Geely ၏ flagship မော်ဒယ်ဖြစ်သော Zeekr 9X Grand SUV ကို တရုတ်ပြည်တွင် တရားဝင် မိတ်ဆက်ပြီ

  • 237 views

Geely Group ၏ brand တစ်ခုဖြစ်သော Zeekr က flagship မော်ဒယ်သစ်ဖြစ်သည့် Zeekr 9X Grand crossover ကို တရုတ်ပြည်တွင် တရားဝင်ချပြ မိတ်ဆက်လာသည်။

အဆိုပါမော်ဒယ်သည် တရုတ်ပြည်ဈေးကွက်သို့ plug-in hybrid (PHEV) အနေဖြင့် ၂၀၂၅ ခုနှစ်၊ တတိယ ၃ လပတ်တွင် စတင်ဝင်ရောက်လာမည် ဖြစ်သည်။

Zeekr က ယခုမော်ဒယ်ကို “ကမ္ဘာ့အဆင့် ultra-luxury flagship SUV” ဟု ညွှန်းဆိုထားသည်။ Zeekr 9X Grand ကို ယခင်က ၎င်း၏ codename ဖြစ်သော EX1E ဟု သိထားကြသည်။တရုတ်ပြည်တွင်း ဈေးကွက်သို့ ၂၀၂၅ ခုနှစ် တတိယ ၃ လပတ်တွင် မိမိတို့၏ flagship မော်ဒယ်သစ်တစ်ခု တရားဝင် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း Zeekr က ပြီးခဲ့သော ဖေဖော်ဝါရိလအတွင်း ကြေညာခဲ့သည်။

Zeekr Super Hybrid စနစ်ဖြင့် ထုတ်လုပ်မည့် Zeekr 9X Grand SUV ကို မတ်လ ၁၀ ရက်တွင် တရားဝင် မိတ်ဆက်လာခြင်း ဖြစ်သည်။

((Zeekr 9X Grand SUV နှင့် ပတ်သက်သမျှ))

Zeekr က flagship SUV ၏ အမည်မှာ Zeekr 9X Grand ဖြစ်ကြောင်း တရားဝင် အတည်ပြုသည်။

Zeekr 9X Grand ၏ ဓာတ်ပုံများကိုလည်း တရားဝင်ချပြလာသည်။ကားနောက်ပိုင်း ဝဲဘက်တွင် ဆီထည့်ပေါက်ရှိပြီး ရှေ့ grille မှာ Zeekr 009 minivan နှင့် ဆင်သည်။

Zeekr က Zeekr 9X Grand ၏ ဗွီဒီယိုဖိုင်တစ်ခုလည်း တရားဝင်ထုတ်ပြန်လာသည်။အဆိုပါ ဗွီဒီယို short clip တွင် Zeekr 9X Grand မှာ နှင်းထုဖုံးသော လမ်းပေါ်တွင် မောင်းနှင်နေပုံ တွေရသည်။စတီယာရင်ကိုလည်း လျှပ်တစ်ပြက် အကဲခတ်ခွင့်ရခဲ့ရာ အခြားသော Zeekr မော်ဒယ်များနှင့် တူညီသည်ကို တွေရသည်။

Zeekr 9X Grand ၏ Specs များကိုမူ မသိရသေးချေ။သို့သော် အလျား ၅ ဒသမ ၂ မီတာခန့် ရှိဖွယ်ရှိသော အလုံးအထည်ကြီးသည့် ကားတစ်စင်းဖြစ်သည်ဟု ခန့်မှန်းရသည်။

Flagship အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ရာ ဈေးနှုန်းမှာ တရုတ်ပြည်တွင်း ဈေးကွက်တွင် ယွမ် ၁ သန်းကျော် (ကန်ဒေါ်လာ ၁၄၀၀၀၀) ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Zeekr 9X Grand flagship SUV from Geely Group officially revealed in China