- ပင်မစာမျက်နှာ
- ကားသတင်းများ
- ချမ်းသာကြွယ်ဝသော ဘီလျံနာ သူဌေးကြီးတစ်ဦးက မာစီးဒီးကားများ အလုံးအရင်း အထူးအော်ဒါ မှာယူမှုကြောင့် မာစီးဒီးစက်ရုံတစ်ခု ယာယီပိတ်သိမ်းလိုက်ရသည့်ဖြစ်ပုံ
ချမ်းသာကြွယ်ဝသော ဘီလျံနာ သူဌေးကြီးတစ်ဦးက မာစီးဒီးကားများ အလုံးအရင်း အထူးအော်ဒါ မှာယူမှုကြောင့် မာစီးဒီးစက်ရုံတစ်ခု ယာယီပိတ်သိမ်းလိုက်ရသည့်ဖြစ်ပုံ
- 974 views
ဘီလျံနာသူဌေးကြီးတစ်ဦးသည် မာစီးဒီးကားများ အလုံးအရင်း အထူးအော်ဒါမှာယူခဲ့ရာ မာစီးဒီး၏ စက်ရုံတစ်ခု ယာယီပိတ်သိမ်းခဲ့ရဖူးသည်။
ကားလောကတွင် အထူးသီးသန့်အော်ဒါမှာယူလျှင် ထုတ်လုပ်ပြီးစီးရရှိရန် လနှင့်ချီ၍ ကြာမြင့်ပြီး တစ်ခါတစ်ရံတွင် မှာယူထားသော ကားရရှိရန် နှစ်နှင့်ချီ၍ စောင့်ဆိုင်းရလေ့ရှိသည်။ထိုသို့ အလုံးအရင်း အော်ဒါမှာယူမှုကြောင့် မာစီးဒီးက ၎င်း၏ စက်ရုံတစ်ခုတွင် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရပြီး အထူးအော်ဒါအတွက် သတ်မှတ်ချိန် deadline အတွင်း အပြီးထုတ်လုပ်နိုင်ရန် ဝန်ထမ်းများအား အထူးလေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုအပ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
မာစီးဒီး၏ စက်ရုံတစ်ခု ယာယီပိတ်သိမ်းလိုက်ရသည်အထိ အော်ဒါများ အလုံးအရင်းမှာယူခဲ့သူမှာ Rainbow Sheikh ဟု လူသိများသူ ရှိတ် ဟာမက် ဘင် ဟမ်ဒန် အယ်လ် နာယန်း (Sheikh Hamad bin Hamdan al Nahyan) ဖြစ်ပြီး သက်တန့်ရောင်သဖွယ် ရောင်စုံကားများ ကမ္ဘာပေါ်တွင် အများဆုံး စုဆောင်းပိုင်ဆိုင် ထားသည်ဟု ဆိုသည်။Rainbow Sheikh သည် အဘူဒါဘီ၏ တော်ဝင်မိသားစုဝင်ဖြစ်ပြီး ၎င်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ရှိသည်။
Rainbow Sheikh ထံတွင် ထူးဆန်းအံ့သြဖွယ်ကောင်းသော မော်တော်ကားများစွာ ပိုင်ဆိုင်ထားပြီး အထူးသဖြင့် အရွယ်အစားကြီးမားသော ကားကြီးများ ဖြစ်သည်။၎င်းထပ်မံ မှာယူသမျှ ကားများမှာ ယခင်ထက် ပိုမိုကြီးမားသည်ထက် ကြီးမားလာကာ ကောင်းသည်ထက် ကောင်းသော ကားများဖြစ်လာသည်။
သို့သော် Rainbow Sheikh ဟု နာမည်တွင်ရလာခြင်း အကြောင်းရင်းမှာ W126 Mercedes benz S-Class ကားများ အထူးအော်ဒါ မှာယူခဲ့မှုကြောင့် ဖြစ်သည်။ထိုသို့ မှာယူရာတွင် Rainbow Sheikh က ကားကို ရောင်စုံဖြစ်စေလိုရုံမျှမက မည်သည့်ကာလတွင် အပြီးသတ် ထုတ်လုပ်ပေးရမည်ဟူသော ကာလကန့်သတ်ချက်ဖြင့် မှာယူခဲ့ခြင်း ဖြစ်သည်။
(▲ Emirates National Auto Museum)
Rainbow Sheikh ပိုင်ဆိုင်သော Emirates National ကားပြတိုက်တွင် သက်တန့်ရောင်စုံ မာစီးဒီးကား များစွာ ခင်းကျင်းပြသထားသည်။
S-Class ကို သက်တန့်သဖွယ် ရောင်စုံဆေးသုတ်ထားခြင်း ဖြစ်သည်။
အခြားကားများ၏ အရောင်မှာမူ ရောင်စဉ်စက်ဝန်းတွင်ရှိသော အရောင်တစ်ခုချင်းစီကို အသုံးပြုထားသည်။ ထိုသို့ ရောင်စဉ် တစ်ခုချင်း ရယူထားရုံမျှမက အတွင်းပိုင်းများတွင်လည်း အဆိုပါအရောင်များကိုပင် အသုံးပြုထားသည်။ကားကြမ်းခင်းများမှသည် လေအေးပေးစက် လေထွက်ပေါက်များအထိပင်။
(▲ Emirates National Auto Museum)
Rainbow Sheikh ၏ ကားပြတိုက်တွင် အထူးအော်ဒါမှာယူထားသော ပေ ၄၀ ရှည်လျားသည့် ထရပ်ကားများမှသည် 1885 benz motor wagen အထိ ကားအမျိုးမျိုး ပါဝင်သည်။အဆိုပါကားမှာ ပထမဆုံး ထုတ်လုပ်ခဲ့သည့် မော်တော်ကားအဖြစ် လူအများက သတ်မှတ်ထားခြင်း ခံရသည့်ကား ဖြစ်သည်။
Rainbow Sheikh စုဆောင်းထားသော ကားများမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အမျိုးအစား အစုံလင်ဆုံး စုဆောင်းထားမှုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။Rainbow Sheikh ထံတွင် ကမ္ဘာ့ အကြီးမားဆုံး Hummer မော်တော်ကားလည်း ရှိသည်။ကမ္ဘာ့အကြီးမားဆုံး Hummer ကားကြီးတွင် မီးဖိုဆောင်ပါဝင်ကာ အထပ် ၂ ထပ်ဖြင့် ဖွဲ့စည်းထားသည်။
(▲ Supercar Blondie)
Rainbow Sheikh စုဆောင်းထားသော ကားများတွင် ဂန္ထဝင် အမေရိကန် Buicks, Chevy ကားများ၊ Cadillac များ ပါဝင်သည်။ထို့အပြင် Mercedes Big Foot နှင့် Honda မှ ထုတ်လုပ်သော နမူနာကား (prototype) များလည်း ပါဝင်ပြီး အဆိုပါကားများမှာ ကမ္ဘာ့လမ်းများပေါ်တွင် မည်သူမှ မတွေ့ဖူးသေးသော ကားများ ဖြစ်သည်။
(▲ Emirates National Auto Museum)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man with $20B net worth allegedly put in a car order so big it made Mercedes shut down its factory
Photo Credit- Emirates National Auto Museum