- ပင်မစာမျက်နှာ
- ကားသတင်းများ
- BAIC က ကီလို ၁၂၀၀ မောင်းနိုင်သော BJ40e EREV ကို တရုတ်ပြည်တွင် ဧပြီလ ၇ ရက်၌ စတင် မိတ်ဆက်မည်
BAIC က ကီလို ၁၂၀၀ မောင်းနိုင်သော BJ40e EREV ကို တရုတ်ပြည်တွင် ဧပြီလ ၇ ရက်၌ စတင် မိတ်ဆက်မည်
- 2555 views
BAIC သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း BJ40 Magic Core Electric Drive Edition (BJ40e) မော်ဒယ်သစ်အတွက် အမှာစာ စတင် လက်ခံခဲ့သည်။
Range -extended electric vehicle (EREV) ဗားရှင်း ဖြစ်သည်။
BAIC BJ40e ကို တရုတ်ပြည်တွင် ပထမဆုံး စတင်ရောင်းချမည်ဖြစ်ပြီး ဈေးတန်းမှာ ယွမ် ၂၂၄၈၀၀ (ကန်ဒေါ်လာ ၃၀၇၇၀) မှ ယွမ် ၂၄၄၈၀၀ (ကန်ဒေါ်လာ ၃၃၅၀၀) အထိ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ပုံမှန် BJ40 နှင့် နှိုင်းယှဉ်လျှင် ယခုမော်ဒယ်မှာ လျှပ်စစ် powertrain ကို ထည့်သွင်း ပေးလာသည်။
BJ40e တွင် turbocharged 1.5-liter four-cylinder ဓာတ်ဆီအင်ဂျင်သုံးထားပြီး မြင်းကောင်ရေ ၁၈၅ အား ထွက်သည်။ထို့အပြင် ဝင်ရိုးတစ်ခုစီတွင် မော်တာတစ်လုံးဖြင့် စုစုပေါင်း လျှပ်စစ်မော်တာ ၂ လုံးလည်း ပါသည်။ အခြားသော Hybrid များနှင့် မတူသည့်အချက်မှာ မောင်းနှင်ရန်အတွက် အင်ဂျင်မှာ မော်တာများနှင့် ပူးပေါင်းအလုပ်လုပ်ခြင်း ဖြစ်သည်။
Range -extender ၏ ဓာတ်ဆီအင်ဂျင်မှာ ဘက်ထရီများကို အားသွင်းပေးသည့် Generator အဖြစ်လည်း အလုပ်လုပ်သည်။BJ40e ၏ စုစုပေါင်းအထွက်အားမှာ 403 kW (540 hp) နှင့် ရုန်းအား 655 Nm ရှိသည်။ကားအလေးချိန်မှာ ၂၆၄၀ ကီလိုဂရမ်ရှိပြီး 0 to 100 km/h အမြန်နှုန်းရရန် ၅ ဒသမ ၅ စက္ကန့်သာ ကြာမြင့်သည်။ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၁ ဒသမ ၃၉ လီတာ ဖြစ်သည်။
EREV system ဖြင့် မောင်းလျှင် CLTC-rating အရ ကီလို ၁၂၀၀ မောင်းနိုင်ပြီး ဘက်ထရီအား သီးသန့်ဖြင့် ဆိုလျှင် ၁၅၂ ကီလို မောင်းနိုင်သည်။ဘက်ထရီမှာ 40.3 kWh ternary lithium battery ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းရန် ကြာချိန်မှာ မိနစ် ၃၀ သာ ဖြစ်သည်။
အပြင်ပန်း ရုပ်ထွက်မှာ second-generation BJ40 နှင့် အတော်တူသည်။ ထိုမော်ဒယ်မှာ ၂၀၂၃ နှစ်ကုန်ပိုင်းက ထွက်ရှိခဲ့ခြင်း ဖြစ်သည်။အခြားသော တရုတ်ပြည်ထုတ် ခေတ်ပေါ်ကားများစွာကဲ့သို့ပင် အတွင်းခန်း၌ ကြီးမားသော digital display များစွာ ပါဝင်သည်။ယာဉ်မောင်းရှေ့တွင် ၁၂ ဒသမ ၂၅ လက်မရှိ digital instrument cluster ရှိပြီး center console တွင် ၁၂ ဒသမ ၈ လက်မ dual screen ရှိသည်။တစ်ခုမှာ infotainment အတွက် ဖြစ်ပြီး အခြားတစ်ခုမှာ front passenger အတွက် ဖြစ်သည်။
အဆိုပါ display များကို Qualcomm Snapdragon 8155 system-on-chip (SoC) ဖြင့် ထိန်းချုပ်ထားပြီး AI voice assistant လည်း support ပေးသည်။
BAIC BJ40e ၏ Dimension မှာ 4790/1940/1964 mm ဖြစ်ပြီး wheelbase မှာ 2,760 mm ဖြစ်သည်။ နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် Mazda CX-50 ၏ Dimension မှာ 4785/1920/1,638 mm ဖြစ်ပြီး Wheelbase မှာ 2,815 mm ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BAIC BJ40e EREV with 1,200 km range set to launch in China on 7 April