တရုတ်ပြည်တွင် Huawei ထုတ် Aito M8 large crossover မှာ အစင်းရေ ၁၀၀,၀၀၀ အထိ အမှာစာ ရရှိထားကာ တဟုန်ထိုးအောင်မြင်မှုများ ရရှိလျက်ရှိနေ

  • 433 views

aito_m8_presale_100000-768x432.jpg

တရုတ်ပြည်တွင် Huawei ထုတ် range-extended crossover ဖြစ်သော Aito M8 မှာ ဈေးကွက်တွင် မိတ်ဆက်ခြင်း မပြုရသေးမီတွင်ပင် အစင်းရေ ၁၀၀,၀၀၀ အထိ အမှာစာ ရရှိထားသည်ဟု ဆိုသည်။

Aito M8 သည် Huawei နှင့် တရုတ်ပြည်မှ ကားကုမ္ပဏီကြီးဖြစ်သော Seres (ယခင်အမည် SF Motors) တို့ ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်သည်။ဈေးတန်းမှာ ယွမ် ၃၆၈၀၀၀ မှ ၄၅၈၀၀၀ (ကန်ဒေါ်လာ ၅၀၅၄၀ မှ ၆၂၉၀၀ ) ကြားရှိသည်။မကြာမီတွင် တရုတ်ပြည်ဈေးကွက်သို့ ဝင်ရောက်လာတော့မည်ဟု သိရသည်။

► ခြုံငုံသုံးသပ်ချက်

(( ၁-မဟာဗျူဟာမြောက် လက်တွဲမှု))

● Huawei က ၎င်း၏ Harmony OS နှင့် ADAS တို့ကို ယူလာသည်။
● Seres ကားကုမ္ပဏီကြီးက ထုတ်လုပ်ရေးနှင့် chassis engineering ပိုင်းကို တာဝန်ယူသည်။
● ရောင်းချမှုမှာ Huawei ၏ HIMA store များတွင် Huawei ကျောထောက်နောက်ခံပြု EV များဖြစ်သော Luxeed (Chery နှင့် ဖက်စပ်ထုတ်လုပ်) ၊ Stelato (BAIC နှင့် ဖက်စပ်ထုတ်လုပ်) တို့နှင့်အတူ ရောင်းချမည် ဖြစ်သည်။

((၂- အထင်ကြီးလောက်စရာ Pre-Sale ရောင်းအား))

● ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်တွင် deposit ပေးသွင်းငွေ ယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀) ဖြင့် pre-sale စတင် ရောင်းချပေးခဲ့သည်။
● ၁ နာရီအတွင်း အစင်းရေ ၇၅၀၀ အမှာစာ လက်ခံရှိခဲ့သည်။
● ၁၂ နာရီအကြာတွင် အစင်းရေ ၂၈၀၀၀ အမှာစာ ရရှိခဲ့သည်။
● ရက်သတ္တ ၂ ပတ်အကြာတွင် အစင်းရေ ၇၀၀၀၀ အမှာစာ ရရှိခဲ့ပြီး ၃၂ ရက်အကြာတွင် အစင်းရေ ၁၀၀၀၀၀ အမှာစာ လက်ခံရရှိခဲ့သည်။

((၃။ ဈေးတန်းနှင့် ဈေးကွက်အနေအထား))

● ဈေးတန်းမှာ ယွမ် ၃၆၈၀၀၀ မှ ၄၅၈၀၀၀ (ကန်ဒေါ်လာ ၅၀၅၀၀ မှ ၆၂၉၀၀) ကြားဖြစ်သည်။ Aito M9 အောက် အနည်းငယ် ဈေးသက်သာသည်။ သို့သော် rival များဖြစ်သော Li Auto L8 ထက် premium ပိုဆန်သည်။
● ပစ်မှတ်ထားသော ဈေးကွက်- နည်းပညာစုံလင်ကာ ကျယ်ကျယ်ဝန်းဝန်းရှိသည့် EREV SUV ရှာနေကြသည့် upper-middle-class မိသားစုများကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ (မှတ်ချက်။ upper-middle-class ဟူသည်မှာ လူလတ်တန်းစားနှင့် အထက်တန်းလွှာကြားတွင်ရှိသည့် အုပ်စုကို ရည်ညွှန်းခြင်း ဖြစ်သည်)

aito_m8_presale_100000-4-800x450.jpg

 

aito_m8_presale_100000-3-800x450.jpg

aito_m8_presale_100000-1-800x450.jpg

((၄။ Features နှင့် Specs ))

● Dimensions
-အလျား -5,190 mm (၁၇ ပေ)
-Wheelbase: 3,105 mm (၁၀ ဒသမ ၂ ပေ) ရှိရာ Tesla Model X ထက် ပိုမို ကျယ်ကျယ်ဝန်းဝန်းရှိသည်။
● ဘက်ထရီနှင့် Range
-36 kWh (LFP): ၂၀၁ ကီလို (၁၂၅ မိုင်) CLTC
-52 kWh (NMC): ၃၁၀ ကီလို (၁၉၃ မိုင်) CLTC
-EREV (Extended-Range EV) တွင်မူ ဓာတ်ဆီအင်ဂျင်ကို generator အနေဖြင့် ထည့်ပေးထားသောကြောင့် range အတွက် စိတ်ပူစရာ မရှိတော့။
● Huawei ၏ အဆင့်မြင့်နည်းပညာ
-LiDAR အသုံးပြုထားသည့် ADAS စနစ် (Huawei ADS 2.0 ဖြစ်ဖွယ်ရှိ)
-Harmony OS infotainment စနစ်

 

aito_m8_presale_100000-2-800x450.jpg

((၅။ အဓိက Competitor များ ))

● Li Auto L8 (တရုတ်ပြည်တွင် အရောင်းရဆုံး EREV SUV)
● Deepal S09 (BYD ၏ ပြိုင်ဘက်)
● Tesla Model X (ဈေးပိုကြီးပြီး fully electric ဖြစ်)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Huawei’s Aito M8 large crossover is a banger in China with 100,000 orders   (carnewschina)