၂၀၂၅ ခုနှစ် ရှန်ဟိုင်း ကားပြပွဲကြီးမှ စိတ်ဝင်စားဖွယ် တရုတ်ပြည်တွင်းထုတ် ကားမော်ဒယ်များ

  • 1323 views

Beijing-BJ30.jpg
ယခင်က ဒုတိယတန်းစားအဖြစ် ရှုမြင်ခဲ့ကြသော ကားအမှတ်တံဆိပ်များမှာ ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ကားပြပွဲကြီးတွင် အဓိကရ ဖြစ်လာသည်။

သာဓကအားဖြင့် Zeekr ၏ ပြခန်းမှာ မိခင်ကုမ္ပဏီဖြစ်သော Geely ထက်ပင် ပိုမိုကြီးမားနေသည့်အပြင် Hongqi မှာလည်း BYD ကဲ့သို့ ဒိတ်ဒိတ်ကြဲများနှင့် ပြခန်းအကျယ်အဝန်းအရ ရင်ဘောင်တန်းလာသည်။

Avatr-06~1.jpg

(06 ဖြင့် ပွဲထွက်လာသော AvatR ၏ သားနားသော အတွင်းပိုင်း။ လေကာမှန်၏ အောက်ဘက်ဆီတွင် စာတန်းများ ထိုးကာ အချက်ပြပေးသည်။ (ဒုတိယမြောက် ဓာတ်ပုံ)

BYD-Dynasty-D-concept.jpg

(BYD ထုတ် Dynasty D concept ကား)

 

BYD-Ocean-S-concept.jpg

(BYD Ocean S concept)

 

BYD-Sealion-05-EV.jpg

(BYD Sealion 05 လျှပ်စစ်ကား)

 

BYD-Sealion-07-EV.jpg

(BYD Sealion 07 လျှပ်စစ်ကား)

BYD သည် ယခုနှစ်တွင် ကားမော်ဒယ်သစ်များ အလုံးအရင်း မိတ်ဆက်ခြင်း မရှိသေးဘဲ စတေရှင် ဝက်ဂွန်း မော်ဒယ်တစ်ခုနှင့် Seal 06 ၏ EV variant သာ ချပြသေးသည်။

ရှန်ဟိုင်းကားပြပွဲတွင် concept car ၂ မျိုး ပွဲထုတ်လာရာ Dynasty D နှင့် Ocean S တို့ ဖြစ်သည်။

Chery-QQ-2.jpg

Chery-QQ-a.jpg

(ရှန်ဟိုင်း ကားပြပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံး ကားမော်ဒယ်တစ်ခုဖြစ်သော Chery QQ မော်ဒယ်သစ်။ QQ သည် ယခင်ကပင် Chery ၏ အရောင်းရဆုံးမော်ဒယ်ဖြစ်သည်။ ယခုမော်ဒယ်မှာ ရောင်းအား အလွန်ကောင်းမည့် အလားအလာရှိသည်။)

Exeed-Concept.jpg

(Chery Group ၏ Exeed concept ကားမော်ဒယ်။ Chery က Exlantix ဆီဒင်မော်ဒယ်သစ်ကိုလည်း ချပြလာသည်။)

Fang-Cheng-Bao-Bao-3~1.jpg

FangChengBao-Bao-3-interior~1.jpg

(Fang Cheng Bao Bao 03 ၏ အတွင်းပိုင်း)

Fang-Cheng-Bao-Bao-8-interior.jpg

(Fang Cheng Bao Bao 8 ၏ အတွင်းပိုင်း)

(Firefly သည် NIO ၏ entry level မော်ဒယ်သစ်တစ်ခု ဖြစ်သည်။ NIO ၏ ပြခန်းတွင် ပြသခဲ့ပြီး NIO အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။ ယခုနှစ်ကုန်တွင် ၁၆ နိုင်ငံခန့်သို့ ဖြန့်ချိသွားရန် စီစဉ်ထားပြီး Firefly ကို အဓိကပစ်မှတ်ထားသည့် ဈေးကွက်မှာ ဥရောပ ဖြစ်သည်။ တရုတ်ပြည်တွင် ယွမ် ၁၁၉၈၀၀ (ကန်ဒေါ်လာ ၁၆၄၀၀) ဖြင့် ဝယ်ယူနိုင်ပြီး ဥရောပသို့ ဖြန့်ချိချိန်တွင် ယူရို ၃၀၀၀၀ အောက်ဖြင့် ရောင်းချဖွယ်ရှိသည်။)

Geely-Galaxy-E8~1.jpg

(Geely Galaxy E8 ၏ အထင်ကြီးဖွယ် အံ့မခန်း ဒက်ရှ်ဘုတ်)

 

iCar-M23-b~2.jpg

(iCar ထုတ် V23 ၏ ပစ်ကပ်ဗားရှင်း)

 

Leapmotor-B01.jpg

Leapmotor-B10.jpg

Leapmotor-B10-interior.jpg

(Leapmotor က B01 ဆီဒင်ကို မိတ်ဆက်လာသည်။ ရောင်းအားကောင်းသော မော်ဒယ်ဖြစ်လာနိုင်ပြီး ဈေးနှုန်းမှာ ယွမ် ၈၈၈၀၀ (ကန်ဒေါ်လာ ၁၂၂၀၀) ခန့် ရှိနိုင်သည်)

Li-Mega.jpg
(Li Mega)

 

MG-Cyber-X-concept.jpg

(MG က ချပြသော Cyber X concept ကား။ MG ၏ ပြခန်းတွင် Cyberster များ ပြည့်နှက်နေသည်။)

 

MHero-M817.jpg

(M-Hero က ချပြလာသော M817 မော်ဒယ်သစ်။ )

 

NIO-ET9.jpg

 

NIO-ET9-interior.jpg

NIO က မိတ်ဆက်လာသော ET9 မော်ဒယ်သစ်။ ဆီဒင်နှင့် crossover ကြားတွင် ရှိသည်။)

Onvo-L90.jpg

(Nio ၏ mid-premium brand ဖြစ်သော Onvo က ၎င်းတို့၏ ဒုတိယမြောက် မော်ဒယ်ဖြစ်သော L90 large SUV ကို မိတ်ဆက်လာသည်။)

Xiaomi-SU7-Ultra.jpg

(Xiaomi ၏ ပြခန်းမှာ ရှန်ဟိုင်းကားပြပွဲတစ်ခုလုံးတွင် လူအစည်ဆုံးဖြစ်သည်။ သို့သော် Xiaomi က ၎င်းတို့၏ အနာဂတ်ဆန်သော YU7 ကို ချမပြသေးချေ။ ယခုချပြလာသည်မှာ SU7 Ultra Variant ၂ မျိုးနှင့် standard SU7 variant ၁၁ မျိုး ဖြစ်သည်။)

Zeekr-007-GT.jpg

Zeekr-9X.jpg

Zeekr-stand.jpg

(Zeekr က ၎င်း၏ flagship မော်ဒယ်ဖြစ်သော 9X SUV ကို ချပြလာသည်။ 0 to 100 km/h အမြန်နှုန်းကို ၃ စက္ကန့်အတွင်းရနိုင်သည်။ ဈေးနှုန်းမှာ ယွမ် ၅၀၀၀၀၀  (ကန်ဒေါ်လာ ၆၈၅၀၀) ဝန်းကျင် ရှိသည်)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Shanghai Auto Show 2025: the domestic brands