ကမ္ဘာပထမဆုံး မော်တော်ကားရဲ့အစ ဘယ်ကလဲ........?

  • 447 views

viber_image_2025-04-02_11-39-57-025.jpg

အခုလို တဖြေးဖြးနဲ့တိုးတက်နေတဲ့ "Ai" ခေတ်ကြီးထဲမှာ မော်တော်ကားတွေဆိုတာ လမ်းမထက်မှာ  နေ့စဉ် အိမ်စီးကားတွေကနေအစ Bus တွေအဆုံး 
နိစ္စဒူဝမြင်တွေ့နေရတယ် ဆိုတာ အထူးအဆန်းတော့ဟုတ်မယ်မထင်ပါဘူး။ တိုးတက်တာမှ Auto,manual တွေအပြင် အခုဆို EV အထိတောင် ထွက်ရှိလို့ နေပါပြီ။ 

ဒီလို ကားတွေတစ်စီးပြီး တစ်စီး မြင်နေရတာကို မဖြစ်ခင်အချိန်  (ကမ္ဘာပထမဆုံးကား) က ဘာကားလဲဆိုတာကို သိတဲ့သူလည်း ရှိနေနိုင်သလို မသိတဲ့သူလည်း ရှိနေနိုင်ပါတယ်။ 

ဒါကြောင့် မော်တော်ကားတို့ဖြစ်တည်ရာ ပထမဆုံးသမိုင်းကို အတူတူပြန်သွားကြည့်ကြရအောင်။ 

ပထဆုံးမော်တော်ကားကို မပြောခင် မော်တော်ကားနဲ့ပါဝါတူတဲ့ ထုတ်လုပ်မှုတွေအကြောင်းကို အရင်ဆုံး ပြောရပါလိမ့်မယ်။ 

၁၈ ရာစုမှာ ပြင်သစ်အင်ဂျင်နီယာ "Nicolas-Joseph Cugnot" တီထွင်ခဲ့တဲ့ ရေနွေးငွေ့သုံး သုံးဘီးဆိုင်ကယ်ပါပဲ။ 

အဲ့ဆိုင်ကယ်ဟာဆိုရင် သူထင်ထားခဲ့သလိုပဲ လက်တွေ့မှာ အလုပ်လုပ်ဖို့အတွက် တကယ်ကိုမှ နှေးကွေးနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အဲ့ဒီ ရေနွေးငွေ့သုံး သုံးဘီဆိုင်ကယ်ရဲ့တီထွင်မှုဟာ ယခုလို မော်တော်ကားတွေ လမ်းမထက်မှာ တစ်စီးပြီးတစ်စီး ပေါ်ပေါက်လာစေဖို့အတွက် ဦးတည်ရာအစလို့ ပြောရမှာပါ။ အဲ့လိုဖန်တီးမှုတွေပြီးတဲ့နောက် 1885–1886 မှာဆိုရင် 

Karl Benz ဟာ  ကမ္ဘာပထမဆုံးမော်တော်ယာဉ်ဆိုတဲ့ စာရင်းဝင်ဖြစ်လာမယ့် Benz Patent-Motorwagen (ဘီး၃ဘီးပါရှိသောကား) စတင်တီထွင်ထားခဲ့တာကို History တွေမှာ ပြန်ရှာကြည့်မယ်ဆိုရင်တော့ တွေ့ရမှာပါ။
 
အဲ့ကားဟာဆိုရင် single-cylinder, four-stroke internal combustion engine နဲ့ဖြစ်ပြီးတော့ တစ်နာရီလျှင် 10 miles per hour (16 km/h) ဆိုတဲ့အရှိန်နဲ့အတူ ထွက်ရှိထားတာဖြစ်ပြီး Test Drive ကိုဆိုရင်  July 3, 1886 ( Mannheim, Germany) မှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး 1888 မှာ  long-distance journey အဖြစ် စတင်ခဲ့မှုတွေကနေ ပြောင်းလဲလာခဲ့မှုက ယနေ့အထိ လူသုံးများနေသော ကားမျိုးစုံအထိပင်ဖြစ်ကြောင်း ပြောကြားရင်းနဲ့ ကားနဲ့ပတ်သက်တဲ့ ပထမဆုံးမော်တော်ကားဖြစ်ပေါ်လာပုံကို ဗဟုသုတတစ်ရပ် အနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com