- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က မက္ကဆီကိုတွင် စက်ရုံတည်ထောင်ရန် စီစဉ်ထားသော်လည်း Tesla ကဲ့သို့ အမေရိကန် ကားကုမ္ပဏီ များက တရုတ်ပြည်၏ EV နည်းပညာများအား ခိုးယူလာမည်ကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက BYD ၏ စက်ရုံတည်မည့် အစီအစဉ် ဆိုင်းငံ့ထား
BYD က မက္ကဆီကိုတွင် စက်ရုံတည်ထောင်ရန် စီစဉ်ထားသော်လည်း Tesla ကဲ့သို့ အမေရိကန် ကားကုမ္ပဏီ များက တရုတ်ပြည်၏ EV နည်းပညာများအား ခိုးယူလာမည်ကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက BYD ၏ စက်ရုံတည်မည့် အစီအစဉ် ဆိုင်းငံ့ထား
- 419 views
BYD က မက္ကဆီကိုတွင် EV စက်ရုံတည်ထောင်ရန် စီစဉ်မှုမှာ စက်မှုနည်းပညာများ သူလျှိုဖြင့် ခိုးယူခံရမည့် အရေးတွက်ဆကာ တရုတ်အစိုးရက အဆိုပါ စက်ရုံတည်ဆောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ရပ်ဆိုင်းထားစေရန် ညွှန်ကြားထားသည်။
BYD ၏ အဆင့်မြင့် လျှပ်စစ်ကား Architecture ပေါက်ကြားကာ မက္ကဆီကိုမှတစ်ဆင့် Tesla ကဲ့သို့ အမေရိကန်ပြိုင်ဘက်များထံ ရောက်ရှိသွားမည်ကို တရုတ်အစိုးရက စိုးရိမ်နေသည်။
ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် မက္ကဆီကိုတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀၀၀၀ ထုတ်လုပ်နိုင်မည့် EV စက်ရုံတည်ထောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
BYD က မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်မှာ ICE များနှင့် ရင်ဆိုင်ရသည့် တိုက်ပွဲတွင် Tesla ကို မဟာမိတ်အဖြစ် ရှုမြင်ကြောင်း၊ သို့အတွက် မိမိတို့၏ နည်းပညာများကို မျှဝေပေးလိုသည့် ဆန္ဒရှိကြောင်း ပြောထားသည်။သို့သော် တရုတ်အစိုးရ၏ အမြင်မှာမူ တစ်မျိုးကွဲထွက်နေသည်။ အမျိုးသားလုံခြုံရေး အကြောင်းရပ်နှင့် အမေရိကန်မှ စက်မှုလုပ်ငန်းနည်းပညာသူလျှိုပြုလုပ်လာနိုင်မှုအပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်လိုသောကြောင့် မက္ကဆီကိုတွင် ဆောက်လုပ်မည့် စက်ရုံစီမံကိန်းကို ခေတ္တဆိုင်းငံ့ထားရန် တရုတ်အစိုးရက BYD ကို ညွှန်ကြားထားသည်။
မက္ကဆီကိုသို့ ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းရခြင်းမှာ လက်ရှိ အကောက်ခွန်နှုန်းထားများအရ ကုန်ကျစရိတ် ပိုကြီးမည့်အပြင် အမေရိကန်နှင့် နီးကပ်သော ပထဝီအနေအထားကြောင့် Tesla ကဲ့သို့ အမေရိကန်ပြိုင်ဘက်များက BYD ၏ အဆင့်မြင့်နည်းပညာများအား အလွယ်တကူ ရသွားနိုင်မည့်အရေးကို တရုတ်အစိုးရက သုံးသပ်နေသည်။
BYD က ၎င်းတို့၏ 1MW EV Powertrain မှာ ၅ မိနစ်အတွင်း အားသွင်းနိုင်သည့် စွမ်းရည်ရှိကြောင်း မကြာသေးမီက ထုတ်ဖော်ကြေညာထားသည်။Tesla ၏ FSD နှင့် ယှဉ်ပြိုင်မည့် BYD ၏ God’s Eye နည်းပညာမှာ ဈေးအသက်သာဆုံး မော်ဒယ်များတွင်ပင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပြီး Tesla တွင်မူ အဆိုပါနည်းပညာမျိုးထည့်သွင်းရန် ဒေါ်လာ ၈၀၀၀ ပေးရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China halts BYD Mexico factory as US automakers like Tesla may steal its EV technologies (notebookcheck)