တရုတ်ပြည်တွင် ပြည်ပဈေးကွက်အတွက် ရည်ရွယ်သော Mazda 6e ကို ထုတ်လုပ်ရေးလိုင်းမှ စတင်ထုတ်လုပ်ပြီ

  • 318 views

2-2-1-768x488.jpg

On April 2, the Mazda 6e, the Mazda EZ-6 ၏ export variant အနေဖြင့် Mazda 6e ကို တရုတ်ပြည်တွင် ဧပြီလ ၂ ရက်က ထုတ်လုပ်ရေးလိုင်းမှ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

Mazda 6e ကို ဥရောပနှင့် အရှေ့တောင်အာရှ အပါအဝင် ပြည်ပဈေးကွက်အတွက် ရည်ရွယ်ကာ နန်ကျင်းမြို့ရှိ Changan-Mazda ဖက်စပ်စက်ရုံမှ ထုတ်လုပ်ခြင်း ဖြစ်သည်။မော်ဒယ်အမည်တွင် e ထည့်သွင်းထားခြင်းမှာ လျှပ်စစ်ကားမှန်း သိသာစေရန်ဖြစ်သည်ဟု ဆိုသည်။

 

3-2-800x578.jpg

 

image-11-800x479.jpg

(▲ Mazda EZ-6)

နှိုင်းယှဉ်မှုအနေဖြင့် ကြည့်မည်ဆိုလျှင် တရုတ်ပြည်ဈေးကွက်တွင် လက်ရှိဖြန့်ချိထားသော Mazda EZ-6 မှာ ဈေးတန်း ယွမ် ၁၃၉၈၀၀ မှ ၁၇၉၈၀၀ (ကန်ဒေါ်လာ ၁၉၂၀၀ မှ ၂၄၇၀၀) ကြားရှိပြီး EV နှင့် EREV variant များရှိကာ ရွေးစရာ seven trim လာသည်။Mazda EZ-6 မှာ mid-size sedan ဖြစ်ပြီး dimension မှာ 4921/1890/1485 mm နှင့် wheelbase မှာ 2895 mm ရှိသည်။

Changan EPA hybrid platform ဖြင့် ထုတ်လုပ်ထားပြီး ယခု EV variant တွင် နောက် မော်တာ တပ်ဆင်ထားကာ အမြင့်ဆုံး အထွက်အား 190 kW (255 hp) နှင့် ရုန်းအား 320 Nm ရှိသည်။ ဘက်ထရီအနေဖြင့် ရွေးစရာ ၂ မျိုးရှိပြီး 56.1 kWh နှင့် 68.8 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီဖြစ်သည်။CLTC range မှာ ကီလို ၄၈၀ နှင့် ကီလို ၆၀၀ ဟု ၂ မျိုးလာသည်။အားသွင်းရန် ကြာချိန်မှာ ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ ၁၅ မိနစ်သာ ကြာမြင့်သည်။

EREV variant တွင်မူ ဆွဲအား 160 kW (215 hp) နှင့် ရုန်းအား 320 Nm ရှိ လျှပ်စစ်မော်တာကို နောက်ဘက်တွင် တပ်ဆင်ထားပြီး 1.5L အင်ဂျင်ပါလာသည်။လျှပ်စစ်သီးသန့်ဖြင့် မောင်းမည်ဆိုလျှင် ကီလို ၁၃၀ နှင့် ကီလို ၂၀၀ ၂ မျိုးရှိသည်။အဆိုပါ variant ၏ comprehensive range မှာ ၁၃၀၁ ကီလိုအထိ မောင်းနိုင်သည်။အားသွင်းရန် ကြာချိန်မှာ ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ ရရန် မိနစ် ၂၀ ဖြစ်သည်။
ဥရောပဈေးကွက်တွင် ဖြန့်ချိမည့် ဗားရှင်း ၂ မျိုးမှာ…

1-5-800x546.jpg

● Long Range: ဆွဲအား 180 kW (241 hp)/ ရုန်းအား 320 Nm (နောက်ဘက် လျှပ်စစ်မော်တာ)၊ 80 kWh ternary လီသီယမ် ဘက်ထရီ၊ မောင်းနိုင်မည့်ခရီး ၅၅၂ ကီလို (WLTP range)


● Standard: ဆွဲအား 190 kW (255 hp)/ ရုန်းအား 320 Nm (နောက်ဘက် လျှပ်စစ်မော်တာ)၊ 68.8 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ် ဘက်ထရီ၊ မောင်းနိုင်မည့်ခရီး ၄၇၉ ကီလို (WLTP range)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mazda 6e for overseas markets officially rolled off production line in China  (carnewschina)