- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကလင့်အိစ်ဝုဒ်က The Good, the Bad and the Ugly ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့မှု အတွက် လက်ဆောင်ရခဲ့သော ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိ Ferrari 275 GTB Berlinetta အကြောင်း
ကလင့်အိစ်ဝုဒ်က The Good, the Bad and the Ugly ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့မှု အတွက် လက်ဆောင်ရခဲ့သော ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိ Ferrari 275 GTB Berlinetta အကြောင်း
- 1341 views
ကလင့်အိစ်ဝုဒ်ဟု ပြောလိုက်သည်နှင့် စိတ်အာရုံအတွင်းသို့ ဦးစွာပေါ်လာမည်မှာ ကောင်းဘွိုင်ဦးထုပ်ဆောင်း ထားကာ မှုန်တေတေ မိုက်ကန်းကန်းအကြည့်ဖြင့် ပိဿလေးနှင့် ဘေးကိုပစ်သကဲ့သို့ ပြောဆိုတတ်ပုံများကို မြင်ယောင်လာမည် ဖြစ်သည်။
ကလင့်အိစ်ဝုဒ်၊ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော The Good, the Bad and the Ugly နှင့် Ferrari 275 GTB Berlinetta မော်တော်ကားတို့အကြား ဆက်နွှယ်မှုတစ်ခု ရှိနေသည်။
ကလင့်အိစ်ဝုဒ်သည် ၁၉၆၆ ခုနှစ်ထုတ် Ferrari 275 GTB Berlinetta ကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်း မဟုတ်ချေ။
ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော The Good, the Bad and the Ugly တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် အီတလီရုပ်ရှင်ထုတ်လုပ်သူ Dino De Laurentis က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါဇာတ်ကားအတွက် ထိုခေတ်ငွေဖြင့် သရုပ်ဆောင်ကြေး ဒေါ်လာ ၂၅၀၀၀၀ ၊ အမြတ်၏ ၁၀ ရာခိုင်နှုန်းအပြင် ယခု Ferrari တို့ကို ရရှိခဲ့သည်။
(ကလင့်အိစ်ဝုဒ်၏ Ferrari ။ ဓာတ်ပုံ- Exclusivecarregistry.)
((Engine: Italian Stallion Power))
(ကလင့်အိစ်ဝုဒ်၏ Ferrari ။ ဓာတ်ပုံ- Exclusivecarregistry.)
၁၉၆၆ ခုနှစ်ထုတ် Ferrari 275 GTB ၏ သားနားသော ဘောနပ်အခုံးအဝိုက်အောက်ဆီတွင် အင်အားကြီးသော တစုံတခု ရှိနေသည်။
ထိုအရာကား 3.3-liter V12 အင်ဂျင်ဖြစ်ပြီး ထိုခေတ်ထိုအခါက အံ့ဖွယ်အင်ဂျင်နီယာပညာ၏ ပြယုဂ်တစ်ခုဖြစ်ခဲ့ကာ ယနေ့တိုင်လည်း Ferrai သမိုင်းတွင် ချစ်မြတ်နိုးခံရဆုံး အင်ဂျင်များတွင် ပါဝင်နေဆဲ ဖြစ်သည်။
မြင်းကောင်ရေ ၂၈၀ အားရှိပြီး မြန်နှုန်း 150 mph ကျော်ရှိရှာ ထိုခေတ်ထိုအခါက အမြန်ဆုံးကားများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
(ကလင့်အိစ်ဝုဒ်၏ Ferrari ။ ဓာတ်ပုံ- es.motor Newspaper)
275 GTB ၏ အတွင်းပိုင်းမှာ minimalism ဆန်သည်။
သားရေပျော့ ထိုင်ခုံများ၊ သစ်ဖြင့် အလှဆင်ထားသော စတီယာရင်၊ ပြိုင်ကားတစ်စင်းဆိုသည်ထက် တိုက်လေယာဉ်တစ်စင်းအသွင် ခံစားရစေသော cockpit တို့ဖြင့် ဖွဲ့စည်းထားသည်။
Touchscreen မရှိ။ အသံဖြင့် စေခိုင်းချက်များ မရှိ။ ယာဉ်မောင်းသူနှင့် စက်ပိုင်း၊ လမ်းတို့ တိုက်ရိုက်ထိတွေ့ရမှုသာရှိသည်။
Old-school သမား၊ လူကြမ်းကြီး ကလင့်အိစ်ဝုဒ်နှင့်မူ လိုက်ဖက်ညီမှုကြီးပင်။
(Clint Eastwood ၏ Ferrari. ဓာတ်ပုံ- Exclusivecarregistry)
ကလင့်အိစ်ဝုဒ်၏ 1966 မော်ဒယ် Ferrari 275 GTB သည် ၂၀၀၄ ခုနှစ်က လေလံဈေးကွက်သို့ ရောက်ရှိခဲ့ဖူးပြီး ထိုစဉ်က ကန်ဒေါ်လာ ၆၂၃၆၉၆ ရခဲ့သည်။
ဟောလိဝုဒ်နှင့် ဆက်နွှယ်သည့် သမိုင်းကြောင်း၊ Ferrari ၏ အထင်ကရအရှိဆုံး မော်ဒယ်တစ်ခုဖြစ်ခြင်း အစရှိသော အချက်များကို ထောက်ဆလျှင် ထိုဈေးနှုန်းမှာ အချိုအချောင်ဈေးနှုန်းဟု ဆိုနိုင်သည်။
classic.com ၏ ဖော်ပြချက်အရ အလားတူ မော်ဒယ်မျိုးမှာ ယနေ့ခေတ်ပေါက်ဈေးအားဖြင့် ကန်ဒေါ်လာ ၂,၃၁၃,၆၈၈ ခန့်ရှိသည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: He Sold For $623,696: Meet Clint Eastwood's Ferrari That Became The Envy of Hollywood (tork.buzz)