- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် 2025 Shanghai Auto Show တွင် Zeekr က ၎င်း၏ flagship မော်ဒယ်ဖြစ်သော 9X SUV ကို ပွဲထုတ်ရန် စီစဉ်ထား
တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် 2025 Shanghai Auto Show တွင် Zeekr က ၎င်း၏ flagship မော်ဒယ်ဖြစ်သော 9X SUV ကို ပွဲထုတ်ရန် စီစဉ်ထား
- 227 views
Geely ၏ premium EV brand ဖြစ်သော Zeekr က 2025 Shanghai Auto Show တွင် ၎င်း၏ flagship မော်ဒယ်သစ်ဖြစ်သော 9X SUV ကို ပွဲထုတ်ရန် စီစဉ်ထားသည်။
Zeekr ၏ အဆင့်အမြင့်ဆုံး မော်ဒယ်ဖြစ်ပြီး full-size luxury EV အနေဖြင့် ထွက်ရှိလာမည် ဖြစ်သည်။
Pure electric (BEV) နှင့် plug-in hybrid (PHEV) ဟု variant ၂ မျိုးရနိုင်ပြီး Zeekr Super Hybrid system ကို အသုံးပြုထားသည်။BEV ဗားရှင်းတွင် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် 900V high-voltage architecture ဖြင့် ထုတ်လုပ်ထားပြီး ultra-fast charging စနစ်ဖြင့် 480Kw အားဖြင့် အားသွင်းနိုင်ရာ အားသွင်းချိန် အလွန်မြန်သည်။CATL ၏ နောက်ဆုံးပေါ် ဘက်ထရီနည်းပညာကို သုံးထားပြီး ၁၀ မိနစ်အားသွင်းရုံဖြင့် ကီလို ၅၀၀ မောင်းနိုင်မည့်အားကို ရရှိမည်ဟု ခန့်မှန်းရသည်။
((ခြုံငုံသုံးသပ်ချက်))
((၁။ Powertrain ရွေးချယ်စရာများ))
(က။ BEV ဗားရှင်း)
● 900V high-voltage architecture ဖြင့် ထုတ်လုပ်ထားသည်။
● 480 kW အထိ အလွန်မြင့်မားသော ပါဝါအားဖြင့် အလွန်လျင်မြန်စွာ အားသွင်းနိုင်သည်။
(မှတ်ချက် ။ အများပြည်သူသုံး အားသွင်းစက် အများစုမှာ 50 မှ 150 KW အားအထိသာ ပါဝါအားရှိရာ 480 KW အားဖြင့်ဆိုလျှင် အလွန်လျင်မြန်စွာ အားဝင်နိုင်စွမ်းရှိလာမည် ဖြစ်သည်)
● ၁၀ မိနစ် အားသွင်းရုံဖြင့် ကီလို ၅၀၀ မောင်းနိုင်မည့်အားကို ရရှိမည်ဟု ခန့်မှန်းထားသည်။
● CATL ၏ နောက်ဆုံးပေါ် ဘက်ထရီနည်းပညာကို သုံးထားသည်။
((ခ။ PHEV ဗားရှင်း))
● Zeekr မှ အသစ်ထုတ်လုပ်သော "Super Hybrid" powertrain ကို သုံးထားသည်။
● 2.0T အင်ဂျင်ကို လျှပ်စစ်မော်တာများဖြင့် ပေါင်းစပ်ထားသည်။
● Pure electric, series hybrid နှင့် parallel hybrid modes အမျိုးမျိုးဖြင့် မောင်းနိုင်သည်။
● စုစုပေါင်း မောင်းနိုင်မည့် ခရီး - ၁၅၀၀ ကီလို (ဆီအပြည့်၊ ဘက်ထရီ အားအပြည့်ဖြင့်)
((၂ ။ Platform နှင့် ဒီဇိုင်း))
● Lynk & Co 900 နှင့် platform / ဒီဇိုင်းများ တူသည်။
● Dimension
အလျား- 5,290 mm
Wheelbase- 3,220 mm
● ထိုင်ခုံ ရွေးချယ်စရာ
-Standard ဗားရှင်းတွင် 6 သို့မဟုတ် 7 seats
-Premium ဗားရှင်းတွင် 4-seat luxury layout
((၃။ အလိုအလျောက် မောင်းနှင်စနစ်နှင့် Feature များ))
● NVIDIA Thor chipset ကို သုံးထားသည်။
● ကင်မရာနှင့် LiDAR sensor များပါသည်။
● Level 3 အဆင့် အလိုအလျောက် မောင်းနှင်စနစ် feature များ ထည့်သွင်းပေးထားရာ-
HD map များ မပါဘဲ Urban navigation ပေးနိုင်ခြင်း
Automated valet parking
Enhanced highway assist
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Zeekr will debut the flagship 9X SUV at the 2025 Shanghai Auto Show (carnewschina)