- ပင်မစာမျက်နှာ
- ကားသတင်းများ
- GWM က Tank 300 ဒီဇယ်မော်ဒယ်ကို ထိုင်းဈေးကွက်သို့ တင်သွင်းမည်
GWM က Tank 300 ဒီဇယ်မော်ဒယ်ကို ထိုင်းဈေးကွက်သို့ တင်သွင်းမည်
- 453 views
Tank 300 ဒီဇယ်ဗားရှင်းကို မကြာမီတွင် ထိုင်းဈေးကွက်သို့ တင်ပို့မည်ဖြစ်ပြီး တရားဝင်ဈေးနှုန်းကို လာမည့် မတ်လ ၂၄ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း GWM Thailand က ထုတ်ဖော်ပြောကြားသည်။
ထိုင်းနိုင်ငံ၏ D-segment SUV ဈေးကွက်တွင် ကာလကြာရှည်ကြီးစိုးထားသည်မှာ Toyota Fortuner နှင့် Ford Everest တို့ကဲ့သို့ Toyota နှင့် Ford ကားများ ဖြစ်သည်။
အထူးသဖြင့် Ford Everest မှာ Tank 300 ၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည်။
Ford Everest မှာ ဈေးတန်းတူသည့်အပြင် off-road စွမ်းရည်ပိုကောင်းသည်။
တောတောင်များဖုံးလွှမ်းသည့် ထိုင်းနိုင်ငံမြောက်ပိုင်းကဲ့သို့ တောင်ပေါ်ဒေသများမှာ အပေါ့စား off-road ကားများ၏ အခန်းကဏ္ဍမှာ အရေးပါသည်။
အဆိုပါဒေသများတွင် ရုန်းအားကောင်းသော ဒီဇယ်အင်ဂျင်များကို လူကြိုက်များသည်။
ယခင်က Tank 300 သည် HEV (လျှပ်စစ် ဟိုက်ဘရစ်) သာ လာသည်။
အဆိုပါ HEV တွင် 2.0L Turbocharged ဓာတ်ဆီအင်ဂျင်သုံးထားပြီး မြင်းကောင်ရေ ၂၄၄ အားထွက်ကာ ရုန်းအား 380 Nm ရှိသည်။ အဆိုပါအင်ဂျင်အပြင် ဆွဲအား 106 Ps နှင့် ရုန်းအား 268 Nm ရှိ လျှပ်စစ်မော်တာ သုံးထားသည်။
(▲ Ford Everest)
ပစ်ကပ်ခေတ်စားသော ထိုင်းဈေးကွက်တွင် ဒီဇယ်ကို လူကြိုက်များသည်။
Toyota Hilux မှာ ထိုင်းဈေးကွက်တွင် ရောင်းချသော အကျော်ကြားဆုံးကားများထဲတွင် ယနေ့တိုင် တစ်ခုအပါအဝင် ဖြစ်နေဆဲပင်။
လျှပ်စစ် hybrid များမှာ စိတ်မချရသည့်အပြင် ဆီစားများသည်ဟု ထိုင်းတို့ ယုံကြည်ထားသည်။
(ယခင်မော်ဒယ်၏ 2.0L turbocharged ဓာတ်ဆီအင်ဂျင်။ ဆွဲအား 244PS, ရုန်းအား 380 Nm)
ယခု တင်သွင်းမည့် Tank 300 ဒီဇယ်ဗားရှင်းတွင် 2.4L turbo-charged ဒီဇယ် 4-cylinder သုံးထားပြီး ဆွဲအား 181 hp ထွက်ကာ ရုန်းအားအနေဖြင့် 480 Nm ရှိသည်။
Nine-speed အော်တိုဂီယာ၊ four-wheel-drive ဖြစ်သည်။
ဒီဇယ်ဗားရှင်း၏ ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် 7.8L ဖြစ်ရာ HEV ဗားရှင်းအောက် များစွာ ဆီစားသက်သာသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: GWM to bring Tank 300 diesel to Thailand, direct competition against Ford Everest