- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely ထုတ် Boyue series မှာ ၂ မိနစ်လျှင် ကားတစ်စင်းနှုန်း ရောင်းချရလျက်ရှိ
Geely ထုတ် Boyue series မှာ ၂ မိနစ်လျှင် ကားတစ်စင်းနှုန်း ရောင်းချရလျက်ရှိ
- 256 views
Geely ၏ Boyue series မှာ တစ်ကမ္ဘာလုံးတွင် ရောင်းအား တစ်စထက်တစ်စ မြင့်တက်လာနေပြီး အစင်းရေ ၂ သန်းအထိ ရောင်းချထားရပြီး ဖြစ်သည်။
ထိုပမာဏမှာ ၂ ဒသမ ၃ မိနစ်လျှင် တစ်စင်းနှုန်း ရောင်းချရမှုနှင့် ညီမျှကြောင်း Geely က ထုတ်ပြန်သည်။ တရုတ်ပြည်တွင်းဈေးကွက် Boyue series တွင် Geely Boyue နှင့် Boyue L မော်ဒယ်များ ရရှိနိုင်သည်။အဆိုပါ မော်ဒယ် ၂ မျိုးလုံးတွင် Trim ၄ မျိုးရနိုင်သည်။
Geely Boyue မှာ ဈေးတန်း ယွမ် ၉၂၈၀၀ မှ ၁၁၈၈၀၀ ကြား (ကန်ဒေါ်လာ ၁၂၈၀၀ မှ ၁၆၄၀၀ ကြား) ရှိသည်။
Boyue L ၏ ဈေးတန်းမှာ ယွမ် ၁၁၅၇၀၀ မှ ၁၄၉၇၀၀ ကြား (ကန်ဒေါ်လာ ၁၆၀၀၀ မှ ၂၀၇၀၀ ကြား) ရှိသည်။
(▲ အစင်းရေ ၂၀၀၀၀၀၀ မြောက် Geely Boyue ကို ထုတ်လုပ်ခဲ့သည့် အခမ်းအနား)
ဖေဖော်ဝါရီ ၂၇ ရက်တွင် Geely ၏ ထုတ်လုပ်ရေးလိုင်းမှ အစင်းရေ ၂၀၀၀၀၀၀ မြောက် Geely Boyue ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။
(▲ Geely Boyue ကားမော်ဒယ်)
(▲ Geely Boyue ကားမော်ဒယ်)
လက်ရှိအချိန်အထိ အချက်အလက်များအရ အဆိုပါ series ကို ကမ္ဘာ့နိုင်ငံပေါင်း ၆၀ တွင် ရောင်းချပေးနေသည်။ ကော့စတာရီကာ၊ မော်လ်ဒိုဗာ၊ ပနားမား၊ ပီရူး၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့တွင် အရောင်းရဆုံး တရုတ်ပြည်ထုတ်ကားများ၌ ယခု Series လည်း ပါဝင်သည်။ ပြန်ပြောင်းကြည့်ရှုမည်ဆိုလျှင် အဆိုပါ series ကို စတင်မိတ်ဆက်ပြီး ပထမ ၄ လတာအတွင်း တစ်လလျှင် အစင်းရေ ၁၀၀၀၀ ကျော် ရောင်းချခဲ့ရသည်။ယင်းနောက် ၅၂ လအကြာတွင် အစင်းရေ ၁ သန်း၊ ၁၀၇ လအကြာတွင် အစင်းရေ ၂ သန်း ရောင်းချခဲ့ရခြင်း ဖြစ်သည်။၂၀၂၅ ခုနှစ်၊ ပထမ ၂ လတာအတွင်း အစင်းရေ ၄၀၅၄၂ စင်း ရောင်းချခဲ့ရသည်။
(▲ Geely Boyue L ကားမော်ဒယ်)
(▲ Geely Boyue L ကားမော်ဒယ်)
မော်ဒယ် ၂ မျိုးလုံးမှာ ဒီဇိုင်းတူသည်။သို့သော် Dimension မှာ မတူ။Geely Boyue ၏ Dimension မှာ 4510/ 1865/ 1650 mm နှင့် Wheelbase မှာ 2701mm ဖြစ်သည်။Boyue L ၏ Dimension မှာ 4670/ 1900/ 1705 mm နှင့် Wheelbase မှာ 2777 mm ဖြစ်သည်။Series တစ်ခုလုံးတွင် 1.5T turbocharged အင်ဂျင်နှင့် 7-speed DCT တို့ သုံးထားသည်။အမြင့်ဆုံးအထွက်အား 133 KW (178 hp) ရှိပြီး ရုန်းအား 290 Nm ရှိသည်။ Boyue L တွင် 2.0T အင်ဂျင် ရွေးချယ်စရာရှိပြီး အမြင့်ဆုံးအထွက်အား 160KW (215 hp) နှင့် ရုန်းအား 325 Nm ရှိသည်။
Economy, comfort, sports နှင့် smart ဟူ၍ driving mode ၄ မျိုး support ပေးထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely Boyue series sold one car every 2.3 minutes, company says