ဘန်ကောက်တွင် ကျင်းပနေသော နိုင်ငံတကာ ကားပြပွဲမှ စိတ်ဝင်စားဖွယ် ကားမော်ဒယ်များ

  • 2186 views

အရှေ့တောင်အာရှ၏ အကြီးမားဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ကားပြပွဲများတွင် ဘန်ကာက်ကားပြပွဲလည်း တစ်ခု အပါအဝင်ဖြစ်သည်။

ဘန်ကောက်တွင် ကျင်းပနေသည့် ၄၆ ကြိမ်မြောက် “ဘန်ကောက်နိုင်ငံတကာ ကားပြပွဲ (BIMS)” တွင် ပါဝင်ပြသထားသည့် ကားများအနက် စိတ်ဝင်စားဖွယ် ကားမော်ဒယ်အချို့ကို အောက်တွင် ဖော်ပြထားပါသည်။

► Audi S6 Avant e-tron

S6 Avant ကို Premium Platform Electric architecture ဖြင့် ထုတ်လုပ်ထားသည်။100 kWh ဘက်ထရီ သုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၆၄၇ ကီလို မောင်းနိုင်သည်။စုစုပေါင်းအထွက်အား 543 hp ရှိပြီး 0-100 kmph အမြန်နှုန်းကို ၃ ဒသမ ၉ စက္ကန့်ဖြင့် ရနိုင်သည်။

► BMW X3 (G45)

BMW ၏ အသစ်ထုတ်လုပ်သော G45-generation X3 မှာ အလုံးစုံ ဆန်းသစ်ထားသော မော်ဒယ် ဖြစ်သည်။

 ထောင့်ဖြတ်လိုင်းများ၊ ချောမွေ့သော မျက်နှာပြင်များနှင့် ပြန်လည်ဆန်းသစ်ထားသော lighting signature တို့ကြောင့် ပိုမိုခေတ်မီသော ရုပ်ထွက်ရှိလာသည်။

 

► BYD Sealion 7

Sealion 7 သည် dual-motor variant ဖြစ်ပြီး အထွက်အား 523hp ရှိကာ ရုန်းအား 690Nm ရှိသည်။

0-100km/h အမြန်နှုန်းကို ၄ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်ပြီး အားတစ်ကြိမ်သွင်းထားလျှင် ၄၈၂ ကီလိုအထိ မောင်းနိုင်သည်။

 

► Isuzu mu-X

The mu-X သည် ရုပ်ထွက် အလုံးစုံ ဆန်းသစ်ထားပြီး Variant အားလုံးတွင် ရှေ့မီးကြီး၊ ရှေ့ဘန်ပါ၊ ဘီး အစရှိသည့် အားလုံး ဒီဇိုင်းသစ်ဖြစ်သည်။အတွင်းပိုင်းတွင် cluster screen သစ်၊ ၉ လက်မ infotainment တို့ ပါဝင်ကာ upholstery မှာ ရွေးစရာ အမျိုးမျိုးရှိသည်။

► Hyundai Creta

Creta တွင် 1.5-liter four-cylinder အင်ဂျင်သုံးထားပြီး အထွက်အား 115hp နှင့် ရုန်းအား 144Nm ရှိသည်။ ပိုမို powerful ဖြစ်သည့် 1.5-liter turbocharged အင်ဂျင်လည်း ရွေးစရာရှိပြီး အထွက်အား 160hp နှင့် ရုန်းအား 253Nm ရှိသည်။ ဂီယာမှာ seven-speed dual-clutch ဖြစ်သည်။

► Kia EV5

The Kia EV5 သည် compact all-electric crossover ဖြစ်ပြီး ၎င်း၏ lineup ထဲတွင်ဆိုလျှင် EV9 ၏ အောက်တွင် ရှိသည်။88.1kWh ဘက်ထရီသုံးထားပြီး အထွက်အား 308hp နှင့် ရုန်းအား 480Nm ရှိသည်။ အားတစ်ကြိမ်သွင်းထားလျှင် ၆၆၅ ကီလိုအထိ မောင်းနိုင်သည်။

► Mazda BT-50

There is a choice of two BT-50 တွင် အင်ဂျင် ရွေးစရာ ၂ မျိုးလာပြီး Isuzu ထုတ်များ ဖြစ်ကာ turbodiesel ဖြစ်သည်။3.0-liter (4JJ3-TCX) အင်ဂျင်မှာ ဆွဲအား 190hp နှင့် ရုန်းအား 450Nm ရှိပြီး ဂီယာမှာ six-speed auto ဖြစ်သည်။အခြားရွေးချယ်စရာအနေဖြင့် 2.2-liter mill (RZ4F-TC) အင်ဂျင်ရှိပြီး ဆွဲအား 163hp နှင့် ရုန်းအား 400Nm ရှိကာ ဂီယာမှာ eight-speed အော်တို ဖြစ်သည်။

► Mazda 6e နှင့် Iconic SP

6e မှာ လျှပ်စစ်ကားဖြစ်ပြီး Changan နှင့် ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ကာ EZ-6 ဟုလည်း ခေါ်ကြသည်။6e ၏ အတွင်းအပြင်တစ်ခုလုံးတွင် Mazda သားနားသော design language ကို တွေ့ရမည် ဖြစ်သည်။ 6e သည် Mazda ၏ နောက်ဆုံးထွက် BEV ဖြစ်သည်။80kWh ဘက်ထရီကို သုံးထားသောကြောင့် အားတစ်ကြိမ်သွင်းထားလျှင် ၅၅၂ ကီလိုအထိ မောင်းနိုင်သည်။


Iconic SP concept မှာမူ brand ၏ အမွေအနှစ်ကို ဆက်ခံထားသည်။ carbon-neutral လောင်စာသုံး two-rotor အင်ဂျင်ကို အသုံးပြုထားသည်။ အဆိုပါအင်ဂျင်မှာ လျှပ်စစ်မော်တာအတွက် လျှပ်စစ်အား ထုတ်လုပ်ပေးသည်။

► Mitsubishi Xforce HEV

Xforce သည် Mitsubishi ၏ နောက်ဆုံးထုတ် crossover လျှပ်စစ်ကား ဖြစ်ပြီး ဘန်ကောက်ကားပြပွဲတွင် ကမ္ဘာသို့ ချပြလာခြင်း ဖြစ်သည်။အကြီးမားဆုံး ပြောင်းလဲမှုမှာ e:Motion hybrid powertrain ဖြစ်သည်။1.6-liter four-cylinder ဓာတ်ဆီအင်ဂျင် (4A92) ကို လျှပ်စစ်မော်တာ၊ လီသီယမ်အိုင်းယွန်း ဘက်ထရီတို့ဖြင့် ပေါင်းစပ်ထားသည်။ဆွဲအား 116hp နှင့် ရုန်းအား 255Nm ရှိသည်။

► Porsche 911 Carrera GTS T-Hybrid

The T-Hybrid powertrain ကို ယခု Carrera GTS တွင် သုံးကာ ၄၆ ကြိမ်မြောက် Bangkok International Motor Show တွင် ပွဲဦးထွက် ပွဲထုတ်လာသည်။ဆွဲအား 541hp နှင့် ရုန်းအား 610Nm ရှိသည်။

► Toyota Yaris Ativ (AC100 Vios)

Vios ကို ထိုင်းတွင် Yaris Ativ ဟုသာ ခေါ်ကြသည်။Daihatsu New Global Architecture (DNGA-B) platform ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး 1.2-liter, 1.3 သို့မဟုတ် 1.5-liter ဓာတ်ဆီအင်ဂျင်များ ရွေးစရာရှိပြီး ဂီယာအနေဖြင့် five-speed manual သို့မဟုတ် CVT အော်တို ရွေးစရာရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The Noteworthy Cars from the 2025 Bangkok Motor Show  (wheels.ph)