Huawei က SAIC နှင့် ဖက်စပ်ထုတ်လုပ်သော Huawei ၏ ဈေးအသက်သာဆုံး EV brand ကို လာမည့် ဧပြီလ ၁၀ ရက်တွင် မိတ်ဆက်ရန် စီစဉ်

  • 2334 views

Huawei သည် တရုတ်ပြည်၏ နိုင်ငံပိုင် ကားထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော SAIC Motor နှင့် ပူးပေါင်းကာ လျှပ်စစ်ကားထုတ်လုပ်ရေးနယ်ပယ်သို့ ပိုမိုချဉ်းနင်းဝင်ရောက်လာနေသည်။

၎င်းတို့ မိတ်ဖက်လက်တွဲကာ “Shangjie” (尚界) အမည်ရှိ EV အမှတ်တံဆိပ်သစ်တစ်ခုကို မိတ်ဆက်မည် ဖြစ်ပြီး ဧပြီလ ၁၀ ရက်တွင် official launch ပြုလုပ်မည် ဖြစ်သည်။Huawei က ထုတ်လုပ်သည့် ကားများအနက် Shangjie မှာ ပဉ္စမမြောက် brand ဖြစ်လာမည်ဖြစ်သည်။“Shangjie” ၏ တရားဝင် အင်္ဂလိပ်ဘာသာသို့ အဓိပ္ပာယ်ပြန်ဆိုမှုကိုမှု အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးချေ။

Huawei သည် EV ဈေးကွက်တွင် အခိုင်အမာနေရာယူထားပြီးဖြစ်ကာ ယခုကဲ့သို့ SAIC နှင့် လက်တွဲမှုဖြင့် ကားလောကသို့ ခြေချမှု ပိုမိုတိုးချဲ့လာခြင်းလည်း ဖြစ်သည်။Huawei က ထုတ်လုပ်ထားပြီးဖြစ်သော ကားများမှာ….

(Aito M9)

Aito (问界 – Wenjie) ကားများကို Seres နှင့် မိတ်ဖက် လက်တွဲထုတ်လုပ်သည်။ M5, M7 နှင့် M9 မော်ဒယ်များ ထုတ်လုပ်ထားပြီး ၂၀၂၄ ခုနှစ်အတွင်း အစင်းရေ ၃၈၅၉၀၄ ရောင်းချခဲ့ရသည်။

(Luxeed R7))

Luxeed (智界 – Zhijie) မှာ Chery နှင့် ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်သည်။ဈေးတန်းမှာ ယွမ် ၂၀၀၀၀၀ မှ ၄၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၂၇၆၀၀ မှ ၅၅၂၀၀ ကြား) ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း အစင်းရေ ၅၇၉၅၆ ရောင်းချခဲ့ရသည်။

(Stelato S9 EV))

Stelato (享界 – Xiangjie) ကို BAIC နှင့် ပူးပေါင်းထုတ်လုပ်သည်။၂၀၂၄ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအကြား အစင်းရေ ၃၀၀၈ ရောင်းချခဲ့ရသည်။

(Maextro S800)

Maextro (尊界 – Zunjie) မှာ JAC Motors နှင့် ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။ပထမဆုံး မော်ဒယ်မှာ Maextro S800 sedan ဖြစ်ပြီး အဆင့်မြင့် နည်းပညာများ ထည့်သွင်းထားသည်။

မကြာမီ မိတ်ဆက်မည့် “Shangjie” brand ၏ ပထမဆုံးမော်ဒယ်မှာ အလတ်စားမှ အကြီးစား SUV ဖြစ်ဖွယ်ရှိပြီး ဈေးတန်းမှာ ယွမ် ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၂၀၇၀၀ မှ ၂၇၆၀၀ ကြား) ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။အဆိုပါ မော်ဒယ်ကို ယခုနှစ် စတုတ္ထ ၃ လပတ်တွင် စတင်ဖြန့်ချိဖွယ်ရှိသည်ဟု ဆိုသည်။အဓိကပစ်မှတ်ထားသည်မှာ လူငယ်မျိုးဆက်များအတွက် ဖြစ်သည်။

(Marvel RC7)

သတင်းများအရ ပထမဆုံး “Shangjie” မော်ဒယ်ကို SAIC ၏ ရှိရင်းစွဲ platform ကို အခြေခံကာ ထုတ်လုပ်မည်ဖြစ်ပြီး Marvel RC7 ဖြစ်တန်ရာချေ ရှိသည်။အဆိုပါမော်ဒယ်တွင် Huawei ၏ electric vehicle architecture ၊ အဆင့်မြင့် ADAS စနစ်နှင့် HarmonyOS smart cockpit တို့ ပေါင်းစပ်ပေးမည် ဖြစ်သည်။ Powertrain အနေဖြင့် လျှပ်စစ်သီးသန့်အပြင် range-extended ဗားရှင်းတို့ ပါဝင်ဖွယ် ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Huawei partners with SAIC to launch most affordable Huawei EV brand on April 10th