- ပင်မစာမျက်နှာ
- ကားသတင်းများ
- Leapmotor B10 မှာ တရုတ်ပြည်တွင် Presale စတင်ရောင်းချပြီး တစ်နာရီအတွင်း အစင်းရေ ၁၅၀၁၀ အမှာစာရရှိ
Leapmotor B10 မှာ တရုတ်ပြည်တွင် Presale စတင်ရောင်းချပြီး တစ်နာရီအတွင်း အစင်းရေ ၁၅၀၁၀ အမှာစာရရှိ
- 206 views
Leapmotor B10 လျှပ်စစ် Crossover ကို တရုတ်ပြည်တွင် presale စတင်ရောင်းချပေးခဲ့ရာ တစ်နာရီအတွင်း အစင်းရေ ၁၅၀၀၀ ကျော် အမှာစာ လက်ခံရရှိခဲ့သည်။
ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၁၀၉၈၀၀ (ကန်ဒေါ်လာ ၁၅၁၂၀) မှ စသည်။ Leapmotor B10 သည် ဈေးတန်း ယွမ် ၁၂၀၀၀၀ အောက် ကားများအနက် LiDAR ပါသည့် ပထမဆုံးကားဖြစ်လာသည်။B10 သည် Stellantis ကျောထောက်နောက်ခံပြု Leapmotor ၏ ဆဋ္ဌမမြောက် မော်ဒယ်လည်း ဖြစ်သည်။
Leapmotor သည် တရုတ်ပြည်တွင် ကားရောင်းချခွင့်လိုင်စင်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လျှောက်ထားခဲ့သည်။ မတ်လတွင် ယခု SUV ကို တရုတ်ပြည်၌ Presale စတင်ရောင်းချပေးလာခြင်း ဖြစ်သည်။
(Leapmotor B10 နှင့် ပတ်သက်သမျှ))
Leapmotor B10 သည် compact crossover ဖြစ်ပြီး dimension အနေဖြင့် 4515/ 1885/ 1655 mm ရှိပြီး wheelbase မှာ 2735 mm ရှိသည်။ရှေ့ဘက် ဘန်ပါတွင် ရှေ့မီးကြီးများနှင့် air intake တို့ ရှိသည်။ အမိုးပေါ်တွင် LiDAR sensor ပါပြီး flush door handle များနှင့် taillight တို့ ပါသည်။အတွင်းခန်းတွင် ၁၄ ဒသမ ၆ လက်မရှိ suspended screen နှင့် ၈ ဒသမ ၈ လက်မရှိ LCD instrument cluster တို့ရှိသည်။D ပုံသဏ္ဌာန် Two spoke စတီယာရင်၏ နောက်ဘက်တွင် ဂီယာရှိသည်။ Center tunnel တွင် wireless charging pad ၂ ခု ထည့်ပေးထားသည်။
Entry-level တွင် 132 KW (177 hp) လျှပ်စစ်မော်တာတစ်ခု ပါသည်။ အဆိုပါ SUV ၏ ပိုမို Powerful ဖြစ်သော variant မှာ အထွက်အား 160 KW (214 hp) ရှိသည်။0-100 kmph အမြန်နှုန်းကို ၆ ဒသမ ၈ စက္ကန့်အတွင်း ရနိုင်သည်ဟု ဆိုသည်။56.2 kWh ဘက်ထရီသုံးထားပြီး CLTC Range အနေဖြင့် ကီလို ၅၁၀ အထိ မောင်းနိုင်သည်။
Leapmotor B10 ၏ long-range variant တွင် 67.1 kWh ဘက်ထရီသုံးထားပြီး ကီလို ၆၀၀ ကျော်အထိ မောင်းနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Leapmotor B10 got 15,010 orders an hour after the presales had started (carnewschina)