• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားမှာ အတည့်သွားမယ့် ဆိုင်ကယ်နဲ့ ဘယ်ချိုးမယ့် ကား ဝင်တိုက်မိတဲ့ကိစ္စ လူမှုကွန်ရက်မှာ အငြင်းအခုံဖြစ်၊ ဘယ်သူ့မှာ အပြစ်ရှိလဲ

မလေးရှားမှာ အတည့်သွားမယ့် ဆိုင်ကယ်နဲ့ ဘယ်ချိုးမယ့် ကား ဝင်တိုက်မိတဲ့ကိစ္စ လူမှုကွန်ရက်မှာ အငြင်းအခုံဖြစ်၊ ဘယ်သူ့မှာ အပြစ်ရှိလဲ

  • 854 views

စက်တပ်ယာဉ်များကို ကိုင်တွယ်မောင်းနှင်ခြင်းမှာ စက္ကန့်ပိုင်းအတွင်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ မိမိ၏ အသက်နှင့် ဘဝကို အဆုံးအဖြတ်ပေးနိုင်သည်။

မလေးရှားနိုင်ငံတွင် ကားတစ်စီးနှင့် ဆိုင်ကယ်တို့ တိုက်မိသည့် ကိစ္စနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် အငြင်းအခုံဖြစ်နေကြသည်။ဖြစ်ပွားခဲ့သောနေရာမှာ မလေးရှားနိုင်ငံ၊ ပီနန်ကျွန်း၊ ဆဘရန် ပီရိုင်း (Seberang Perai)မြို့ရှိ Jalan Bukit Minyak လမ်းမကြီးပေါ်တွင် ဖြစ်သည်။ထိုဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် dashboard camera ဗွီဒီယိုဖိုင်တစ်ခုမှာ X လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက် သုံးစွဲသူတို့အကြား အချေအတင်ငြင်းခုံမှုများ ပေါ်ပေါက်နေသည်။

၆ စက္ကန့်ကြာ ဗွီဒီယိုဖိုင်ဖြစ်ပြီး @‌Updateinfo111 ဟူသောအကောင့်က X လူမှုကွန်ရက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ မော်တော်ဆိုင်ကယ်တစ်စင်းမှာ လမ်း၏ ဝဲဘက်ခြမ်းတွင် ရှိနေပြီး ရှေ့သို့ တည့်တည့် ဆက်သွားရန် ကြိုးစားခဲ့ပုံ တွေ့ရသည်။ဘယ်ဘက်သို့ ကွေ့ရန် အချက်ပြထားသော လမ်းကြောတစ်ခုတည်းမှ Toyota Vios တစ်စင်းမှာလည်း ၎င်းစီစဉ်ထားသည့်အတိုင်း ဘယ်ဘယ်သို့ ကွေ့လိုက်သည်။ထိုအချိန်တွင် ဆိုင်ကယ်မှာ အရှိန်မလျှော့ဘဲ ရှေ့သို့တည့်တည့် ဆက်မောင်းလိုက်သောကြောင့် ကားနှင့် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ဒီလိုအခြေအနေမှာ ဘယ်သူ့မှာ အပြစ်ရှိလဲ” ဟု ဗွီဒီယိုတင်သူက မေးထားသည်။

အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုကြသည်။အချို့က ပြောသည်မှာ ဆိုင်ကယ်သမားအနေဖြင့် ဘယ်ဘက်မှ ကျော်မတက်သင့်ကြောင်းပြောကြသည်။ (မလေးရှားမှာ ဘယ်မောင်းဖြစ်သည်)အချို့ကမူ ကားသမားက အချက်ပြမီး ပြသည်မှာ နောက်ကျလွန်းသောကြောင့် ဖြစ်ကြောင်း ပြောကြသည်။

@‌aaniznordin အမည်ရှိ အကောင့်က ပြောသည်မှာ ယာဉ်မောင်းသင်တန်းများတွင် လမ်းကြောမကွေ့မီတွင် နောက်ကား ရှင်း၊ မရှင်း သတိထားစစ်ဆေးရန် သင်ကြားလေ့မရှိကြကြောင်း ထောက်ပြသည်။

@‌me_siam ဟူသော အကောင့်က မှတ်ချက်ပြုသည်မှာ ဘက်ဘက်မှ ကျော်တက်ခြင်းများကို နေရာတကာတွင် တွေ့နေရကြောင်း၊ ထိုလုပ်ရပ်မှာ အန္တရာယ်ကြီးကြောင်း ပြောသည်။

“ဆိုင်ကယ်သမား မှားတယ်ဆိုတာ အရှင်းကြီးပါ။ ကားက မကွေ့ခင် အချက်ပြနေတာ အကြာကြီးပါ။ ဆိုင်ကယ်သမားက ရပ်ရင်ရပ်၊ ဒါမှမဟုတ် ညာဘက်ကို ကွေ့လိုက်သင့်တာ” ဟု @‌entahlahmmmmmm ဟူသော အကောင့်က မှတ်ချက်ပြုသည်။

@‌bruhvr ဟူသောအကောင့်ကလည်း ဆိုင်ကယ်သမားကို မျက်ကွယ်အနေအထားတွင် နေနေခြင်းနှင့် လမ်းဆုံတွင် ကျော်တက်ခြင်းကို ဝေဖန်သည်။အချို့ကမူ လမ်းကြော ရှင်း၊ မရှင်း အသေအချာ မစစ်ဆေးဘဲ ကွေ့ချလိုက်သော ကားသမားကို အပြစ်တင်ကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Motorcycle vs car: Who should be blamed?