- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားရှိ စက်မှုဇုန်တစ်ခုတွင် လော်ရီကား ယာဉ်မောင်းက ၎င်းကလမ်းကြောင်းတွင် ပိတ်ဆို့နေသော ကားများကို ကရိန်းဖြင့် ဖယ်ရှားသွားသည့် ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် နာမည်ကြီးနေ
မလေးရှားရှိ စက်မှုဇုန်တစ်ခုတွင် လော်ရီကား ယာဉ်မောင်းက ၎င်းကလမ်းကြောင်းတွင် ပိတ်ဆို့နေသော ကားများကို ကရိန်းဖြင့် ဖယ်ရှားသွားသည့် ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် နာမည်ကြီးနေ
- 1669 views
မလေးရှားတွင် လမ်းကျဉ်းတစ်ခု၌ မောင်းနှင်ရသော လော်ရီကား ယာဉ်မောင်းက လမ်းတွင် ပိတ်ဆို့နေသည့် ရပ်နားထားသောကားတစ်စင်းကို ဆန်းသစ်သောနည်းလမ်းဖြင့် ဖယ်ရှားခဲ့ပုံ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ကျော်ကြားနေသည်။
X လူမှုကွန်ရက်တွင် ဂယက်ရိုက်နေသည့် အဆိုပါဗွီဒီယိုမှာ မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းမြောက်ပိုင်း Sabah ပြည်နယ်ရှိ စက်မှုဇုန်တစ်ခုတွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု ယူဆရသည်။ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ လော်ရီကားမှာ ကျဉ်းမြောင်းသောလမ်းမှ ပြန်ထွက်ရန် ကြိုးစားချိန်၌ သူ၏လမ်းကြောင်းတွင် ကား ၂ စင်း ရပ်နားထားသောကြောင့် လမ်းတစ်ဝက်တွင် ရပ်လိုက်ရသည်။လမ်းနေရာမှာ အလွန်ကျဉ်းမြောင်းလှပြီး အဆိုပါကားများ၏ ကားပိုင်ရှင်များကိုလည်း မတွေ့ရ။
လော်ရီကား ယာဉ်မောင်းက အဆောက်အအုံတစ်ခုအနီးရပ်ထားသော ငွေရောင်ကားတစ်စင်းကို ပင့်မြှောက်ချီရွှေ့ရန် ကရိန်းကို အသင့်ပြင်ထားလိုက်သည်။အဆိုပါဖြစ်ရပ်ကို ဗွီဒီယိုရိုက်ကူးခဲ့သူ၏ ပြောကြားချက်အရ လော်ရီကားယာဉ်မောင်းက အဆိုပါကားပိုင်ရှင်ကို မိနစ် ၃၀ ခန့် စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။ယင်းနောက် ကားကို ရွှေ့ရန်အတွက် ကြိုးကြီးတစ်ချောင်းကို ကရိန်းတွင် ချီလိုက်ပြီး ကျန်တစ်ဖက်ကို ကားဘီးများအောက်တွင် ထားလိုက်သည်။
ဗွီဒီယိုရိုက်ကူးသူကလည်း ကြိုးကို ရှေ့ဘန်ပါတွင် ချိန်ညှိရန်အတွက် ဝိုင်းဝန်းကူညီပေးခဲ့သည်။ဗွီဒီယိုဖိုင်မှာ လူ ၂ ဦးက ကားဘန်ပါမှ ကြိုးကို ကူညီထိန်းညှိပေးနေပုံဖြင့် အဆုံးသတ်ထားရာ အဆိုပါလော်ရီကားမှာ လမ်းထဲမှာ အဆင်ပြေချောမွေ့စွာ ပြန်ထွက်နိုင်ခဲ့ခြင်း ရှိ၊ မရှိ မသိရချေ။လူမှုကွန်ရက်သုံးစွဲသူတို့က လော်ရီကားသမားကို ကောင်းချီးပေး ချီးမွမ်းကြပြီး ကားကို သင့်တော်သည့် နေရာတွင် မရပ်ခဲ့ဘဲ အခြားသူများ အခက်တွေ့အောင်လုပ်ခဲ့သည့် ကားပိုင်ရှင်များကို ဝေဖန်ခဲ့ကြသည်။
လော်ရီကားသမားကို ကူညီသင့်ကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။ “လမ်းကျဉ်းတဲ့နေရာမျိုးမှာ တခြားကားတွေကို လမ်းပိတ်အောင် အကြာကြီးရပ်ထားတော့ အခက်တွေ့ကုန်တာပေါ့” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒီကားပိုင်ရှင်က အသိတရားမရှိဘူး။ ကြိုက်တဲ့နေရာမှာ ရပ်ချင်သလို ရပ်မယ်ဆိုတဲ့ပုံစံဖြစ်နေတယ်” အခြားတစ်ဦးက မှတ်ချက်ပေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Lorry driver uses crane to move parked car blocking his path