- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် GWM ၏ ဒုတိယမျိုးဆက် Haval Xiaolong Max PHEV ကို ဒေါ်လာ ၁၉၁၀၀ ဖြင့် pre-sale စတင်ရောင်းချ
တရုတ်ပြည်တွင် GWM ၏ ဒုတိယမျိုးဆက် Haval Xiaolong Max PHEV ကို ဒေါ်လာ ၁၉၁၀၀ ဖြင့် pre-sale စတင်ရောင်းချ
- 2128 views
Great Wall Motor (GWM) သည် ဒုတိယမျိုးဆက် Haval Xiaolong Max plug-in hybrid SUV ကို မတ်လ ၂၁ ရက်က pre-sale စတင်ရောင်းချပေးခဲ့သည်။
ရွေးချယ်စရာ five trim ရှိပြီး ဈေးတန်းမှာ ယွမ် ၁၃၈၈၀၀ မှ ၁၇၆၈၀၀ ကြား (ကန်ဒေါ်လာ ၁၉၁၀၀ မှ ၂၄၄၀၀ ကြား) ရှိသည်။ဒုတိယမျိုးဆက် Haval Xiaolong Max ၏ ရုပ်ထွက်မှာ အသွင်သစ်ဖြင့် ဖြစ်သည်။ရှေ့ပိုင်းတွင် LED ၇၂ လုံးဖြင့် ဖွဲ့စည်းထားသော ရှေ့မီးကြီးရှိကာ အကွာအဝေး မီတာ ၁၉၀ ခန့်အထိ အလင်းပြေးသည်။
နောက်ပိုင်းတွင် Brilliant Galaxy ဟု အမည်ပေးထားသော taillight မှာ 628nm ultra-red LED ၃၃၂ လုံးဖြင့် ဖွဲ့စည်းထားသည်။Taillight ထဲတွင် သေးငယ်လှသော ရောင်ပြန်ပြားငယ်ပေါင်း ၃၀၀၀၀ ကျော်ဖြင့် ဖွဲ့စည်း ပြုလုပ်ထားရာ အရပ်မျက်နှာအသီးသီးသို့ အရောင်ဖြာစေသည်။
medium-sized SUV ဖြစ်ပြီး dimension အနေဖြင့်4780/1895/1725 mm ရှိကာ wheelbase မှာ 2810 mm ရှိသည်။လက်ရှိ ဈေးကွက်တွင် ရောင်းချပေးနေသော Xiaolong Max နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလျား ၂၂ မီလီမီတာနှင့် wheelbase ၁၀ မီလီမီတာ ပိုမိုရှည်လျားလာသည်။
The Coffee Pilot Plus ဟု အမည်ပေးထားသော intelligent driving assistance system မှာ ကင်မရာစနစ်ကို အခြေပြုထားပြီး millimeter wave radar ၃ ခု၊ ultrasonic radar ၁၂ ခုနှင့် ကင်မရာ ၇ လုံး ပါဝင်သည်။((မှတ်ချက်။ ကားဝန်းကျင်ရှိ အရာဝတ္ထုများ၊ လမ်းကြော၊ အချက်ပြဆိုင်းဘုတ်၊ အခြား အရေးကြီး အချက်အလက်များကို detect လုပ်ရာတွင် LiDAR ကဲ့သို့ sensor များ မသုံးဘဲ ကင်မရာကိုသာ သုံးထားခြင်း ဖြစ်သည်။ LiDAR မှာ ဈေးကြီးသည်။ ကင်မရာကို သုံးခြင်းမှာ ကုန်ကျစရိတ်သက်သာသည်)
အတားအဆီး ရှောင်ရှားခြင်း၊ lane change assist, traffic light recognition နှင့် remote control parking စွမ်းဆောင်မှုများ ပါဝင်သည်။Powertrain အနေဖြင့် GWM ၏ ဒုတိယမျိုးဆက် Hi4 technology ကို Series တစ်ခုလုံးတွင် အသုံးပြုထားသည်။
ဆွဲအား 85 kW (114 hp)/ရုန်းအား 140 Nm 1.5L အင်ဂျင်
*ဆွဲအား 70 kW (94 hp)/ ရုန်းအား 110 Nm ရှေ့မော်တာ
*ဆွဲအား 150 kW (201 hp)/ ရုန်းအား 350 Nm နောက်မော်တာ
ဘက်ထရီ ရွေးချယ်စရာအနေဖြင့် 18.74 kWh (သို့မဟုတ်) 27.54 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ် ဘက်ထရီတို့ရှိပြီး ဘက်ထရီသီးသန့်ဖြင့် မောင်းလျှင် ကီလို ၁၁၀ နှင့် ၁၆၅ ကီလို (CLTC range) အသီးသီး မောင်းနှင်နိုင်မည် ဖြစ်သည်။
The top speed is အမြင့်ဆုံး မြန်နှုန်းမှာ 180 km/h ဖြစ်ပြီး 0 – 100 km/h အမြန်နှုန်းကို ၆ ဒသမ ၈ စက္ကန့်အတွင်း ရနိုင်သည်။WLTC comprehensive ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၀ ဒသမ ၉၇ လီတာဖြစ်သည်။ခရီးအကွာအဝေး မည်မျှမောင်းနိုင်သည်ကိုမူ လက်ရှိအားဖြင့် မသိရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: GWM’s second-gen Haval Xiaolong Max PHEV pre-sale starts at 19,100 USD (carnewschina)