- ပင်မစာမျက်နှာ
- ကားသတင်းများ
- CATL ကျောထောက်နောက်ခံပြု Avatr 06 ဆီဒင်ကို တရုတ်ပြည်တွင် ယွမ် ၂၁၅၉၀၀ (ကန်ဒေါ်လာ ၂၉၇၅၀) ဖြင့် presale စတင်ရောင်းချပေး
CATL ကျောထောက်နောက်ခံပြု Avatr 06 ဆီဒင်ကို တရုတ်ပြည်တွင် ယွမ် ၂၁၅၉၀၀ (ကန်ဒေါ်လာ ၂၉၇၅၀) ဖြင့် presale စတင်ရောင်းချပေး
- 856 views
Avatr 06 ဆီဒင်ကို တရုတ်ပြည်တွင် presale စတင်ရောင်းချပေးနေသည်။
ဈေးနှုန်းမှာ ယွမ် ၂၁၅၉၀၀ (ကန်ဒေါ်လာ ၂၉၇၅၀) မှ စသည်။
Avatr 06 တွင် EREV နှင့် BEV ဟူ၍ ရွေးချယ်စရာ powertrain variant ၂ မျိုးလာသည်။
အဆိုပါမော်ဒယ်ကို တရုတ်ပြည်တွင် ယခုဧပြီလအတွင်း စတင်ရောင်းချပေးမည် ဖြစ်သည်။
Avatr ကို Changan နှင့် CATL တို့ ဖက်စပ်ထုတ်လုပ်ခြင်းဖြစ်ပြီး Huawei ကလည်း key supplier အနေဖြင့် ပါဝင်ထားသည်။
High-end brand ဖြစ်သော Avatr မှာ တရုတ်ပြည်တွင် ရောင်းအား နှေးကွေးနေသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစင်းရေ ၉၁၂၆၅ သာ ရောင်းချထားရသည်။
ထိုပမာဏမှာ ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် နည်းပါးသည့် ရောင်းအားဖြစ်သည်။
အဆိုပါ brand ၏ လက်ရှိ model line တွင် ၃ မျိုးလာသည်။
Avatr 11 fastback SUV, 12 liftback နှင့် 07 crossover တို့ ဖြစ်သည်။
Avatr က မတ်လ ၂၇ ရက်တွင် စတုတ္ထမြောက်မော်ဒယ်ကို တရုတ်ပြည်တွင် presale စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး Avatr 06 ဆီဒင် ဖြစ်သည်။
Avatr 06 တွင် ၎င်း၏ နောက်ဆုံးပေါ် design language နှင့်အတူ signature ဖြစ်သော LED running light များ တွေ့ရသည်။
Avatr 06 ၏ အမိုးပေါ်တွင် LiDAR sensor ရှိသည်။
Dimension မှာ 4885/1960/1450 mm ရှိပြီး wheelbase မှာ 2940 mm ရှိသည်။
အတွင်းပိုင်းတွင် ၃၅ ဒသမ ၄ လက်မအထိ ကြီးမားသော screen ကြီးရှိပြီး center console တလျှောက် ဖြန့်ကျက်တည်ရှိသည်။
Main screen ၏ diameter မှာ ၁၅ ဒသမ ၆ လက်မဖြစ်ကာ center console တွင် Side-view ကင်မရာ၏ မြင်ကွင်းများကို ပြသထားသည်။
အခြားသော အတွင်းပိုင်း feature များအနေဖြင့် Meridian စပီကာ ၂၅ လုံးနှင့် Nappa-wrapped seat တို့ကို တွေ့ရမည် ဖြစ်သည်။
The entry-level Avatr 06 BEV ၏ entry-level မော်ဒယ်တွင် နောက်ဝင်ရိုး၌ အထွက်အား 252 kW (338 hp) ရှိ လျှပ်စစ်မော်တာ သုံးထားသည်။
ထို့အပြင် 4WD variant လည်း ရနိုင်ပြီး စုစုပေါင်းအထွက်အားမှာ 440 kW (590 hp) ရှိသည်။
ဘက်ထရီမှာ 82 kWh LFP ဘက်ထရီဖြစ်ပြီး အားတစ်ကြိမ်သွင်းထားလျှင် ၆၅၀ ကီလိုအထိ မောင်းနိုင်သည်။
((presale ရောင်းချပေးမှု))
Avatr 06 ကို presale ရောင်းချပေးနေရာတွင် trim ၅ မျိုး ရွေးစရာရှိသည်။
၂ မျိုးမှာ EREV ဖြစ်ပြီး ကျန် ၃ မျိုးမှာ BEV ဖြစ်သည်။
Entry-level ဖြစ်သော Avatr 06 EREV Pro ၏ ဈေးနှုန်းမှာ ယွမ် ၂၁၅၉၀၀ (ကန်ဒေါ်လာ ၂၉၇၅၀) ဖြစ်သည်။
Avatr 06 ၏ ကျန် trim များဈေးနှုန်းကို ယခုဧပြီလအတွင်း တရားဝင် စတင်ရောင်းချချိန်တွင် သိရမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: CATL-backed Avatr 06 sedan started presales for 29,750 USD in China