Huawei က LiDAR sensor ၄ ခုပါသော ၂၀၂၅ မော်ဒယ် Aito M9 ကို စတင်မိတ်ဆက်

  • 904 views

Huawei သည် full-size SUV ဖြစ်သော ၂၀၂၅ မော်ဒယ် Aito M9 ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်လာသည်။

LiDAR sensor ၄ ခုပါဝင်ပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၄၆၉၈၀၀ (ကန်ဒေါ်လာ ၆၄၉၇၀) မှ စတင်ရာ ဈေးတန်းအတော်မြင့်သည်။EREV နှင့် BEV ဟူ၍ powertrain variant ၂ မျိုး ရွေးစရာရှိသည်။

Aito M9 ကို တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး လျင်မြန်စွာပင် ဈေးကွက်ဝေစုရလာခဲ့သည်။လက်ရှိအချိန်အထိ အစင်းရေ ၁၇၁၂၆၉ စင်း ရောင်းချထားရကြောင်း China EV DataTracker က ဖော်ပြသည်။ရောင်းအားကောင်းနေမှုကို ဆက်ထိန်းထားနိုင်ရန်အတွက် Seres နှင့် Huawei တို့က M9 ၏ နောက်ဆုံးထွက် Variant ကို ချပြလာသည်။

 

                                         2025 Aito M9 with a new body color

၂၀၂၅ မော်ဒယ် M9 ကို တရုတ်ပြည်တွင် မတ်လ ၂၀ ရက်တွင် စတင်ရောင်းချပေးနေသည်။

၂၀၂၅ မော်ဒယ် Aito M9 မှာ ယခင်မော်ဒယ်ကိုသာ အခြေခံထားသည်။LED မီးတန်းတစ်ခုပါသော ထူးခြားကွဲထွက်နေသည့် ရှေ့မီးကြီးများ ရှိသည်။ကား၏ B နှင့် C pillar တို့မှာ အနက်ရောင်ဖြစ်ပြီး တံခါးလက်ကိုင် ကွယ်ဝှက်ထားခြင်းနှင့် multi-spoke ဘီးတို့ကိုလည်း တွေ့ရမည် ဖြစ်သည်။

၂၀၂၅ မော်ဒယ် Aito M9 မှာ ကိုယ်ထည် အရောင်သစ်တစ်ခု ရရှိနိုင်ပြီး A နှင့် D pillar တို့ကိုလည်း အိမ်ထောင်များလည်း အလှပျက်သွားသည်။၂၁ လက်မ ဘီးအပြင် မော်ဒယ်သစ် M9 ၏ အခြား highlight တစ်ခုမှာ LiDAR ၄ ခု ပါဝင်ခြင်း ဖြစ်သည်။Aito flagship crossover ၏ dimension မှာ 5230/1999/1800 mm ရှိပြီး wheelbase မှာ 3110 mm ဖြစ်သည်။

2025 Aito M9 ၏အတွင်းပိုင်းမှာ ယခင်မော်ဒယ်အတိုင်း တွေ့ရသည်။five-seat နှင့် six-seat ဟူ၍ variant ၂ မျိုးလာသည်။၁၂ ဒသမ ၃ လက်မ LCD instrument panel၊ ၁၅ ဒသမ ၆ လက်မရှိ main screen နှင့် ၁၆ လက်မရှိသော front passenger monitor တို့ ပါသည်။Aito M9 EREV တွင် dual-motor 4WD ဖြစ်ပြီး စုစုပေါင်း အထွက်အား 365 kW (489 hp) ရှိကာ mixed range မှာ 1,474 km ဖြစ်သည်။

((ဈေးနှုန်းများ))

2025 model Aito M9 မှာ trim ၇ မျိုး ဝယ်ယူရရှိနိုင်ပြီး အနိမ်ဆုံး ယွမ် ၄၆၉၈၀၀ (ကန်ဒေါ်လာ ၆၄၉၇၀) မှ စသည်။

Aito M9 5-Seat EREV Max – 469,800 yuan (64,970 USD)

Aito M9 6-Seat EREV Max – 479,800 yuan (66,355 USD)

Aito M9 6-Seat BEV Max – 509,800 yuan (70,500 USD)

Aito M9 5-Seat EREV Ultra – 519,800 yuan (71,890 USD)

Aito M9 6-Seat EREV Ultra – 539,800 yuan (74,650 USD)

Aito M9 5-Seat BEV Ultra – 549,800 yuan (76,050 USD)

Aito M9 6-Seat BEV Ultra – 569,800 yuan (78,800 USD)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2025 Aito M9 from Huawei launched in China with four LiDARs  (carnewschina)