- ပင်မစာမျက်နှာ
- ကားသတင်းများ
- GAC Trumpchi S7 PHEV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၂၉၀၀၀ ဖြင့် Pre-sale ရောင်းချပေးလာ၊ 2618 mm ရှည်လျားသော ရှေ့မီးကြီးပါဝင်ပြီး ၁၁၅၀ ကီလိုမီတာအထိ မောင်းနိုင်
GAC Trumpchi S7 PHEV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၂၉၀၀၀ ဖြင့် Pre-sale ရောင်းချပေးလာ၊ 2618 mm ရှည်လျားသော ရှေ့မီးကြီးပါဝင်ပြီး ၁၁၅၀ ကီလိုမီတာအထိ မောင်းနိုင်
- 232 views
GAC Trumpchi သည် တရုတ်ပြည်မှ အထက်တန်းလွှာတို့အတွက် ရည်ရွယ်ကာ Aspiration series (တရုတ်ပြည်တွင် Xiangwang series) အောက်ရှိ အလတ်စားမှ အကြီးစား S7 SUV များကို မတ်လ ၇ ရက်တွင် pre-sale စတင်ရောင်းချပေးခဲ့သည်။
((Aspiration series နှင့် ဈေးနှုန်းများ))
● Max (205 km) -ယွမ် ၂၀၉၈၀၀ (ကန်ဒေါ်လာ ၂၉၀၀၀)
● Max (205 km) smart driving-ယွမ် ၂၁၉၈၀၀ (ကန်ဒေါ်လာ ၃၀၄၀၀)
● Max lidar (205 km)-ယွမ် ၂၂၉၈၀၀ (ကန်ဒေါ်လာ ၃၁၈၀၀)
● Ultra AWD (180 km)-ယွမ် ၂၂၉၈၀၀ (ကန်ဒေါ်လာ ၃၁၈၀၀)
● Ultra AWD lidar- ယွမ် ၂၄၉၈၀၀ (ကန်ဒေါ်လာ ၃၄၅၀၀)
တစ်ဆက်တည်းဆိုသလိုပင် GAC Trumpchi က Aspiration series အောက်တွင် အခြား မော်ဒယ် ၃ ခု ကိုလည်း ဖြန့်ချိခဲ့ရာ M8 medium to large MPV ၊ 1 Concept car ၏ အလုံးအရင်းထုတ်သော ဗားရှင်းနှင့် S9 full-size SUV တို့ ဖြစ်သည်။
ယခု Series ၏ dimension မှာ 4900/ 1950/ 1780 mm နှင့် wheelbase 2880 mm ရှိသည်။ အထင်ရှားဆုံးမှာ ရှေ့မျက်နှာစာမှ 2618 mm ရှိသော smart headlight strip ဖြစ်သည်။ နောက်ပိုင်းတွင်မူ polar light taillight ပါသည်။အရောင်အနေဖြင့် ရွေးချယ်စရာ ၅ မျိုးရှိရာ Far East Dawn Red, Far South Rainforest Green, Far West Moon Gray, Far North Crystal Black နှင့် Urban Blade Shadow White တို့ ဖြစ်သည်။
ရှေ့ယက်နှင့် AWD ဟု ရွေးစရာ ၂ မျိုးရှိသည်။ရှေ့ယက်တွင် 170 KW (228 hp) / 250 Nm လျှပ်စစ်မော်တာနှင့် 118 KW (158 hp)/ 220 Nm 1.5T အင်ဂျင်တို့ သုံးထားသည်။ AWD တွင်မူ 80 KW (107 hp) / 143 Nm မော်တာတစ်ခု နောက်ဘက်တွင် ထပ်မံ ပါရှိသည်။အမြင့်ဆုံးမြန်နှုန်းမှာ 185 kmph ဖြစ်ပြီး 0-100 km အမြန်နှုန်းကို ၅ ဒသမ ၈ စက္ကန့်အတွင်း ရနိုင်သည်။
Series တစ်ခုလုံးတွင် 36.3 kWh လီသီယံ အိုင်းယွန်း ဖော့စ်ဖိတ် ဘက်ထရီများသုံးထားပြီး CLTC comprehensive range အနေဖြင့် ကီလို ၁၁၅၀ (ရှေ့ယက်) နှင့် ၁၀၂၀ ကီလို (AWD) အသီးသီး မောင်းနိုင်သည်။လျှပ်စစ်သီးသန့်ဖြင့်ဆိုလျှင် CLTC Range ၂၀၅ ကီလို (ရှေ့ယက်) နှင့် ၁၈၀ ကီလို (AWD) အသီးသီး မောင်းနိုင်သည်။အမြန်အားသွင်းစနစ်ဖြင့်ဆိုလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းသို့ရောက်ရန် အားသွင်းချိန် ၁၇ မိနစ် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: GAC Trumpchi S7 PHEV with 2,618 mm long headlight and 1,150 km range started pre-sale at 29,000 USD