- ပင်မစာမျက်နှာ
- ကားသတင်းများ
- Formula One ရဲ့ မူလ အစက ဘယ်ကလဲ.......?
Formula One ရဲ့ မူလ အစက ဘယ်ကလဲ.......?
- 376 views
ယနေ့ ESPN နဲ့ Local Broadcasters အချို့မှာ ပြသနေတဲ့ F1(Formula One) ကားမောင်းပြိုင်ပွဲဟာဆိုရင် 1950 ကနေစတင်လာခဲ့တာ အခုဆိုရင် (75) နှစ် ထိတောင်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီလိုတဖြေးဖြေးနဲ့ တိုးတက်မှုရဲ့နောက်မှာ ကပ်ပါလာခဲ့တဲ့
ပြောင်းလဲမှုတွေကိုသာ ကျွန်တော်တို့မြင်တွေ့ခဲ့ကြရတာပါ။အဲ့လိုF1 (Formula One)တွေ မပေါ်ပေါက်ခင်က ကျင်းပတဲ့ ပထမဆုံးကားပြိုင်ပွဲအကြောင်းကတော့ ဘယ်သူမှ သိမယ်မထင်ပါဘူး။ ဒါကြောင့်ဒီနေ့မှာ knowledge
sharing တစ်ခုအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
ကားပြိုင်ပွဲတွေဆိုတာက အရင်ခေတ်တွေထဲက ပေါ်ပေါက်ခဲ့တယ် ဆိုပေမယ့်လည်း တကယ့်မှတ်တမ်းဝင်ဖြစ်ခဲ့တာကတော့
July 22, 1894 ခုနှစ်ကပြိုင်ပွဲပါ။ ပြင်သစ်သတင်းစာက ဦီးဆောင်ပြီးကျင်းပပေးခဲ့တဲ့ ဒီပြိုင်ပွဲမှာဆိုရင်ဝင်ရောက်ယှဉ်ပြိုင်သူ ၂၁ ဦးအထိရှိခဲ့ပြီး steam-powered vehicles အပြင် gasoline-powered cars တွေပါပါဝင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူကတော့ ရေနွေးငွေ့ကို အသုံးပြုရတဲ့ ကားကို မောင်းနှင်ခဲ့တဲ့ Comte Jules-Albert de Dion ဖြစ်ခဲ့ပေမယ့်လည်း ချန်ပီယံအဖြစ်သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူရဲ့ရေနွေးငွေ့သုံးကားဟာ ယာဉ်မောင်းပါရှိခဲ့တာကြောင့်ပါ။
ဒါပေမယ့်လည်း Karl Benz က ရှာဖွေတွေ့ရှိခဲ့တဲ့ gasoline ကိုမောင်းနှင်ခဲ့တဲ့ Émile Roger က ဒီအောင်ပွဲရဲ့သရဖူကို ဆောင်းနိုင်ခဲ့တာပါ။
ဒီပြိုင်ပွဲက မြန်နှုန်းမြင့်ကားတွေကိုအသုံးပြုပြီး ပြိုင်တဲ့ပြိုင်ပွဲမဟုတ်ပေမယ့်လည်း ဒီနေ့လို ကားတွေလမ်းမထက်မှာ တိုးတက်လာခြင်းရဲ့လမ်းစအဖြစ်ရှိခဲ့ပါတယ်။ဒါတွေကနေအဆင့်တက်ပြီး တစ်ဆင့်ထက်တစ်ဆင့် ပြောင်းလဲခဲ့ကြတာပါ။
ဘာတွေ ဘယ်လိုရှိခဲ့ရှိခဲ့ ပထမဆုံးကားပြိုင်ပွဲဆိုတာက အဆက်ဆက်ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲများရဲ့အခြေခံပြယုဂ်အဖြစ်ရှိနေခဲ့ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com