၂၄ ကာရက် ရွှေစာလုံးများဖြင့် အလှဆင်ထားသော Zeekr 009 Grand Collector Edition MPV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၂၃,၂၀၀ ဖြင့် စတင်ဖြန့်ချိ

  • 576 views

1-4-1-768x401.jpg

တရုတ်ပြည်တွင် ထုတ်လုပ်သော MPV များအနက် Luxury အဖြစ်ဆုံးမော်ဒယ်ဖြစ်သည့် Zeekr 009 Grand Collector Edition MPV လျှပ်စစ်ကားသည် ယွမ် ၈၉၉၀၀၀ (ကန်ဒေါ်လာ ၁၂၃၂၀၀) ဖြင့် ဈေးကွက်သို့ တရားဝင်စတင်ဝင်ရောက်လာသည်။

1-35.jpg

ကားအတွင်းအပြင်တွင် ရွှေစာလုံးများဖြင့် အလှဆင်ပေးထားပြီး ရပ်တည်မှုအနေဖြင့် Grand Edition ၏ အထက်တွင် ရှိသည်။ကားတစ်စင်းလုံး နေရာအနှံတွင် တံဆိပ် ၇ ခုကို ၂၄ ကာရက်ရွှေ ၃ ဂရမ် အသုံးပြုကာ အလှဆင်ပေးထားခြင်း ဖြစ်သည်။

1-36-800x717.jpg

ဧပြီ ၂၃ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းကားပြပွဲကြီးတွင် Grand Collector Edition MPV ကို ပါဝင်ပြသသွားရန် စီစဉ်ထားသည်။Customer များထံ ဖြန့်ချိပေးမှုမှာ ဇွန်လထဲတွင် စတင်မည် ဖြစ်သည်။

1-42-800x502.jpg

(ဝဲဘက်- Grand Collector Edition ၊ ညာဘက် Grand Edition)

 

1-37-800x424.jpg

1-34-800x505.jpg

2-24-800x339.jpg

 

((ခြုံငုံသုံးသပ်ချက်))

■ ၁။ ဈေးနှုန်းနှင့် ရပ်တည်မှုအနေအထား

ဈေးနှုန်း- ယွမ် ၈၉၉၀၀၀ (ကန်ဒေါ်လာ ၁၂၃၂၀၀)

ရပ်တည်မှုအနေအထား- တရုတ်ပြည်ထုတ် MPV များတွင် Luxury အဖြစ်ဆုံးကားဖြစ်ကာ Grand Edition ၏ အထက်တွင် ရပ်တည်သည်။အထူး feature- logo ၇ ခု (ကားအတွင်း၊ အပြင်) ကို ၂၄ ကာရက်ရွှေ (စုစုပေါင်း ၃ ဂရမ်) ဖြင့် အလှဆင်ပေးထားသည်။

ဝယ်ယူရရှိနိုင်မှု အခြေအနေ
-၂၀၂၅ ရှန်ဟိုင်း ကားပြပွဲတွင် မိတ်ဆက်မည် (ဧပြီ ၂၃)
-customer များထံ ဖြန့်ချိမှုမှာ ၂၀၂၅၊ ဇွန်လတွင် စတင်မည်။

1-40-800x450.jpg

 

■ ၂။ ဒီဇိုင်းနှင့် dimension

ကိုယ်ထည်အရွယ်အစား- 5217/ 2024/ 1812 mm (L/W/H)
Wheelbase: 3205 mm (medium-to-large MPV)
အပြင်ပိုင်း upgrade များ
ရွှေဖြင့် ပြုလုပ်ထားသော လိုဂိုများ၊ ပြတင်းဘောင်များ၊ တံခါးလက်ကိုင်များ၊ ခြေနင်းများ
Roof lidar (ADAS)
အတွင်းပိုင်း အခင်းအကျင်း- 4-seat configuration

image-111.jpg

 

■ ၃။ နည်းပညာပိုင်းနှင့် Luxury Feature များ


Infotainment စနစ်
Qualcomm Snapdragon 8295 chip သုံးစွဲထားသော ရှေ့ဘက် control screen + နောက်ဘက်မှ ၄၃ လက်မ 4K entertainment screen (Zeekr OS 6.0)

Yamaha စပီကာ ၁၈ လုံး
ဂြိုဟ်တုစနစ်သုံး ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့ပေးပို့မှုစနစ်

နောက်ဘက်ထိုင်ခုံများ
-ချိန်ညှိနိုင်မှု ၂၄ မျိုး + နှိပ်နယ်ပေးသည့် Mode ၈ မျိုးပါဝင်
Control screen၊ ခေါက်သိမ်း စားပွဲ၊ leg rest များနှင့် headrest များ
Peruvian Andean ကုလားအုတ်မွေး ကော်ဇော
*Convenience: ၁၈ လီတာ အပူအအေး refrigerator

2-25-800x423.jpg

1-39-800x424.jpg

■ ၄။ Performance နှင့် ဘက်ထရီ

Powertrain: Dual motors (AWD) – ဆွဲအား 580 kW (778 hp)၊ ရုန်းအား 810 Nm
အမြန်နှုန်းရရှိမှု- 0–100 km/h (၃ ဒသမ ၉ စက္ကန့်)
ဘက်ထရီ- CATL 108 kWh 5C Qilin ternary lithium (800V platform)
မောင်းနိုင်မည့်ခရီး- ၇၀၂ ကီလိုမီတာ (CLTC)
အားသွင်းခြင်း- ၁၀ မှ ၈၀ ရာခိုင်နှုန်းကို ၁၁ ဒသမ ၅ မိနစ်သာကြာမြင့် (ultra-fast အားသွင်းစနစ်ဖြင့်)

1-38-800x557.jpg

■ ၅။ ဈေးကွက်ယှဉ်ပြိုင်မှု


competitor များအနေဖြင့် Ultra-luxury MPV များဖြစ်သော Mercedes-Benz EQV ၊ Lexus LM အစရှိသည်တို့ရှိသည်။
ထူးခြားချက်များ- ၂၄ ကာရက်ရွှေ လိုဂိုများ၊ ၃ ဒသမ ၉ စက္ကန့်အတွင်း 0-100 kmph အမြန်နှုန်းတင်နိုင်စွမ်း၊ Peruvian ကုလားအုတ်မွေး ကော်ဇော

image-109-800x552.jpg

image-106-800x619.jpg

1-43-800x443.jpg

3-22-800x446.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 24K gold Zeekr 009 Grand Collector Edition MPV launched at 123,200 USD in China