• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD က မြင်းကောင်ရေ ၁၃၀၀ အားရှိသော Yangwang U7 ကို slowdown များပေါ် ဖြတ်သန်းမောင်းနှင်ရင်း အမိုးပေါ်တွင် ဝင်ချွန်းပညာရှင်ကို ကွန်ဖူးပညာသရုပ်ပြစေကာ ကား suspension စနစ် ကောင်းမွန်မှုကို လက်တွေ့စမ်းသပ်ပြခဲ့

BYD က မြင်းကောင်ရေ ၁၃၀၀ အားရှိသော Yangwang U7 ကို slowdown များပေါ် ဖြတ်သန်းမောင်းနှင်ရင်း အမိုးပေါ်တွင် ဝင်ချွန်းပညာရှင်ကို ကွန်ဖူးပညာသရုပ်ပြစေကာ ကား suspension စနစ် ကောင်းမွန်မှုကို လက်တွေ့စမ်းသပ်ပြခဲ့

  • 1173 views

viber_image_2025-04-03_11-15-10-167.jpg

BYD သည် Yangwang U7 ဆီဒင်ကို မိတ်ဆက်မှု မပြုလုပ်မီတွင် ကား Suspension စနစ်အား စမ်းသပ်ပြသခဲ့သည်။
Weibo လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် တွေ့ရှိရမှုအရ မြင်းကောင်ရေ ၁၃၀၀ အားရှိ Yangwang U7 ကို slowdown များပေါ် ဖြတ်သန်းမောင်းနှင်နေချိန်အတွင်း ဝင်ချွန်းပညာရှင်တစ်ဦးက ကားအမိုးပေါ်တွင် မတ်တပ်ရပ်လိုက်ပါရင်း ကွန်ဖူးသရုပ်ပြခဲ့သည်ကို တွေ့ရသည်။တစ်နည်းအားဖြင့် ကား suspension စနစ် မည်မျှကောင်းမွန်သည်ကို ပြသခြင်း ဖြစ်သည်။
Yangwang သည် high-end brand တစ်ခုဖြစ်ပြီး ရေထဲတွင် မောင်းနိုင်သည့် U8 SUV ၊ Dancing supercar ဟု နာမည်ကျော်သော U9 တို့ပြီးလျှင် U7 မှာ Yangwang Series ၏ တတိယမြောက် မော်ဒယ်လည်း ဖြစ်သည်။
Yangwang U7 သည် 4-door 5 seater ဖြစ်ကာ အလျား ၅ ဒသမ ၃ မီတာနီးပါးရှိနိုင်သည်။မော်တာ ၄ လုံးသုံးထားပြီး စုစုပေါင်းအထွက်အားအနေဖြင့် ရုန်းအား 956 kW (1,282 hp) နှင့် ဆွဲအား 1,584 Nm ရှိသည်။ဘက်ထရီ capacity မှာ 135.5 kWh ရှိပြီး အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၇၂၀ မောင်းနိုင်သည်။
Yangwang U7 ၏ ဈေးတန်းမှာ ယွမ် ၆၂၈၀၀၀ မှ ၇၀၈၀၀၀ ကြား (ကန်ဒေါ်လာ ၈၆,၅၀၀ မှ ၉၈,၀၀၀ ကြား) ရှိသည်။စတင်မိတ်မဆက်မီက ဈေးနှုန်း ကန်ဒေါ်လာ ၁၃၈၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ဒေါ်လာ တစ်သိန်းအောက်ဖြင့် ဖြန့်ချိလာခြင်းလည်း ဖြစ်သည်။
U7 တွင် ဆန်းသစ်လာသည်မှာ Disus-Z suspension system ဖြစ်ပြီး ထိုစနစ်မည်မျှကောင်းမွန်သည်ကို BYD က လက်တွေ့သရုပ်ပြကာ ဗွီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ခဲ့သည်။

viber_image_2025-04-03_11-15-11-545.jpg


Yangwang U7 ၏ Disus-Z suspension system ကို တရုတ်ပြည် ဟီဘေးပြည်နယ်၊ Zhangjiakou Ningyuan လေဆိပ်တွင် စမ်းသပ်ပြခဲ့ခြင်း ဖြစ်သည်။
U7 ကို အမြင့် 30 mm, 40 mm, 50 mm အစရှိသည့် အမြင့် အမျိုးမျိုးရှိသော slow down များရှိသည့် လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မောင်းနေချိန်တွင် ဝင်ချွန်းကိုယ်ခံပညာရှင်တစ်ဦးက ကားအမိုးပေါ်၌ ကွန်ဖူးကစားပြခဲ့သည်။
ဝင်ချွန်းသည် တရုတ်ပြည်တောင်ပိုင်းတွင် ကျော်ကြားသော ကိုယ်ခံပညာဖြစ်ပြီး IP Man ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သည်။
U7 မှာ slowdown များကို တစ်နာရီလျှင် ၁၅ ကီလိုနှုန်းဖြင့် မောင်းနှင်ဖြတ်သန်းနေချိန်တွင် ဝင်ချွန်းပညာရှင်က ကားအမိုးပေါ်၌ ခြေတစ်ချောင်းထဲဖြင့် ရပ်ကာ သရုပ်ပြခဲ့သည်။

viber_image_2025-04-03_11-15-15-010.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD demonstrates 1,300 hp Yangwang U7’s stability with Kung Fu stunt ahead of March 27 launch