- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘန်ကောက်တွင် ကျင်းပနေသော နိုင်ငံတကာကားပြပွဲကြီးတွင် BYD က Shark 6 PHEV ကို ပါဝင်ပြသ
ဘန်ကောက်တွင် ကျင်းပနေသော နိုင်ငံတကာကားပြပွဲကြီးတွင် BYD က Shark 6 PHEV ကို ပါဝင်ပြသ
- 2346 views
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေသော ဘန်ကောက်နိုင်ငံတကာ ကားပြပွဲ (BIMS) တွင် BYD က Shark 6 ပစ်ကပ်ကို ပါဝင်ပြသခဲ့သည်။
ဈေးနှုန်းမှာ ဘတ် ၁၆၉၉၀၀၀ (ကန်ဒေါ်လာ ၅၀၀၀၀ ဝန်းကျင်ခန့်) ရှိမည်ဟု ဆိုသည်။
Shark 6 ကို BYD ၏ DMO platform ဖြင့် ထုတ်လုပ်ထားပြီး dimension မှာ 5457/ 1917/ 1925 mm ဖြစ်ပြီး wheelbase မှာ 3260 mm ဖြစ်သည်။
ထို့ကြောင့် အရွယ်အစားအားဖြင့်ဆိုလျှင် ထိုင်းတွင် ရောင်းအားအကောင်းဆုံး အမြင့်တန်း ပစ်ကပ်များ၌ ပါဝင်သော Ford Ranger ထက် ပိုမိုကြီးမားသည်။
Shark 6 ကို နိုင်ငံပေါင်းများစွာတွင် ရောင်းချပေးနေရာ မက္ကဆီကို၊ သြစတေးလျနှင့် ဘရာဇီးတို့ အပါအဝင် ဖြစ်သည်။
အချို့နိုင်ငံများတွင်မူ Shark 6 အစား Shark ဟုသာ ခေါ်ကြသည်။
(▲BYD Shark 6)
BYD Shark 6 တွင် 1.5-liter 4-cylinder turbo အင်ဂျင်သုံးထားပြီး permanent magnet synchronous လျှပ်စစ်မော်တာ ၂ လုံးလည်း ပါသည်။
သို့သော် အင်ဂျင်မှာ ဘက်ထရီကို အားသွင်းရန်နှင့် မော်တာများကို ပါဝါပေးရန်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။
မော်တာ ၂ ခု၏ စုစုပေါင်းအထွက်အားမှာ ဆွဲအား 321 KW (430 hp) နှင့် ရုန်းအား 650 Nm ရှိကာ 0 to 100 kmph အမြန်နှုန်းကို ၅ ဒသမ ၇ စက္ကန့်အတွင်း ရနိုင်သည်။
ထို performance မှာ အလေးချိန် ၂၇၁၀ ကီလိုဂရမ်ရှိသော ပစ်ကပ်တစ်စင်းအတွက် အတော်လေး အထင်ကြီးစရာ ဖြစ်သည်။
ဘက်ထရီမှာ 29.58 kWh blade ဘက်ထရီကို သုံးထားသည်။
တရုတ်ပြည်မှ ကား brand များအနက် ထိုင်းဈေးကွက်သို့ ပစ်ကပ်တင်သွင်းလာသည်မှာ BYD သည် ပထမဆုံး Brand မဟုတ်ချေ။
GWM က ၂၀၂၄ ခုနှစ်အတွင်း Poer Sahar ကို ထိုင်းဈေးကွက်သို့ တင်သွင်းထားသည်။ Poer Sahar ၏ ဈေးတန်းမှာ ဘတ် ၁,၁၂၉,၀၀၀ မှ ၁,၃၈၉,၀၀၀ (ကန်ဒေါ်လာ ၃၃၂၀၀ မှ ၄၀၉၀၀ ကြား) ဖြစ်သည်။
ထိုင်းသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ပစ်ကပ်ဈေးကွက် ဖြစ်သည်။
ထိုသို့ ဈေးကွက်အားကောင်းရခြင်းမှာ အစိုးရ၏ အခွန်မူဝါဒနှင့် ထိုင်းတွင် MPV များ ဝယ်လိုအား ကောင်းသောကြောင့် ဖြစ်သည်။
ဒီဇယ်မှာ ဈေးသက်သာပြီး ဒီဇယ်အင်ဂျင်တို့မှာ ရုန်းအားကောင်းသောကြောင့် ထိုင်းတွင် ဒီဇယ်ကား များကို လူကြိုက်များသည်။
ထိုင်းတွင် တရုတ်ပြည်ထုတ်ကားများ ရောက်မလာမီက အနိမ့်တန်းနှင့် အလတ်စား ပစ်ကပ်ဈေးကွက် တွင် Toyota Hilux, Isuzu D-Max နှင့် Mitsubishi Triton တို့ကဲ့သို့ ဂျပန်ကားများ လွှမ်းမိုးထား ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD reveals Shark 6 PHEV pickup in Thailand