမ်းလေ့လာရမှုကို မက်မောသူ ဖြစ်သည်။

၎င်းတို့စုံတွဲအတွက် ခရီးသွားလာခြင်းဆိုသည်မှာ နိစ္စဒူဝဘဝမှ ခေတ္တရုန်းထွက်သည့် သဘောမျှ မဟုတ်ချေ။

ခရီးထွက်ခြင်းသည် သူတို့နှစ်ဦး၏ လူနေမှုဘဝပုံစံ (life style) လည်း ဖြစ်သည်။
ထို့အပြင် မိသားစု စည်းစည်းလုံးလုံးရှိစေမည့် နည်းလမ်းတစ်ခုဖြစ်ပြီး သမီးငယ်အတွက် သတ္တလောကကြီးကို လက်တွေ့ကွင်းဆင်းလေ့လာနိုင်မည့် အခွင့်အလမ်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ ခရီးစဉ်က ရက် ၃၀ ကြာမြင့်ခဲ့ပါတယ်။ ဗီယက်နမ်ကနေ ခရီးစဉ်စခဲ့ပြီး ကမ္ဘောဒီးယားကတဆင့် ထိုင်းအထိ ရောက်ခဲ့ပါတယ်။” ဟု ငုယင် နော့မင်းက ပြောသည်။

“ကျွန်တော်တို့ဟာ Hoa Lu နယ်စပ်ဂိတ်ကနေ ကမ္ဘောဒီးယားကို ဝင်ပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်း ထိုင်းနယ်စပ်မှာရှိတဲ့ ခရုန်ပွိုင်ပတ်လို့ခေါ်တဲ့ ပွိုင်ပတ်မြို့လေးကနေ ထိုင်းနိုင်ငံကို ဝင်ခဲ့ပါတယ် ”

“လမ်းတလျှောက် စိမ်းလန်းသာယာလှပတဲ့ ရှုခင်းတွေနဲ့ ဒေသခံတွေရဲ့ ယဉ်ကျေးမှုတွေ ထိတွေ့ခွင့်ရခဲ့ပါတယ်”

ထိုခရီးစဉ်တွင် မေ့မရနိုင်ဖွယ် အတွေ့အကြုံတစ်ခုမှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဘန့်ရတ်ထိုင်း (ချစ်သောထိုင်းဟု အဓိပ္ပာယ်ရ) အမည်ရှိ ရွာကလေးတွင် လည်ပတ်ခဲ့ရမှု ဖြစ်သည်။ 

ထိုင်း-မြန်မာနယ်စပ်ရှိ ဘန့်ရတ်ထိုင်းရွာကလေးအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုသော လူကြီးမင်းများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတဆင့် ဖတ်ရှုနိုင်ပါသည်။

(ဆက်စပ်သတင်း)

လဘက်မြည်းပွဲတော်နှင့် မက်မွန်ဝိုင်တို့ ဌာနေ (သို့မဟုတ်) ထိုင်းနိုင်ငံက ဘန့်ရတ်ထိုင်းရွာလေး

https://www.imyanmarhouse.com/news/read/1041314

 

travel2-17442768475921364372753.jpg

(▲ ငုယင် နော့မင်း၊ ဇနီးနှင့် သမီးဖြစ်သူတို့ကို ခရီးစဉ် တနေရာတွင် တွေ့ရပုံ။ ဓာတ်ပုံ-Supplied)

နိမ့်ချည်မြင့်ချည် တောင်ကုန်းများတလွှားရှိ စိမ်းမြမြ လဘက်ခင်းများအကြားတွင် ငုယင် နော့မင်း၏ သမီးငယ်လေးသည် ဒေသခံတို့နှင့်အတူ လဘက်ခူးရင်း ကျေးလက်လူနေမှုဘဝကို ပထမဆုံး စတင်မြည်းစမ်းခွင့် ရခဲ့သည်။

“ညဘက်မှာ ကျွန်တော်တို့ မိသားစုဟာ တရုတ်ပုံစုံ hotpot ကို တောင်ကုန်း တောင်တန်းတွေကြားထဲမှာ ဝိုင်းဖွဲ့စားသောက်ခဲ့ကြပါတယ်။ မမေ့နိုင်စရာ အမှတ်တရတစ်ခုပါပဲ” ဟု ငုယင် နော့မင်းက ပြောသည်။

travel3-1744276906505792182853.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Family van life: Vietnamese couple travels across 3 Southeast Asian countries with 3-year-old daughter
Photo Credit-Supplied