- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် Honda Civic Type R FL5 ကို အဘွားတစ်ဦးက ကျွမ်းကျင်သေသပ်စွာ မောင်းနေပုံ ဗွီဒီယိုဖိုင် TikTok လူမှုကွန်ရက်တွင် နာမည်ကြီးနေ၊ ကားမောင်း ကျွမ်းကျင်တိကျသူတို့သာ မောင်းနိုင်သည့် high-performance မော်ဒယ်ဖြစ်
မလေးရှားတွင် Honda Civic Type R FL5 ကို အဘွားတစ်ဦးက ကျွမ်းကျင်သေသပ်စွာ မောင်းနေပုံ ဗွီဒီယိုဖိုင် TikTok လူမှုကွန်ရက်တွင် နာမည်ကြီးနေ၊ ကားမောင်း ကျွမ်းကျင်တိကျသူတို့သာ မောင်းနိုင်သည့် high-performance မော်ဒယ်ဖြစ်
- 310 views
ကားမောင်းရာတွင် နှေးတုံ့တုံ့ ချီတုံချတုံ မဝံ့မရဲ မောင်းသူတို့ကို “မင်းကလည်း ကားမောင်းနေတာ အဘွားကြီးတစ်ယောက်အတိုင်းပဲ” ဟု ပြောဆိုကြသည့် ပြောစမှတ်တစ်ခုရှိသည်။
မလေးရှားတွင်မူ အဘွားတစ်ဦးသည် high-performance ကားတစ်စင်းကို သက်သောင့်သက်သာ ယုံကြည်မှု အပြည့်ဖြင့် ကိုင်တွယ် မောင်းနှင်ခဲ့ပုံမှာ အထက်ပါစကားနှင့် သွေဖည်နေသည်။ထိုအဘွားမောင်းသော ကားအမျိုးအစားမှာ Honda Civic Type R FL5 ဖြစ်ပြီး high-performance ကားတစ်စင်း ဖြစ်သည်။ အဘွားကားမောင်းနေပုံကို သူ၏ မြေးဖြစ်သူက ဗွီဒီယိုရိုက်ကူးကာ TikTok လူမှုကွန်ရက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။
TikTok တွင် @anas_mikael ဟူသော အကောင့်ဖြင့် တင်ခဲ့ခြင်းဖြစ်ပြီး ဗွီဒီယို၏ ကြာချိန်မှာ တစ်မိနစ် ဖြစ်သည်။ထိုဗွီဒီယိုကို ကြည့်ရသော လူမှုကွန်ရက်သုံးစွဲသူတို့က အဘွား၏ ကားမောင်းညက်ခြင်းကို ချီးကျူးကြသည်။ဗွီဒီယိုထဲတွင် မြေးဖြစ်သူက caption ရေးသားထားသည်မှာ “ထိုင်ခုံက တကယ့်ကို သက်သောင့်သက်သာ ရှိတယ်လို့ အဘွားကပြောတယ်။” ဟု ဖြစ်သည်။
Honda Civic Type R FL5 သည် high-performance hatchback ဖြစ်ပြီး turbocharged အင်ဂျင် သုံးထားသည်။6-speed manual ဂီယာဘောက်ဖြစ်သောကြောင့် ဤကားကိုမောင်းရန် ကျွမ်းကျင်မှုနှင့် တိကျမှုတို့ လိုအပ်သည်။
ထိုဗွီဒီယိုကို လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၁ ဒသမ ၄ သန်းရှိနေပြီး မလေးရှားနိုင်ငံသား များက အံ့သြတကြီး မှတ်ချက်ပြုထားသည်မှာ comment ၂၀၀၀ ကျော် ရှိနေသည်။Sporty ဆန်သော manual ကားကို အသာလေး သက်သောင့်သက်သာ ကိုင်တွယ် မောင်းနှင်နေပုံကို လူမှုကွန်ရက်သုံးစွဲသူများ အထင်ကြီးသဘောကျခဲ့ကြသည်။
“Wow..အန်တီကြီးက manual Civic FL5 ကို မောင်းနေတာပါလား” ဟု @user6850513660583 အကောင့်က မှတ်ချက်ပြုသည်။
အခြားတစ်ဦးဖြစ်သော @Anak Asi က မှတ်ချက်ပြုသည်မှာ “အိုးနိုး- တကယ်ပဲ ရှက်မိပါတယ်။ ကိုယ်လည်း manual ကားနဲ့ လိုင်စင်ဖြေခဲ့ရတာပါ။ ဒါပေမယ့် auto ပဲ ဝယ်စီးခဲ့တာ” ဟု ဆိုသည်။
“အခုဆိုရင် manual ကားကို ဘယ်လိုမောင်းရမယ်ဆိုတာတောင် မေ့သွားပြီ။ လေးစားပါတယ် အန်တီ” ဟု ဖော်ပြထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: M’sian grandmother impresses netizens with her smooth handling of a Honda Civic Type R FL5