Volkswagen က အတွင်းအပြင် အနည်းငယ်ဆန်းသစ်ထားသော 2025 ID.3 မော်ဒယ်သစ်ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် စတင်ရောင်းချ

  • 280 views

Volkswagen သည် ၂၀၂၅ မော်ဒယ် ID.3 ကို တရုတ်ပြည်တွင် စတင်ရောင်းချပေးလာသည်။

လီသီယမ် အိုင်းယွန်း ဖော့စ်ဖိတ် (LFP) ဘက်ထရီအသုံးပြုထားပြီး ကားအတွင်းပိုင်း၊ အပြင်ပိုင်း အနည်းငယ် ပြောင်းလဲမှုများ လုပ်ထားသည်။

ဈေးတန်းမှာ ယွမ် ၁၁၉၉၀၀ မှ ၁၃၆၉၀၀ ကြား (ကန်ဒေါ်လာ ၁၆၅၀၀ မှ ၁၆၈၀၀ ကြား) ဖြစ်သည်။ Volkswagen ၏ ယခင် ID.3 တို့မှာ နီကယ်၊ ကိုဘော့၊ မန်ဂနိစ် ၃ မျိုးစပ် ဘက်ထရီ (NMC ternary) ကိုသာ သုံးသည်။သို့သော် ယခုမော်ဒယ်တွင်မူ LFP ကို အသုံးပြုလာသည်။ Volkswagen အနေဖြင့် LFP သုံးကား ပထမဆုံး ထုတ်လုပ်လာခြင်းလည်း ဖြစ်သည်။

LFP ဘက်ထရီမှာ CATL မှာ ထုတ်လုပ်သောဘက်ထရီဖြစ်သည်။ 53.6 kWh အားရှိပြီး အားအပြည့် သွင်းထားလျှင် ၄၅၁ ကီလိုမောင်းနိုင်သည်။အားသွင်းချိန်မှာ မြန်ဆန်ပြီး ၃၀-၈၀ ရာခိုင်နှုန်းကို ၄၈ မိနစ် ဖြစ်သည်။မော်တာမှာ ယခင်မော်ဒယ်အတိုင်းဖြစ်ပြီး ၁၂၅ KW မော်တာဖြစ်ကာ ရုန်းအား 310 Nm ရှိပြီး နောက်ဝင်ရိုးတွင် ထားရှိသည်။ဘက်ထရီသုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 13.4 kWh ဖြစ်သည်။

အပြင်ပိုင်း ရုပ်ထွက်မှာ ယခင်မော်ဒယ်အတိုင်း ထပ်တူနီးပါးဖြစ်သည်။ဘီးများမှာလည်း ယခင်ဒီဇိုင်းဖြစ်ပြီး ရွေးစရာ ၁၈ လက်မနှင့် လက်မ ၂၀ ဟု ၂ မျိုး ရှိသည်။အရောင်အနေဖြင့် ယခင်မော်ဒယ်၏ ရှိရင်းစွဲ အရောင်များအပြင် သနပ်ခါးရောင်နှင့် အပြာနုဟူ၍ ၂ မျိုးထပ်တိုးလာသည်။

အတွင်းပိုင်း အပြောင်းအလဲများမှာ စိတ်ဝင်စားစရာပိုကောင်းသည်။Center control screen မှ ယခင်က ၁၀ လက်မဖြစ်ပြီး ယခုအခါ ၁၂ ဒသမ ၉ လက်မရှိလာသည်။LCD instrument panel မှာမူ ယခင်အတိုင်း ၅ ဒသမ ၃ လက်မ ဖြစ်သည်။Central screen မှာ ဘောင်စွန်းပိုမိုသေးငယ်သွားပြီး အောက်ဘက်မှ physical button မပါတော့ချေ။Wireless charging pad နှင့် cupholder ၂ ထည့်ပေးထားပြီး အတွင်းပိုင်းမှာ ခြုံ၍ ပြောရလျှင် premium ပိုဆန်လာသည်။

(▲၂၀၂၄ မော်ဒယ် ID.3 နှင့် ၂၀၂၅ မော်ဒယ် ID.3 တို့၏ အတွင်းခန်း နှိုင်းယှဉ်မှု။)

ID.3 ကို Volkswagen နှင့် SAIC တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး Volkswagen အတွက် တရုတ်ပြည်တွင် အရောင်းရဆုံး EV ဖြစ်သည်။ပြီးခဲ့သော ဇန်နဝါရီလတွင်း ID.3 ၂၆၂၃ စင်းရောင်းချခဲ့ရသည်။၂၀၂၄ ခုနှစ်အတွင်းက တရုတ်ပြည်တွင် ID.3 အစင်းရေ ၉၃၈၁၆ စင်းအထိ ရောင်းချခဲ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: New Volkswagen ID.3 with LFP battery and larger screen launched in China for 16,500 USD