- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် လာမည့် မတ်လ ၂၇ ရက်၌ BYD က Yangwang U7 ကို စတင်မိတ်ဆက်ရန် စီစဉ်ထား
တရုတ်ပြည်တွင် လာမည့် မတ်လ ၂၇ ရက်၌ BYD က Yangwang U7 ကို စတင်မိတ်ဆက်ရန် စီစဉ်ထား
- 281 views
BYD က ယွမ်သန်းချီ တန်ကြေးရှိမည့် high-end မော်ဒယ်ဖြစ်သော Yangwang U7 ကို လာမည့် မတ်လ ၂၇ ရက်တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားသည်။
Yangwang U7 သည် BYD ၏ flagship လျှပ်စစ်ဆီဒင် ဖြစ်သည်။ BYD ၏ e4 platform ဟုခေါ်သော ထုတ်လုပ်မှုစနစ်ကို အသုံးပြုထားသည်။မော်တာ ၄ လုံးသုံးထားပြီး all wheel drive ဖြစ်သည်။ ဝပ်နေသည့်အသွင် Sporty ဆန်သော ရုပ်ထွက်နှင့် BYD ၏ Signature ရှေ့မီးကြီး ဒီဇိုင်းတို့ကြောင့် ရှေ့ဘက်မှကြည့်လျှင် BYD တစ်စီးမှန်း တန်းသိနိုင်သည့် ထူးခြားမှု ရှိသည်။
အမိုးပေါ်တွင် LiDAR sensor များ တပ်ဆင်ထားသည်။Dimension မှာ 5265/ 1998/ 1517 mm ဖြစ်ပြီး wheelbase မှာ 3160 mm ဖြစ်သည်။Body flow control နည်းပညာနှင့် လေခွင်းအားကောင်းစေရန် နေရာအများအပြားတွင် လုပ်ဆောင်ထားမှုတို့ကြောင့် Yangwang U7 ၏ drag coefficient မှာ 0.195Cd သာ ရှိသည်။
အတွင်းပိုင်းကို ကြည့်မည်ဆိုလျှင် Yangwang U8 ၏ Star Ring Cockpit ဒီဇိုင်းကို သုံးထားပြီး အလယ်ဗဟိုတွင် ၁၂ ဒသမ ၈ လက်မ OLED မှန်ခုံး Screen ရှိသည်။မျိုးဆက်သစ် DiLink intelligent connectivity system ကို 4nm cockpit chip ဖြင့် လည်ပတ်ပြီး voice assistane စနစ်လည်း ပါသည်။
Yangwang U7 မှ လျှပ်စစ်မော်တာတစ်လုံးစီ၏ အထွက်အားမှာ 240 KW ရှိပြီး စုစုပေါင်း အထွက်အားမှာ မြင်းကောင်ရေ ၁၃၀၀ အားရှိသည်။မော်တာ ၄ လုံးပေါင်း ရုန်းအားမှာ 1584 Nm ရှိပြီး အမြင့်ဆုံး လည်ပတ်နှုန်းမှာ 21000rpm ဖြစ်ကာ efficiency 94.5 ရာခိုင်နှုန်းအထိ ရှိသည်။0-100 kmph မြန်နှုန်းကို ၂ ဒသမ ၉ စက္ကန့်အတွင်း ရရှိနိုင်ရာ အံ့မခန်း စွမ်းပကားပင် ဖြစ်သည်။
Yangwang U7 EV ဗားရှင်း၏ CLTC range မှာ ကီလို ၇၂၀ ဖြစ်ပြီး PHEV ဗားရှင်း၏ Combined range မှာ ကီလို ၁၀၀၀ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD’s Yangwang U7 launch event scheduled for March 27