- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nio က ရုပ်ထွက် ထူးခြားထင်ရှားသော Firefly EV ကို လာမည့်ဧပြီလတွင် တရုတ်ပြည်၌ စတင်ရောင်းချ ပေးမည်
Nio က ရုပ်ထွက် ထူးခြားထင်ရှားသော Firefly EV ကို လာမည့်ဧပြီလတွင် တရုတ်ပြည်၌ စတင်ရောင်းချ ပေးမည်
- 366 views
Firefly ကို မိတ်ဆက်ခဲ့ပြီး ၂ လခန့်အကြာတွင် Nio က အဆိုပါမော်ဒယ်၏ အပြင်ဓာတ်ပုံများနှင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်လာသည်။
Firefly EV ကို တရုတ်ပြည်တွင် လာမည့်ဧပြီလ၌ စတင်ရောင်းချပေးရန် စီစဉ်ထားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျရောက်ခဲ့သော Nio Day (Nio က ၎င်း၏ တီထွင်မှုများနှင့် ထုတ်ကုန်သစ်များကို ချပြသည့်နေ့ ၊ Nio ၏ နှစ်ပတ်လည်နေ့လည်းဖြစ်) တွင် Firefly ကို pre-sale စတင်ရောင်းချပေးခဲ့သည်။
ခန့်မှန်းဈေးနှုန်းမှာ ယွမ် ၁၄၈၈၀၀ (ကန်ဒေါ်လာ ၂၀၄၆၀) ဖြစ်သည်။
တရုတ်ပြည်မှာ customer များအနေဖြင့် စရန်ငွေ ၁၉၉ ယွမ် (၂၄ ဒေါ်လာ) ပေးသွင်းကာ စာရင်းပေးသွင်းနိုင်သည်ဟု ဆိုသည်။
((ရုပ်ထွက် ထင်းခနဲရှိသော EV ))
Nio က ချပြလာသော အပြင်ပုံများအရ Firefly ၏ ရှေ့ပိုင်း အစွန်းထိပ်နှစ်ဘက်တွင် စက်ဝိုင်းသဏ္ဍာန် မီးလုံး ၃ လုံးစီ အစုလိုက်တွေ့ရသည်။
အဆိုပါ ပုံသဏ္ဍာန်မှာ တမူထူးကာ ထင်ရှားသော ရုပ်ထွက်ကို ရစေသည်။
ရှေ့မီးကြီးများနှင့် နောက်မီးတို့တွင် မီးလုံးများအကြား အနက်ရောင်ကြားနေရာတစ်ခုဖြင့် ဆက်သွယ်ပေးထားရာ စည်းလုံးသောသွင်ပြင်ကို ရစေသည်။
((Firefly ၏ အတွင်းပိုင်း))
Nio က Firefly ၏ အတွင်းပိုင်းဓာတ်ပုံများကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပေါက်ကြားလာသော ဓာတ်ပုံများအရ စတီယာရင်၏ဘေး နောက်ဘက်ဆီတွင် digital instrument cluster အပြင် ကြီးမားသော infotainment display ရှိပြီး အရွယ်အစားမှာ အခြားသော Nio မော်ဒယ်များနည်းတူ ၁၂ ဒသမ ၈ လက်မ ရှိဖွယ် ရှိသည်။
((Dimension နှင့် Performance))
Dimension ကို ကြည့်မည်ဆိုလျှင် 4003/ 1781/ 1557 mm ဖြစ်ပြီး wheelbase မှာ 2615 mm ဖြစ်သည်။
Firefly ၏ dimension မှာ Mini Cooper (4036/ 1727/ 1425 mm) နှင့် ခပ်ဆင်ဆင် ဖြစ်သည်။
Firefly တွင် Nio ၏ ဘက်ထရီလဲသည့် နည်းပညာကို သုံးထားရာ ဘက်ထရီလဲခြင်း၊ အားသွင်းခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
(မှတ်ချက်။ Nio က အသင့်အားသွင်းပြီးသား ဘက်ထရီများနှင့် လဲလှယ်ပေးသည့်နေရာများစွာ တရုတ်ပြည်တွင် ဖွင့်လှစ်ထားသည်)
ဘက်ထရီမှာ 42.1 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီဖြစ်ပြီး CLTC range အနေဖြင့် ၄၂၀ ကီလိုမီတာ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nio’s Firefly EV revealed with new wheel design, China sales to start in April