• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် BYD Qin L လျှပ်စစ်ကားကို ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ဈေးကွက်သို့ စတင်ဝင်ရောက်လာ၊ God’s Eye ADAS စနစ်ထည့်သွင်းပေးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၅၄၅ ကီလိုမောင်းနိုင်

တရုတ်ပြည်တွင် BYD Qin L လျှပ်စစ်ကားကို ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ဈေးကွက်သို့ စတင်ဝင်ရောက်လာ၊ God’s Eye ADAS စနစ်ထည့်သွင်းပေးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၅၄၅ ကီလိုမောင်းနိုင်

  • 2533 views

BYD သည် Dynasty series အမျိုးအစားတွင် ပါဝင်သော Qin L EV ဆီဒင်ကို မတ်လ ၂၃ ရက်က တရုတ်ပြည်တွင် ဈေးကွက်သို့ တရားဝင် ပို့ဆောင်လာသည်။

လူငယ်များကို ပစ်မှတ်ထားသော မော်ဒယ်ဖြစ်ပြီး trim ၃ မျိုးနှင့် range ၂ မျိုးလာသည်။Range အနေဖြင့် ကီလို ၄၇၀ နှင့် ၅၄၅ ကီလို ဟု ရွေးနိုင်သည်။ဈေးတန်းမှာ ယွမ် ၁၁၉၈၀၀ (ကန်ဒေါ်လာ ၁၆၅၀၀)၊ ယွမ် ၁၂၉၈၀၀ (ကန်ဒေါ်လာ ၁၇၉၀၀) နှင့် ယွမ် ၁၃၉၈၀၀ (ကန်ဒေါ်လာ ၁၉၃၀၀) ဟု ဈေးတန်း ၃ မျိုးရှိသည်။

 

 

► ခြုံငုံသုံးသပ်ချက်

((၁။ ဈေးနှုန်းနှင့် trim များ- တရုတ်ပြည်ဈေးကွက်))


● Base trim (range ၄၇၀ ကီလို)-ယွမ် ၁၁၉၈၀၀ (ကန်ဒေါ်လာ ၁၆၅၀၀)
● Mid-trim - ယွမ် ၁၂၉၈၀၀ (ကန်ဒေါ်လာ ၁၇၉၀၀)
● Top trim (range ၅၄၅ ကီလို + premium features)

((၂။ Platform & Dimensions))


● e-Platform 3.0 Evo
● Dimensions- 4,720/ 1,880/ 1,495 mm- 2,820 mm wheelbase
● Turning radius- ၅ ဒသမ ၄ မီတာ

((၃။ အပြင်ပိုင်း))


● Loong Face (dragon-inspired).
● ရွေးချယ်နိုင်သော အရောင်များ- မီးခိုး၊ အဖြူ၊ အစိမ်း၊ သနပ်ခါး

((၄။ အဆင့်မြင့် မောင်းနှင်မှု အထောက်အကူစနစ်- "God’s Eye" C / DiPilot 100))

● Hardware များ- mm-wave ရေဒါ ၅ ခု၊ ultrasonic ၁၂ ခု၊ ကင်မရာ ၁၂ လုံး (surround-view system, blind-spot monitoring, sentry mode အစရှိသည်တို့အတွက် အသုံးပြု)
● Feature များ
Highway autopilot, smart parking, AEB, blind-spot monitoring.
အွန်လိုင်းမှတစ်ဆင့် ဆော့ဖ်ဝဲ update လုပ်နိုင်
-Sentry mode (ကားရပ်နားထားချိန် စောင့်ကြည့်စနစ်)

(၅။ Powertrain နှင့် ဘက်ထရီ))

● မော်တာ ရွေးချယ်စရာများ

ဆွဲအား 110 kW (148 hp)၊ ရုန်းအား 220 Nm
-ဆွဲအား 160 kW (215 hp)၊ ရုန်းအား 330 Nm
● ဘက်ထရီ -LFP Blade (46.08 kWh နှင့် 56.64 kWh ဟု ၂ မျိုးလာသည်)
● Range (CLTC)-၄၇၀ ကီလိုနှင့် ၅၄၅ ကီလိုဟု ရွေးစရာ ၂ မျိုးရှိသည်။
● အမြန်နှုန်းတင်ခြင်း
-Base trim တွင် 0–50 km/h ကို ၄ ဒသမ ၁ စက္ကန့်အတွင်း ရနိုင်ပြီး top trim တွင်မူ ၃ ဒသမ ၁ စက္ကန့်သာ ကြာသည်။
● ဘက်ထရီသုံးစွဲမှု- ကီလို ၁၀၀ လျှင် ၁၀ ဒသမ ၈ ကီလိုဝပ်နာရီဖြစ် (အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်)
● အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းသို့ရရန် ကြာချိန် ၂၄ မိနစ် ဖြစ်သည်။

((၆။ အတွင်းပိုင်း နည်းပညာ))

● Standard အနေဖြင့် ၈ ဒသမ ၈ လက်မ digital cluster၊ ၁၂ ဒသမ ၈ လက်မ touchscreen နှင့် DiLink 100 Operating System တို့သုံးထားသည်။
● Top Trim တွင်မူ ၁၂ လက်မ W-HUD ၊ ၁၅ ဒသမ ၆ လက်မ screen တို့အပြင် fridge လည်း ထည့်ပေးထားသည်။

((အခြား feature များ))

50W wireless charging ၊ phone remote control နှင့် စပီကာ ၆ လုံး

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Qin L EV with “God’s Eye” C and 545 km range enters market starting at 16,500 USD in China