- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်တွေကို ဒဏ်ကြေးလိုချင်လို့ လိုက်လံဖမ်းဆီးနေတာမဟုတ်ဘူးလို့ (YRTC) ပြော
YBS ယာဉ်တွေကို ဒဏ်ကြေးလိုချင်လို့ လိုက်လံဖမ်းဆီးနေတာမဟုတ်ဘူးလို့ (YRTC) ပြော
- 190 views
စည်းကမ်းဖောက်ဖျက်တဲ့YBS ယာဉ်တွေကို Traffic Control Center ကနေ စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနေတာဟာ ဒဏ်ကြေးလိုလို့ လိုက်လံဖမ်းဆီးနေတာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC)ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။YBS စနစ်ရဲ့ အဓိကအရေးကြီးတဲ့ယာဉ်မောင်းတွေဟာ ခရီးသွားပြည်သူတွေရဲ့ ဘေးကင်းရေးကိုဦးစားပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မီးနီဖြတ်မောင်းနှင်တဲ့YBS ယာဉ်မောင်းတွေကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်သလို သုံးကြိမ်ထက်ပိုကြီး ကျူးလွန်ပါက ရာသက်ပန်လိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC)ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။ယာဉ်မောင်းတွေအနေနဲ့ အခေါက်ရေများလိုတဲ့အတွက် တစ်စီးနဲ့တစ်စီး လုယက်မောင်းနှင်မှုတွေကြောင့် ခရီးသွားပြည်သူတွေရဲ့အသက်အန္တရာယ်ထိခိုက်နေရတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့တွင် နေ့စဉ် YBS ယာဉ်လိုင်း(၁၁၉)လိုင်းက ယာဉ်အစီးရေ(၃၆၀၀)ကျော်ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေ (၁)သန်းကျော် လိုက်ပါစီးနှင်းနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC) မှသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com